Celebrity


Written by Ms Cele





Credit:CELELUCKY

ဖခင်ဖြစ်သူက ချော့မြူနေတာကို ကြည့်ပြီး ချစ်စရာကောင်းစွာရယ်မောနေတဲ့ သမီးငယ်လေးရဲ့ဗီဒီယိုကို ပြသလာတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းရဲ့ ဒုတိယသမီး ရတနာလေးကို မွေးဖွားခဲ့တာ နှစ်လပြည့်မြောက် ခဲ့ပါပြီနော်။သမီးလေး ရဲ့ လတ်တလော ကျန်းမာရေးအခြေအနေကြောင့် မီလန်မှာရှိတဲ့ မြန်မာနိုင်ငံ အတွက် ဆုတောင်းပွဲကိုလည်း မသွားနိုင် တာကြောင့် ဝမ်းနည်းနေတာပါနော်။ သမီးလေးရဲ့ အပြုအမူတိုင်း ကိုလည်း လင်မယားနှစ်ယောက်လုံးကြည့်ပြီး ချစ်နေရ တာပါနော်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေ မငြိမ်သက်သေး တာကြောင့် ပြန်လာလို့ မရသေးပါဘူးနော်။ ပြည်ပကနေပြီးတော့လိုအပ်တဲ့ အလှူငွေများ ကိုတော့ ဆိုရှယ်မီဒီယာမှ တစ်ဆင့် ကောက်ခံပေးနေတာ ဖြစ်ပါတယ်နော်။ ဒီလို ကိုယ်တတ်နိုင်သလောက်လုပ်ပေးနေတာကိုပဲ ကျေးဇူးတင်စရာကောင်းနေပါပြီနော်။အခုလည်း သမီးဖြစ်သူရဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာပြန်ပါပြီနော်။

” သမီးလေးနှစ်လပြည့်ပီ ရာသီဉတုအေးလို့ သူ့ခမျာ၂ပတ်ကျော်လောက်နှာစေးနှာပိတ် နေတာနို့စို့ရင်းငိုလိုက် နှာခေါင်းလေးပွတ် လိုက်ကလေးဆိုတော့ မညစ်ထုတ်တတ်ရှာဘူးမနက်နဲ့ည ကိုယ်လဲမအိပ်ရနှာခေါင်းထဲရေဖျန်းစက်နဲ့ ပိတ်နေတဲ့ နှာချေးတွေက်ုစုပ်ထုတ်ရတိုင်းမျက်ရည်ဝဲမိတယ်သမီးလေးကငို ကိုယ်လည်း ဆရာဝန်ခိုင်းတဲ့အတိုင်းလုပ်ရတာသောက်ဆေးကကလေးတွေအတွက် မပေးတော့ နေ့ည ကိုယ်လဲမအိပ်ရဒီနေ့ သမီးလေး ၂လပြည့်ပီနေထွက်လာလို့ ရာသီဥတုလေးကောင်းလာတော့နှာခေါင်းလေးပွင့်လာပုံရတယ်သူ့အဖေနဲ့ဆော့ စကားပြောချင်နေပုံရတယ်သမီးလေးကျန်းမာရေးကြောင့် မီလန်မှာရှိတဲ့ မြန်မာနိုင်ငံအတွက်ဆုတောင်းပွဲလည်း မသွားနိုင်ခဲ့ဘူးတောင်းပန်ပါတယ် အရမ်းလာချင်နေခဲ့တာလူအုပ်နဲ့ Covid ကြောင့်ရယ်သမီးလေးနှာစေးနေတာရယ် ကိုယ်နေတာ မီလန်နဲ့အလှမ်းဝေးတာကြောင့်လာဖို့သွားဖို့မလွယ်လို့ပါမနေ့က ဆုတောင်းပွဲပါဝင်ကြတဲ့မြန်မာ တွေအားလုံး ဆရာတော် ဘုရားများအားလုံးအတွက် ဂုဏ်ယူပါတယ်ကျေးဇူးလည်းတင်ပါတယ်ကျွန်မတို့ နိုင်မှာအရေးတော်ပုံအောင်ရမည် ” လို့ ရေးသား ထားတာ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Credit:CELELUCKY

About the author

Ms Cele

Leave a Comment