Celebrity


Written by Ms Cele





Credit:CELELUCKY

ဖခင်အရင်းမှ သမီးဖြစ်သူအား ကောက်ရတယ်ဆိုကာ ဂေဟာသို့လာပို့ခဲ့တဲ့ ဖြစ်စဉ်နောက်ကွယ်က အကြောင်းအရာတွေကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ စွန့်ပစ်ခံထားရတဲ့ ကလေးတွေကို ခေါ်ယူမွေးစွားပြီး လိုလေသေး မရှိအောင် စောင့်ရှောက်ပေးနေသူပါနော်။ သူမဆီရောက်လာတဲ့ ကလေးတွေ ကလည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် ရောက်ရှိ လာတာပါနော်။ မနေ့ကမှ ရောက်ရှိလာတဲ့ ကလေးတစ်ဦး ကတော့ ထူးခြားလှပါတယ်နော်။ဖခင်ကိုယ်တိုင် သမီးကို ကောက်ခံလို့ဆိုကာ ခိုင်နှင်းဝေဂေဟာသို့ ပို့ခဲ့တာပါနော်။

ခိုင်နှင်းဝေကတော့ စဲုစမ်းစရာ ရှိတာတွေ စုံစမ်းနေပြီး ဒီနေ့မှာတော့ ကလေးရဲ့ မိခင်ကိုယ်တိုင် အကြောင်းရင်းမှန်ကို ဂေဟာကို လာရောက်ပြောပြသွားခဲ့ ပါတယ်နော်။ ” ဒီ သမီးလေး အမေ အရင်း လိုက်လာပါတယ်ရှင်..အဖေ အရင်းက ကောက်ရတယ်ဆိုပြီး လာအပ်ပေမဲ့ အမေက မသိပဲ ကျမတို့ဂေဟာ ရောက်နေတယ်ဆိုတာ သိလို့ငိုယိုပြီး လိုက်လာတာဖြစ်ပါတယ်…ပထမ အိမ်ထောင် နဲ့ ဒုတိယ အိမ်ထောင် ဇယား အရှုပ်ကြားထဲ သမီးမိန်းကလေးကို ယခုလို နောက် တစ်ကြိမ် မစွန့်ပစ်အောင် (ပုံတွေ မတင်ချင်ပေမဲ့) အနဲငယ် အသိပေးခြင်းဖြစ်ပါတယ်..

မနေ့က ကလေးကို မသမာသူတွေ လက်ထဲ ရောက်မှာ ဆိုးလို့ လက်ခံထားပြီး မသင်္ကာလို့ စုံစမ်းမှုတွေ လုပ်ရင်း အဖြစ်မှန် ပေါ်လာတဲ့ အတွက် မိခင် အရင်း လက်ထဲကို ပြန် ထဲ့ပေးလိုက် ပါတယ်ရှင်..မိခင်ကောင်း ပီသတဲ့ အမျိုးသမီးကတော့ သူ့ကလေး ပြန်ရလို့ ပျော်နေရှာပါတယ်..ကလေးကို တွေ့တွေ့ချင်း ကျမ သမီးလေးကို နို့တိုက်ပါရစေလို့ ခွင့်တောင်းပြီး ငိုနေရှာပါတယ်.အိမ်ထောင်ရေး ကိစ္စတွေ ကျမတို့နဲ့ မဆိုင်လို့ မပြောတော့ပဲ မိခင်တယောက်ကိုကိုယ်ချင်းစာလို့ သမီးလေးကို မိခင်လက်ထဲ ပြန်အပ်ပေးခဲ့ပါတယ်ရှင်…(မျက်နှာတွေ မအုပ်ပဲ တင်ရခြင်းမှာနောက်နောင် မလုပ်ရဲအောင် ကလေးအတွက် စဉ်းစားပြီး တင်ရခြင်း ဖြစ်ပါတယ်…အမှု အခင်းထိ ဖြစ်အောင် မလုပ်တော့ပဲ အနီးကပ် စောင့်ကြည့်နေမည် ဖြစ်ကြောင်း ပြောပြီး လက်မှတ်များ ၊သက်သေများ ယူထားလိုက်ပါတယ်ရှင်)…” လို့ ရေးသားထားပြီး ဖခင်မပီသတဲ့ လူရဲ့ပုံကိုပါ တစ်ပါတည်းဖော်ပြလိုက်ပါတယ် ပရိသတ်ကြီးရေ…

Credit:CELELUCKY

About the author

Ms Cele

Leave a Comment