Local News

ဖခင္ျဖစ္သူ ကို ျပဳစု ေစာင့္ေရွာက္ ခ်င္တာ ေၾကာင့္ Q စင္တာ မွာ အခ်ိန္ေတာ္ တန္ၾကာ ေနထိုင္ ခဲ့ သူ

Written by Ms Cele

ဖခင္ျဖစ္သူ ကို ျပဳစု ေစာင့္ေရွာက္ ခ်င္တာ ေၾကာင့္ Q စင္တာ မွာ အခ်ိန္ေတာ္ တန္ၾကာ ေနထိုင္ ခဲ့ သူ

ကိုေနလင္းထိုက္ အသက္၄၁ ႏွစ္ဟာ ရန္ကုန္ၿမိဳ႕နဲ႔ မိုင္၂၀ ‌ေက်ာ္ေလာက္ ေဝးတဲ့ ေဖာင္ႀကီးကိုဗစ္ ကုသ ေရးစင္တာ မွာ စက္တင္ဘာလ ၂၂ ရက္ေန႔က စၿပီး ေရာက္ရွိ လာခဲ့ၿပီး၁၄ ရက္ၾကာေနထိုင္ခဲ့သူျဖစ္ပါတယ္။သူ႔ဟာ ကိုဗစ္ေရာဂါ ကူးစက္ခံရသူတစ္ဦးမဟုတ္ေပမဲ့ ‌ေရာဂါကူးစက္ခံထားရတဲ့ အသက္ရ၅ ႏွစ္အရြယ္ အေဖကိုေစာင့္ေရွာက္ဖို႔ ခြင့္ေတာင္းၿပီး ေဖာင္ႀကီးကိုလိုက္လာခဲ့သူပါ။ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၄ ရက္ေန႔မွာ သူ႔အေဖက ေဆး႐ုံက ဆင္းခြင့္ရေပမဲ့ သူကအေဖနဲ႔အတူမျပန္ရဘဲ က်န္ခဲ့ပါတယ္။ဖခင္ျဖစ္သူနဲ႔ ေဖာင္ႀကီးမွာ အတူေတြ႕ရတဲ့ ကိုေနလင္းထိုက္လူနာေဆာင္ထဲမွာေနၿပီး သူ႔အေဖကို အနီးကပ္ျပဳစုခဲ့တဲ့ သူကိုေတာ့ ေရာဂါရွိသူနဲ႔ အနီးကပ္ေနခဲ့သူျဖစ္လို႔ လွည္းကူးမွာ ကြာရန္တင္းဝင္ၿပီး ေရာဂါပိုး ရွိမရွိ ထပ္စစ္ရမယ္လို႔ က်န္းမာေရးဌာန က တာဝန္ရွိသူေတြက ညႊန္ၾကားခဲ့လို႔ျဖစ္ပါတယ္။ေအာက္တိုဘာ ၁၁ ရက္ေန႔မွာေတာ့

သူရဲ့တို႔ဖတ္နမူနာ အေျဖရခဲ့ၿပီး ေရာဂါပိုး မရွိဘူး ဆိုတာ သိရၿပီး အိမ္ျပန္ခြင့္ ရၿပီျဖစ္တယ္လို႔ ကိုေနလင္းထိုက္ ကဘီဘီစီကို ေျပာပါတယ္။ေတာင္ဒဂုံမွာ aနတဲ့ ကိုေနလင္းထိုက္အေဖဟာ အသက္ရ၅ ႏွစ္အရြယ္ျဖစ္ၿပီး ၿပီးခဲ့တဲ့စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ေမာၿပီး လမ္းမေလၽွာက္နိုင္ေတာ့လို႔ သဃၤန္းကၽြန္းစံျပေဆး႐ုံႀကီးကို ကိုေနလင္းထိုက္နဲ႔ အတူ ေရာက္လာခဲ့တာ ျဖစ္ပါတယ္။‌သဃၤန္းကၽြန္းစံျပေဆး႐ုံႀကီးမွာ ကိုဗစ္ သံသယလူနာ အျဖစ္နဲ႔ သူတို႔ သားအဖ ၃ ရက္ေလာက္ ၾကာခဲ့ပါတယ္။ စက္တင္ဘာ၂၂ ရက္ေန႔ညမွာေတာ့ သူ႔အေဖမွာ ကိုဗစ္ေရာဂါ ကူးစက္ခံေနရၿပီး ေဖာင္ႀကီးကုသေရးစင္တာ ကိုပို႔ရမယ္လို႔ က်န္းမာေရးဝန္ထမ္းေတြ ေျပာလာတဲ့ အခ်ိန္မွာ သူဟာ ေဖာင္ႀကီးကို လိုက္ဖို႔ ခြင့္ေတာင္းခဲ့တယ္လို႔ သူကေျပာပါတယ္။ေဖာင္ႀကီးကုသ‌ေရးစင္တာ“အေဖက ဒူးနာေနေတာ့ လမ္းေကာင္းေကာင္းမေလၽွာက္နိုင္တာ ၁၇ ႏွစ္ရွိၿပီ ၊

သူက လူတစ္ေယာက္ အကူညီလို တယ္ေလ၊ ဒါေၾကာင့္ သူကို ေပါ့စတစ္လို႔ လာေျပာၿပီး ေဖာင္ႀကီးကိုသြားရမယ္ ဆိုတဲ့ အခ်ိန္မွာ ကၽႊန္ေတာ္က ေဆး႐ုံအုပ္ႀကီးကို ကၽႊန္ေတာ္လိုက္မွ ျဖစ္မွာပါလို႔ ေတာင္းပန္ၿပီးလိုက္ခဲ့တာပါ၊ေဆး႐ုံ အုပ္ႀကီးကလည္း အဲဒီလိုလိုက္ေနရင္ ကူးစက္မႈျဖစ္လာနိုင္တာေတြရွင္းျပၿပီး သူက ခြင့္ျပဳေပးတာနဲ႔ လိုက္ခဲ့တာပါလို႔” သူကရွင္းျပပါတယ္။“သဃၤန္းကၽြန္း စံျပေဆး႐ုံႀကီးမွာ အေဖ့ေနာက္ကို ကၽြန္ေတာ္လိုက္မယ္ဆိုေတာ့ ႏွာေခါင္းတို႔ဖတ္ အာေခါင္တို႔ဖတ္ေတြကို စက္တင္ဘာလ ၂၂ ရက္ေန႔က ယူလိုက္တယ္၊အဲ့ဒီအခ်ိန္က အေဖကို တစ္ေယာက္တည္းထားခဲ့ရမွာစိုးတာနဲ႔ ကိုဗစ္‌ေရာဂါ ကူးပါေစလို႔ ဆုေတာင္းခဲ့မိတယ္“လို႔ သူကေျပာပါတယ္။ရန္ကုန္ ပဲခူး ကားလမ္းမႀကီးေဘးက ေဖာင္ႀကီး ကုသေရးစင္တာ ပိေတာက္ေဆာင္ကိုေတာ့ သူတို႔သားအဖဟာ စက္တင္ဘာလ ၂၂ ရက္ေန႔ ညဘက္မွာ ေရာက္လာခဲ့တာျဖစ္ပါတယ္။

ေဖာင္ႀကီး ကုသေရးစင္တာ ဟာၿပီးခဲ့တဲ့ ဧၿပီလတြင္းက စတင္ ဖြင့္လွစ္ခဲ့ၿပီး လူနာ တစ္ေထာင္ေက်ာ္ ကုသနိုင္ တဲ့ ရန္ကုန္ၿမိဳ႕က အႀကီးဆုံး ကိုဗစ္ ကုသေရးစင္ တာ တစ္ခု ျဖစ္ပါတယ္။ကိုဗစ္ ကုသေရးစင္တာက က်န္းမာေရးဝန္ထမ္း မ်ားကိုေနလင္းထိုက္ေနတဲ့ ေဖာင္ႀကီးကုသ‌ေရးစင္တာ ပိေတာက္ေဆာင္ အမွတ္ ၁ မွာ ကိုဗစ္လူနာ ၁၉ ဦးခန႔္နဲ႔ တစ္ ခုတင္စီ ေနခဲ့ရတယ္လို႔လည္း သူကေျပာပါတယ္။“ကၽြန္ေတာ္ေနတဲ့ တစ္ေဆာင္လုံးက ေပါ့စတစ္ေ တြခ်ည္းပါပဲ ၊အေဖကို ျပဳစုဖို႔လိုက္လာတာဆိုေတာ့ အေဖ့ ခုတင္ေဘးမွာ ပဲေနရတယ္၊ သီးသန႔္ေနလို႔ေတာ့ ဘယ္ရမလဲ၊ ကၽြန္ေတာ္ ခုတင္တစ္လုံး ယူၿပီး အဲဒီမွာ ေနတယ္ ၊အဲဒီမွာ စားတယ္၊ အေဖ့ကို ျပဳစုတယ္လို႔ ပီပီအီးေတြဘာေတြလည္း မဝတ္ရပါဘူးလို႔” ကိုေနလင္းထိုက္က ေျပာျပပါတယ္။ကိုေနလင္းထိုက္ဟာ အရင္က ကားဝယ္ေရာင္းအလုပ္ကိုလုပ္ၿပီးေတာ့ ခရီးေဆာင္ အိတ္ေတြ ေရာင္းတဲ့ လုပ္ငန္း လုပ္ကိုင္ရင္း ေတာင္ဒဂုံၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္ပါတယ္။“ေဖာင္ႀကီးမွာေနတုန္း အေဖက နည္းနည္းတုန္တုန္ခ်ည့္ခ်ည့္ျဖစ္တယ္၊

သူ႔ကို ထမင္း‌ေကၽြးရတယ္၊ ေရပတ္ တိုက္ေပးရတယ္ ၊ကိုယ္ပူရင္ ေဆးတိုက္ ရတယ္၊ ဒိုင္ဗာေတြ လဲေပးရတယ္၊ သူက ထိုင္‌ေနရင္းေတာင္ ေနာက္ျပန္လဲ တက္လို႔ အေတာ့္ကို သတိထားရတယ္ ေရာဂါ ကူးခံရနိုင္ေပမယ့္ ဒီလိုပဲ နီးနီးကပ္ကပ္ျပဳစုခဲ့ရတယ္လို႔ “သူ ကရွင္းျပပါတယ္။ေဖာင္ႀကီး ပိေတာက္ေဆာင္ ၁ မွာေနထိုင္ၿပီး ကိုေနလင္းထိုက္ဟာ အေဖကိုျပဳစုေနစဥ္ အေတာအတြင္း ဖ်ားနာတာ ၊အနံ့ေပ်ာက္တာ၊ ေခ်ာင္းဆိုးတာ၊ ဝမ္းသြားတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း ဆိုပါတယ္။ေဖာင္ႀကီး ကိုဗစ္လူနာေဆာင္ထဲမွာ ကိုဗစ္ေရာဂါသည္ အေဖကို ျပဳစုေနတဲ့ ကိုေနလင္းထိုက္“ကၽြန္ေတာ္ ႏွာေခါင္းစည္းကို အျမဲတမ္း တပ္ထားတယ္၊ ထမင္းစားတာနဲ႔ ‌ေရေသာက္ခ်ိန္က လြဲလို႔ ႏွာေခါင္းစည္းကို အျမဲတမ္းတပ္တပ္တယ္၊ လက္ကို သတိရတိုင္းေဆးတယ္၊ မၾကာမၾကာ ေဆးတယ္လို႔ ေဖာင္ႀကီးမွာေနစဥ္ သူ႔အေတြ႕အၾကဳံကိုေျပာျပပါတယ္။

ေအာက္တိုဘာ ၁ ရက္ေန ႔မွာေတာ့ ကိုေနလင္းထိုက္ အေဖ ဦးေအာင္ျမင့္ ေဆး႐ုံက ဆင္းခြင့္ရဖို႔ ရက္ပိုင္အလို အခ်ိန္မွာေတာ့သူ႔ရဲ့ အာေခါင္တို႔ဖတ္ အေျဖက န‌ေဂးတစ္ ပိုးမေတြ႕ဘူးဆိုၿပီး အေၾကာင္းျပန္တယ္လို႔ သူကေျပာပါတယ္။အေျဖက သူ႔မွာ ပိုးမေတြ႕ေပမဲ့လည္း သူကေတာ့ အိမ္ျပန္လို႔မရေသးဘဲ လွည္းကူး ကြာရန္တင္းစင္တာ ကိုေရာက္လာခဲ့တာျဖစ္ပါတယ္။“အေဖ့ကို ဒီတစ္ခါ အိမ္ျပန္ဖို႔ရာၾကေတာ့ အိမ္မွာ ညီနဲ႔ အမ ရွိေတာ့ သိပ္စိတ္မပူေတာ့ဘူး၊ အဲဒါနဲ႔ ကၽြန္ေတာ္ လွည္းကူး ကြာရန္တင္းစင္တာကို ေအာက္တိုဘာလ ၄ ရက္ေန႔ကေန ၁၁ ရက္ေန႔ အထိတစ္ပတ္ ဆက္ေနခဲ့ရတယ္လို႔ သူကေျပာပါတယ္။ေတာင္ဒဂုံ သူ႔အိမ္ကေန စက္တာဘာလ ၂၀ ရက္ေန႔ကတည္းက ထြက္လာလိုက္တာအခုဆိုရင္ တစ္လနီးပါးရွိခဲ့ၿပီျဖစ္ပါတယ္။

ေဖာင္ႀကီးမွာ ကိုဗစ္လူနာေတြ အျပင္းအထန္ခံစားခဲ့ရသူေတြကို ကိုယ္ေတြ႕ၾကဳံခဲ့တာမို႔ ဒီေရာဂါကို မေပါ့ဆၾကဖို႔ သူကေျပာပါတယ္။ေအာက္တိုဘာ ၄ ရက္ေန႔ ဦးေအာင္ျမင့္ေဆး႐ုံက ဆင္းခဲ့သူ႔အေနနဲ႔ ကေတာ့ ေဖာင္ႀကီးမွာ ကိုဗစ္လူနာေတြနဲ႔ ၁၄ ရက္ေနခဲ့ၿပီး သူကို တို႔ဖတ္နမူနာ ယူတဲ့အခါမွာေတာ့ စိုးရိမ္မႈရွိခဲ့တယ္လို႔ သူကေျပာပါတယ္။ေဖာင္ႀကီးမွာေနခဲ့တာရက္ေပါင္းကလည္း မနည္းဘူး ၊ထိေတြ႕ဆက္ဆံခဲ့တာ ေရာဂါရွိသူေတြကလည္းမနည္းဘူး၊ ခႏၶာကိုယ္ အေနအထားကလည္း သိပ္ၿပီးႀကံ့ခိုင္တဲ့ အထဲမွာ မပါေတာ့ ကူးလိမ့္မယ္လို႔ေတာ့ ကၽြန္ေတာ္ထင္ခဲ့မိပါတယ္လို႔ သူကေျပာပါတယ္။အခုေတာ့ ေဖာင္ႀကီးမွာ ၁၄ ရက္ေနခဲ့ရေပမယ့္လည္ပိုးမေတြ႕ဘူးဆိုတာ အေျဖေအာက္တိုဘာ ၁၁ရက္ေန႔ကသိရလို႔ အိမ္ျပန္ခြင့္ရၿပီျဖစ္ပါတယ္။“တခ်ိဳ႕စကားေျပာတာ တစ္ခါေလာက္ထိတာေလးနဲ႔ ကူးတာဆိုေတာ့ ကၽြန္ေတာ္ေတာ့ ဒီတစ္ခါ အဲ့ဒီေလာက္အထိ ကံေကာင္းလိမ့္မယ္လို႔ထင္မထားဘူးလို႔“ကိုေနလင္းထိုက္ကေျပာပါတယ္။

ဖခင်ဖြစ်သူ ကို ပြုစု စောင့်ရှောက် ချင်တာ ကြောင့် Q စင်တာ မှာ အချိန်တော် တန်ကြာ နေထိုင် ခဲ့ သူ

ကိုနေလင်းထိုက် အသက်၄၁ နှစ်ဟာ ရန်ကုန်မြို့နဲ့ မိုင်၂၀ ‌ကျော်လောက် ဝေးတဲ့ ဖောင်ကြီးကိုဗစ် ကုသ ရေးစင်တာ မှာ စက်တင်ဘာလ ၂၂ ရက်နေ့က စပြီး ရောက်ရှိ လာခဲ့ပြီး၁၄ ရက်ကြာနေထိုင်ခဲ့သူဖြစ်ပါတယ်။သူ့ဟာ ကိုဗစ်ရောဂါ ကူးစက်ခံရသူတစ်ဦးမဟုတ်ပေမဲ့ ‌ရောဂါကူးစက်ခံထားရတဲ့ အသက်ရ၅ နှစ်အရွယ် အဖေကိုစောင့်ရှောက်ဖို့ ခွင့်တောင်းပြီး ဖောင်ကြီးကိုလိုက်လာခဲ့သူပါ။ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့မှာ သူ့အဖေက ဆေးရုံက ဆင်းခွင့်ရပေမဲ့ သူကအဖေနဲ့အတူမပြန်ရဘဲ ကျန်ခဲ့ပါတယ်။ဖခင်ဖြစ်သူနဲ့ ဖောင်ကြီးမှာ အတူတွေ့ရတဲ့ ကိုနေလင်းထိုက်လူနာဆောင်ထဲမှာနေပြီး သူ့အဖေကို အနီးကပ်ပြုစုခဲ့တဲ့ သူကိုတော့ ရောဂါရှိသူနဲ့ အနီးကပ်နေခဲ့သူဖြစ်လို့ လှည်းကူးမှာ ကွာရန်တင်းဝင်ပြီး ရောဂါပိုး ရှိမရှိ ထပ်စစ်ရမယ်လို့ ကျန်းမာရေးဌာန က တာဝန်ရှိသူတွေက ညွှန်ကြားခဲ့လို့ဖြစ်ပါတယ်။အောက်တိုဘာ ၁၁ ရက်နေ့မှာတော့

သူရဲ့တို့ဖတ်နမူနာ အဖြေရခဲ့ပြီး ရောဂါပိုး မရှိဘူး ဆိုတာ သိရပြီး အိမ်ပြန်ခွင့် ရပြီဖြစ်တယ်လို့ ကိုနေလင်းထိုက် ကဘီဘီစီကို ပြောပါတယ်။တောင်ဒဂုံမှာ aနတဲ့ ကိုနေလင်းထိုက်အဖေဟာ အသက်ရ၅ နှစ်အရွယ်ဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလ ၂၀ ရက်နေ့မှာ မောပြီး လမ်းမလျှောက်နိုင်တော့လို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို ကိုနေလင်းထိုက်နဲ့ အတူ ရောက်လာခဲ့တာ ဖြစ်ပါတယ်။‌သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ကိုဗစ် သံသယလူနာ အဖြစ်နဲ့ သူတို့ သားအဖ ၃ ရက်လောက် ကြာခဲ့ပါတယ်။ စက်တင်ဘာ၂၂ ရက်နေ့ညမှာတော့ သူ့အဖေမှာ ကိုဗစ်ရောဂါ ကူးစက်ခံနေရပြီး ဖောင်ကြီးကုသရေးစင်တာ ကိုပို့ရမယ်လို့ ကျန်းမာရေးဝန်ထမ်းတွေ ပြောလာတဲ့ အချိန်မှာ သူဟာ ဖောင်ကြီးကို လိုက်ဖို့ ခွင့်တောင်းခဲ့တယ်လို့ သူကပြောပါတယ်။ဖောင်ကြီးကုသ‌ရေးစင်တာ“အဖေက ဒူးနာနေတော့ လမ်းကောင်းကောင်းမလျှောက်နိုင်တာ ၁၇ နှစ်ရှိပြီ ၊

သူက လူတစ်ယောက် အကူညီလို တယ်လေ၊ ဒါကြောင့် သူကို ပေါ့စတစ်လို့ လာပြောပြီး ဖောင်ကြီးကိုသွားရမယ် ဆိုတဲ့ အချိန်မှာ ကျွှန်တော်က ဆေးရုံအုပ်ကြီးကို ကျွှန်တော်လိုက်မှ ဖြစ်မှာပါလို့ တောင်းပန်ပြီးလိုက်ခဲ့တာပါ၊ဆေးရုံ အုပ်ကြီးကလည်း အဲဒီလိုလိုက်နေရင် ကူးစက်မှုဖြစ်လာနိုင်တာတွေရှင်းပြပြီး သူက ခွင့်ပြုပေးတာနဲ့ လိုက်ခဲ့တာပါလို့” သူကရှင်းပြပါတယ်။“သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှာ အဖေ့နောက်ကို ကျွန်တော်လိုက်မယ်ဆိုတော့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တွေကို စက်တင်ဘာလ ၂၂ ရက်နေ့က ယူလိုက်တယ်၊အဲ့ဒီအချိန်က အဖေကို တစ်ယောက်တည်းထားခဲ့ရမှာစိုးတာနဲ့ ကိုဗစ်‌ရောဂါ ကူးပါစေလို့ ဆုတောင်းခဲ့မိတယ်“လို့ သူကပြောပါတယ်။ရန်ကုန် ပဲခူး ကားလမ်းမကြီးဘေးက ဖောင်ကြီး ကုသရေးစင်တာ ပိတောက်ဆောင်ကိုတော့ သူတို့သားအဖဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညဘက်မှာ ရောက်လာခဲ့တာဖြစ်ပါတယ်။

ဖောင်ကြီး ကုသရေးစင်တာ ဟာပြီးခဲ့တဲ့ ဧပြီလတွင်းက စတင် ဖွင့်လှစ်ခဲ့ပြီး လူနာ တစ်ထောင်ကျော် ကုသနိုင် တဲ့ ရန်ကုန်မြို့က အကြီးဆုံး ကိုဗစ် ကုသရေးစင် တာ တစ်ခု ဖြစ်ပါတယ်။ကိုဗစ် ကုသရေးစင်တာက ကျန်းမာရေးဝန်ထမ်း များကိုနေလင်းထိုက်နေတဲ့ ဖောင်ကြီးကုသ‌ရေးစင်တာ ပိတောက်ဆောင် အမှတ် ၁ မှာ ကိုဗစ်လူနာ ၁၉ ဦးခန့်နဲ့ တစ် ခုတင်စီ နေခဲ့ရတယ်လို့လည်း သူကပြောပါတယ်။“ကျွန်တော်နေတဲ့ တစ်ဆောင်လုံးက ပေါ့စတစ်ေ တွချည်းပါပဲ ၊အဖေကို ပြုစုဖို့လိုက်လာတာဆိုတော့ အဖေ့ ခုတင်ဘေးမှာ ပဲနေရတယ်၊ သီးသန့်နေလို့တော့ ဘယ်ရမလဲ၊ ကျွန်တော် ခုတင်တစ်လုံး ယူပြီး အဲဒီမှာ နေတယ် ၊အဲဒီမှာ စားတယ်၊ အဖေ့ကို ပြုစုတယ်လို့ ပီပီအီးတွေဘာတွေလည်း မဝတ်ရပါဘူးလို့” ကိုနေလင်းထိုက်က ပြောပြပါတယ်။ကိုနေလင်းထိုက်ဟာ အရင်က ကားဝယ်ရောင်းအလုပ်ကိုလုပ်ပြီးတော့ ခရီးဆောင် အိတ်တွေ ရောင်းတဲ့ လုပ်ငန်း လုပ်ကိုင်ရင်း တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။“ဖောင်ကြီးမှာနေတုန်း အဖေက နည်းနည်းတုန်တုန်ချည့်ချည့်ဖြစ်တယ်၊

သူ့ကို ထမင်း‌ကျွေးရတယ်၊ ရေပတ် တိုက်ပေးရတယ် ၊ကိုယ်ပူရင် ဆေးတိုက် ရတယ်၊ ဒိုင်ဗာတွေ လဲပေးရတယ်၊ သူက ထိုင်‌နေရင်းတောင် နောက်ပြန်လဲ တက်လို့ အတော့်ကို သတိထားရတယ် ရောဂါ ကူးခံရနိုင်ပေမယ့် ဒီလိုပဲ နီးနီးကပ်ကပ်ပြုစုခဲ့ရတယ်လို့ “သူ ကရှင်းပြပါတယ်။ဖောင်ကြီး ပိတောက်ဆောင် ၁ မှာနေထိုင်ပြီး ကိုနေလင်းထိုက်ဟာ အဖေကိုပြုစုနေစဉ် အတောအတွင်း ဖျားနာတာ ၊အနံ့ပျောက်တာ၊ ချောင်းဆိုးတာ၊ ဝမ်းသွားတာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ဖောင်ကြီး ကိုဗစ်လူနာဆောင်ထဲမှာ ကိုဗစ်ရောဂါသည် အဖေကို ပြုစုနေတဲ့ ကိုနေလင်းထိုက်“ကျွန်တော် နှာခေါင်းစည်းကို အမြဲတမ်း တပ်ထားတယ်၊ ထမင်းစားတာနဲ့ ‌ရေသောက်ချိန်က လွဲလို့ နှာခေါင်းစည်းကို အမြဲတမ်းတပ်တပ်တယ်၊ လက်ကို သတိရတိုင်းဆေးတယ်၊ မကြာမကြာ ဆေးတယ်လို့ ဖောင်ကြီးမှာနေစဉ် သူ့အတွေ့အကြုံကိုပြောပြပါတယ်။

အောက်တိုဘာ ၁ ရက်နေ ့မှာတော့ ကိုနေလင်းထိုက် အဖေ ဦးအောင်မြင့် ဆေးရုံက ဆင်းခွင့်ရဖို့ ရက်ပိုင်အလို အချိန်မှာတော့သူ့ရဲ့ အာခေါင်တို့ဖတ် အဖြေက န‌ဂေးတစ် ပိုးမတွေ့ဘူးဆိုပြီး အကြောင်းပြန်တယ်လို့ သူကပြောပါတယ်။အဖြေက သူ့မှာ ပိုးမတွေ့ပေမဲ့လည်း သူကတော့ အိမ်ပြန်လို့မရသေးဘဲ လှည်းကူး ကွာရန်တင်းစင်တာ ကိုရောက်လာခဲ့တာဖြစ်ပါတယ်။“အဖေ့ကို ဒီတစ်ခါ အိမ်ပြန်ဖို့ရာကြတော့ အိမ်မှာ ညီနဲ့ အမ ရှိတော့ သိပ်စိတ်မပူတော့ဘူး၊ အဲဒါနဲ့ ကျွန်တော် လှည်းကူး ကွာရန်တင်းစင်တာကို အောက်တိုဘာလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့ အထိတစ်ပတ် ဆက်နေခဲ့ရတယ်လို့ သူကပြောပါတယ်။တောင်ဒဂုံ သူ့အိမ်ကနေ စက်တာဘာလ ၂၀ ရက်နေ့ကတည်းက ထွက်လာလိုက်တာအခုဆိုရင် တစ်လနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။

ဖောင်ကြီးမှာ ကိုဗစ်လူနာတွေ အပြင်းအထန်ခံစားခဲ့ရသူတွေကို ကိုယ်တွေ့ကြုံခဲ့တာမို့ ဒီရောဂါကို မပေါ့ဆကြဖို့ သူကပြောပါတယ်။အောက်တိုဘာ ၄ ရက်နေ့ ဦးအောင်မြင့်ဆေးရုံက ဆင်းခဲ့သူ့အနေနဲ့ ကတော့ ဖောင်ကြီးမှာ ကိုဗစ်လူနာတွေနဲ့ ၁၄ ရက်နေခဲ့ပြီး သူကို တို့ဖတ်နမူနာ ယူတဲ့အခါမှာတော့ စိုးရိမ်မှုရှိခဲ့တယ်လို့ သူကပြောပါတယ်။ဖောင်ကြီးမှာနေခဲ့တာရက်ပေါင်းကလည်း မနည်းဘူး ၊ထိတွေ့ဆက်ဆံခဲ့တာ ရောဂါရှိသူတွေကလည်းမနည်းဘူး၊ ခန္ဓာကိုယ် အနေအထားကလည်း သိပ်ပြီးကြံ့ခိုင်တဲ့ အထဲမှာ မပါတော့ ကူးလိမ့်မယ်လို့တော့ ကျွန်တော်ထင်ခဲ့မိပါတယ်လို့ သူကပြောပါတယ်။အခုတော့ ဖောင်ကြီးမှာ ၁၄ ရက်နေခဲ့ရပေမယ့်လည်ပိုးမတွေ့ဘူးဆိုတာ အဖြေအောက်တိုဘာ ၁၁ရက်နေ့ကသိရလို့ အိမ်ပြန်ခွင့်ရပြီဖြစ်ပါတယ်။“တချို့စကားပြောတာ တစ်ခါလောက်ထိတာလေးနဲ့ ကူးတာဆိုတော့ ကျွန်တော်တော့ ဒီတစ်ခါ အဲ့ဒီလောက်အထိ ကံကောင်းလိမ့်မယ်လို့ထင်မထားဘူးလို့“ကိုနေလင်းထိုက်ကပြောပါတယ်။

About the author

Ms Cele

Leave a Comment