Celebrity

ဖခင္ျဖစ္သူ ဗိုလ္မႉးႀကီး ေဇယ်ေက်ာ္ထင္ ဟန္ရင္နဲ႔အတူ ညီအစ္ကိုေတြ အေၾကာင္းကို သတိရစြာနဲ့ ေျပာျပလာတဲ့ ေအာင္ရင္

Written by Ms Cele

ဖခင္ျဖစ္သူ ဗိုလ္မႉးႀကီး ေဇယ်ေက်ာ္ထင္ ဟန္ရင္နဲ႔အတူ ညီအစ္ကိုေတြ အေၾကာင္းကို သတိရစြာနဲ့ ေျပာျပလာတဲ့ ေအာင္ရင္

ပရိသတ္ႀကီးေရ .. မနက္ျဖန္မွာ က်ေရာက္မယ့္ နိုဝင္ဘာလ (၁၅)ရက္ေန႔ဟာ ေတးသံရွင္ ေအာင္ရင္ရဲ့ ဖခင္ျဖစ္သူ လြတ္ လပ္ေ ရးေမာ္ကြန္းဝင္ ဒုတိယဆင့္ ကိုယ္ပို င္ နံပါတ္ ၾကည္း/ ၆၁၁၁ ဒုဗိုလ္မႉးႀကီး ေဇယ်ေက်ာ္ထင္ ဟန္ရင္ ကြယ္လြန္ ခဲ့တဲ့ (၃၁)ႏွစ္ျပည့္တဲ့ေနရက္ ေလးပဲျဖစ္ပါတယ္ ။ ဖခင္ျဖစ္သူကို လြမ္းဆြတ္ တမ္းတတဲ့ အမွတ္တရအေနနဲ႔ ေအာင္ရင္ က ဖခင္ျဖစ္သူရဲ့ အရည္အခ်င္းေတြနဲ႔ ေအာင္ျမင္မႈေတြ အေၾကာင္းကို ပရိသတ္ေတြကို ေဝမၽွေပး လာခဲ့ပါတယ္ခ ။

ေအာင္ရင္ရဲ့ ဖခင္ဟာ အဂၤလန္ကေန ဗိုလ္သင္တန္းဆင္းခဲ့ၿပီး ျမန္မာ့တပ္မေတာ္ရဲ့ အေျမႇာက္ တပ္ေတြ စဖြဲ႕စည္းတဲ့ အေစာပိုင္း ကာလေတြမွာ အရာရွိငယ္ အျဖစ္ တာဝန္ထမ္းေဆာင္ ခဲ့လို႔ အေျမႇာက္တပ္ေတြကို ဦးဟန္ရင္ တို႔နဲ႔ စတင္ဖြဲ႕စည္းခဲ့ တယ္လို႔ သိရပါတယ္ ။ ဦးဟန္ရင္ ဂုဏ္ထူးေဆာင္ဘြဲ႕ရေတာ့ ေတးသံရွင္ေအာင္ရင္ေတာင္ မေမြးဖြားေသးပါဘူးတဲ့ ပရိသတ္ႀကီးေရ ..။ ၁၉၅၉ ခုႏွစ္ ဘဘစစ္ဆင္ေရးမွာ နိုင္ငံေတာ္ သမၼတဦးဝင္းေမာင္ရဲ့လက္မွတ္နဲ႔ ေဇယ်ေက်ာ္ထင္ ဘြဲ႕ ရယ္ ေျခာက္လုံးျပဴးေသနပ္တစ္လက္ကိုနိုင္ငံေတာ္ကဆုခ်ီးျမႇင့္ခဲ့ရပါတယ္ ။

ဦးဟန္ရင္က သား ၃ ေယာက္ရွိ ခဲ့ေပမယ့္ အလတ္ျဖစ္တဲ့ ဦး ႂကြယ္ရင္ တေယာက္ သာ တပ္ထဲဝင္ခဲ့ၿပီး ေမၿမိဳ႕ စစ္တကၠသိုလ္ ဗိုလ္သင္တန္း အပါတ္စဥ္ ၂၇ ( DSA 27th intake) ကဆင္းခဲ့ သလို ဗိုလ္ႀကီးဘဝနဲ႔ တပ္မေတာ္က အၿငိမ္းစားယူၿပီး အျပင္ ကုမၸဏီတခုမွာ ဝင္အလုပ္ လုပ္ေနၿပီျဖစ္ပါတယ္ ။ ညီအငယ္ဆုံး ေထြးရင္ ကေတာ့ ဘ႐ူနိုင္းသံ႐ုံး မွာ အလုပ္လုပ္တယ္လို႔ လည္းသိရပါတယ္ ။ ေဖေဖဆုံးတဲ့ အေၾကာင္း ေရးရင္း ညီအကိုေတြ အေၾကာင္း၊ ငယ္သူငယ္ခ်င္းေတြနဲ႔ ငယ္ငယ္တုန္းက အေၾကာင္းေတြ အစီအရီ မ်က္စိထဲျပန္ျမင္ေယာင္လာတယ္၊ ျမန္မာျပည္ကိုျပန္ခ်င္ေနတာ ေလေၾကာင္းလိုင္းေတြကလည္း မဖြင့္ေသးဘူးလို႔လည္း ေအာင္ရင္က ေရးသားေဖာ္ျပခဲ့ပါတယ္ ။

Credit:Cele Gabar

ဖခင်ဖြစ်သူ ဗိုလ်မှူးကြီး ဇေယျကျော်ထင် ဟန်ရင်နဲ့အတူ ညီအစ်ကိုတွေ အကြောင်းကို သတိရစွာနဲ့ ပြောပြလာတဲ့ အောင်ရင်

ပရိသတ်ကြီးရေ .. မနက်ဖြန်မှာ ကျရောက်မယ့် နိုဝင်ဘာလ (၁၅)ရက်နေ့ဟာ တေးသံရှင် အောင်ရင်ရဲ့ ဖခင်ဖြစ်သူ လွတ် လပ်ေ ရးမော်ကွန်းဝင် ဒုတိယဆင့် ကိုယ်ပို င် နံပါတ် ကြည်း/ ၆၁၁၁ ဒုဗိုလ်မှူးကြီး ဇေယျကျော်ထင် ဟန်ရင် ကွယ်လွန် ခဲ့တဲ့ (၃၁)နှစ်ပြည့်တဲ့နေရက် လေးပဲဖြစ်ပါတယ် ။ ဖခင်ဖြစ်သူကို လွမ်းဆွတ် တမ်းတတဲ့ အမှတ်တရအနေနဲ့ အောင်ရင် က ဖခင်ဖြစ်သူရဲ့ အရည်အချင်းတွေနဲ့ အောင်မြင်မှုတွေ အကြောင်းကို ပရိသတ်တွေကို ဝေမျှပေး လာခဲ့ပါတယ်ခ ။

အောင်ရင်ရဲ့ ဖခင်ဟာ အင်္ဂလန်ကနေ ဗိုလ်သင်တန်းဆင်းခဲ့ပြီး မြန်မာ့တပ်မတော်ရဲ့ အမြှောက် တပ်တွေ စဖွဲ့စည်းတဲ့ အစောပိုင်း ကာလတွေမှာ အရာရှိငယ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့လို့ အမြှောက်တပ်တွေကို ဦးဟန်ရင် တို့နဲ့ စတင်ဖွဲ့စည်းခဲ့ တယ်လို့ သိရပါတယ် ။ ဦးဟန်ရင် ဂုဏ်ထူးဆောင်ဘွဲ့ရတော့ တေးသံရှင်အောင်ရင်တောင် မမွေးဖွားသေးပါဘူးတဲ့ ပရိသတ်ကြီးရေ ..။ ၁၉၅၉ ခုနှစ် ဘဘစစ်ဆင်ရေးမှာ နိုင်ငံတော် သမ္မတဦးဝင်းမောင်ရဲ့လက်မှတ်နဲ့ ဇေယျကျော်ထင် ဘွဲ့ ရယ် ခြောက်လုံးပြူးသေနပ်တစ်လက်ကိုနိုင်ငံတော်ကဆုချီးမြှင့်ခဲ့ရပါတယ် ။

ဦးဟန်ရင်က သား ၃ ယောက်ရှိ ခဲ့ပေမယ့် အလတ်ဖြစ်တဲ့ ဦး ကြွယ်ရင် တယောက် သာ တပ်ထဲဝင်ခဲ့ပြီး မေမြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပါတ်စဉ် ၂၇ ( DSA 27th intake) ကဆင်းခဲ့ သလို ဗိုလ်ကြီးဘဝနဲ့ တပ်မတော်က အငြိမ်းစားယူပြီး အပြင် ကုမ္ပဏီတခုမှာ ဝင်အလုပ် လုပ်နေပြီဖြစ်ပါတယ် ။ ညီအငယ်ဆုံး ထွေးရင် ကတော့ ဘရူနိုင်းသံရုံး မှာ အလုပ်လုပ်တယ်လို့ လည်းသိရပါတယ် ။ ဖေဖေဆုံးတဲ့ အကြောင်း ရေးရင်း ညီအကိုတွေ အကြောင်း၊ ငယ်သူငယ်ချင်းတွေနဲ့ ငယ်ငယ်တုန်းက အကြောင်းတွေ အစီအရီ မျက်စိထဲပြန်မြင်ယောင်လာတယ်၊ မြန်မာပြည်ကိုပြန်ချင်နေတာ လေကြောင်းလိုင်းတွေကလည်း မဖွင့်သေးဘူးလို့လည်း အောင်ရင်က ရေးသားဖော်ပြခဲ့ပါတယ် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment