Celebrity


Written by Ms Cele






Source – Khine Hnin Wai
Rainbow- Cele Gabar

ဖခင်အဆုံး စီရင်သွားတဲ့ သားလေး မိသားစု စားဝတ်နေရေး ရပ်တည်နိုင် ဖို့ အရင်းအနှီး ထုတ်ပေး ခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ အဖေဖြစ်သူကို ဆုံးရှုံးသွားတဲ့ သားလေးအတွက် နို့မှုန့်တစ်နှစ်စာ လှူဒါန်းပေး ခဲ့သလို ဒီနေ့မှာလည်း သားလေးနဲ ့မိခင်ဖြစ်သူရဲ့ ဘဝရပ်တည်နိုင်ရေး အတွက် စဉ်းစားပြီး ထပ်မံလှူဒါန်းပေးခဲ့ပြန်ပါတယ်။ သားလေးရဲ့ဖခင်ကတော့ နို့မှုန့်ဖိုး မတတ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာဖြစ်ပြီး သားလေးနဲ့မိခင်ဖြစ်သူသာ ကျန်ခဲ့တာမို့ သူတို့သားအမိရဲ့ စားဝတ်နေရေးရပ်တည်မှုအတွက် စဉ်းစားပေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ အရင်းနှီး အဖြစ် အလှူငွေ (၅)သိန်းနဲ့သားလေးအတွက် ကလေးအသုံးဆောင်ပစ္စည်းများ အား ခိုင်နှင်းဝေက မ, တည် လှူဒါန်းပေးခဲ့ပြီး ကူညီလှူဒါန်းပေးကြသူများကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ ဈေးဆိုင်လေး ဖြစ်သွားသည် အထိ ကူညီ ပေးသွားရန် ဆုံးဖြတ်ထားကြောင်းလည်း သူတွေးထားတာလေးကို ပရိသတ်ကြီးကို မျှဝေခဲ့ပါတယ်။

ကလေး အမေကတော့ ခိုင်နှင်းဝေရဲ့လူသား ဆန်စွာ ထပ်မံကူညီပေးခဲ့တဲ့အလှူအတွက် တားနေတဲ့ ကြားက ထိုင်ကန်တော့ခဲ့ တာကြောင့်လည်း ခိုင်နှင်းဝေကတော့ စိတ်မကောင်း ဖြစ်ခဲ့ရသလို ရှေ့လျှောက်လည်း အခုလို အားနည်းသူတိုင်းကို တတ်နိုင်သလောက် ဖေးမ ကူညီသွားဖို့ အားတင်း ထားကြောင်းလည်း မျှဝေခဲ့ပါတယ်ပ ရိသတ်ကြီးရေ… ဘဝမှာ အခက်ခဲဆုံး အခြေအနေကို ရင်ဆိုင်နေရတဲ့သားအမိနှစ်ယောက် ရဲ့ဘဝရှေ့ရေးအတွက် စဉ်းစားလှူဒါန်းပေး ခဲ့တဲ့ခိုင်နှင်းဝေ ရဲ့အလှူ အတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

https://www.facebook.com/thanakhafestival/

Source – Khine Hnin Wai
Rainbow- Cele Gabar

About the author

Ms Cele

Leave a Comment