Celebrity

ဖခင္ႀကီး ကြယ္လြန္ျခင္း ႏွစ္ပတ္လည္ေန႕မွာ ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ေပးခဲ့တဲ့ ေရႊရည္သိန္းတန္

Written by Ms Cele

ဖခင္ႀကီး ကြယ္လြန္ျခင္း ႏွစ္ပတ္လည္ေန႕မွာ ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ေပးခဲ့တဲ့ ေရႊရည္သိန္းတန္

ပရိသတ္ႀကီးေရ ျမန္မာ သံစဥ္ေတး သီခ်င္းေတြနဲ့ ဂီတမွတ္တိုင္ၾကီးၾကီး မားမားကို စိုက္ထူထားနိုင္သူ ေတးသံရွင္ တြံ့ေတးသိန္းတန္ ကေတာ့ လူေသသြားေပမယ့္ သူ့ရဲ့ နာမည္နဲ့ သီခ်င္းေတြက ပရိသတ္ေတြၾကားမွာ ဒီေန့ ဒီအခ်ိန္ထိ ရွင္သန္ေနဆဲ ျဖစ္ပါတယ္။ တြံ့ေတးသိန္းတန္ရဲ့ သမီးျဖစ္သူ ေရႊရည္သိန္းတန္ ကလည္း ဖခင္ျဖစ္သူရဲ့ အနုပညာကို အေမြေတြကို ဆက္ခံထား နိုင္သူျဖစ္ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွထားသူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန့ ဇန္နဝါရီလ (၁၁) ရက္ေန့ကေတာ့ ေတးသံရွင္ တြံ့ေတးသိန္းတန္ ကြယ္လြန္ျခင္း (၂၂) နွစ္ျပည့္ျဖစ္ျပီး ေရႊရည္သိန္းတန္က ဖခင္ၾကီးအတြက္ ရည္စူးျပီး ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း ေျပာလာပါတယ္။

ေရႊရည္သိန္းတန္က “ဒီ​ေန႔ ​ေဖ​ေဖ ကြယ္လြန္ျခင္း ၂၂ ႏွစ္ျပည့္.. ခင္ပြန္းကို​ေနလ၏ဖခင္ႀကီး ဦး​ေအာင္ျမင့္ႏိုင္ ကြယ္လြန္ျခင္း ၁ႏွစ္ျပည့္ ကုသိုလ္ အျဖစ္ ​ေဖ​ေဖ့​ေမြးရပ္တြံ​ေတးရွမ္းစုႀကီး႐ြာဦး​ေက်ာင္းမွာ သံဃာ ၂၇ ပါး ကို ဆြမ္းကပ္၊ သကၤန္းကပ္၊ နဝကမၼကပ္လႉျခင္း၊ သက္ႀကီး ႐ြယ္အိုမ်ား ၁ ဦး​ေငြ ၁​ေသာင္း လႉဒါန္းျခင္းစသည့္ ကုသိုလ္မ်ား ျပဳခဲ့ၾကတာမို႔ သာဓု​ေခၚပါအမ်ိဳးတို႔​ေရ🙏🙏🙏🥰 ကမာၻသူကမာၻသားအ​ေပါင္း​ ျမန္မာျပည္သူျပည္သားအ​ေပါင္း ေဘးဆိုး ကပ္​ေရာဂါဆိုးအ​ေပါင္းကိုမၾကားရ၊ မသိရ၊ မႀကဳံ​ေတြ႕ရ​ေသာဘဝျဖင့္အျမန္ဆုံးလြတ္​ေျမာက္ၾကပါ​ေစ🙏🙏🙏”ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

ေရႊရည္သိန္းတန္ ကေတာ့ ကြယ္လြန္သူဖခင္ၾကီးနဲ့ ခင္ပြန္းျဖစ္သူရဲ့ ဖခင္ၾကီး ကြယ္လြန္ျခင္း အတြက္ ရည္စူးျပီး ကုသိုလ္ေကာင္းမႈေတြ ျပုလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ တြံ့ေတးသိန္းတန္လည္း သမီးျဖစ္သူ ျပဳေပးသမွ် ကုသိုလ္ အစုစုကို ေကာင္းရာအရပ္ကေန သာဓုေခၚဆိုေနမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Shwe Yee Thein Tan’s fb
Credit:Cele Connections

ဖခင်ကြီး ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးခဲ့တဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ မြန်မာ သံစဉ်တေး သီချင်းတွေနဲ့ ဂီတမှတ်တိုင်ကြီးကြီး မားမားကို စိုက်ထူထားနိုင်သူ တေးသံရှင် တွံ့တေးသိန်းတန် ကတော့ လူသေသွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ဒီနေ့ ဒီအချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ တွံ့တေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန် ကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာကို အမွေတွေကို ဆက်ခံထား နိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကတော့ တေးသံရှင် တွံ့တေးသိန်းတန် ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့်ဖြစ်ပြီး ရွှေရည်သိန်းတန်က ဖခင်ကြီးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောလာပါတယ်။

ရွှေရည်သိန်းတန်က “ဒီ​နေ့ ​ဖေ​ဖေ ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့်.. ခင်ပွန်းကို​နေလ၏ဖခင်ကြီး ဦး​အောင်မြင့်နိုင် ကွယ်လွန်ခြင်း ၁နှစ်ပြည့် ကုသိုလ် အဖြစ် ​ဖေ​ဖေ့​မွေးရပ်တွံ​တေးရှမ်းစုကြီးရွာဦး​ကျောင်းမှာ သံဃာ ၂၇ ပါး ကို ဆွမ်းကပ်၊ သင်္ကန်းကပ်၊ နဝကမ္မကပ်လှူခြင်း၊ သက်ကြီး ရွယ်အိုများ ၁ ဦး​ငွေ ၁​သောင်း လှူဒါန်းခြင်းစသည့် ကုသိုလ်များ ပြုခဲ့ကြတာမို့ သာဓု​ခေါ်ပါအမျိုးတို့​ရေ🙏🙏🙏🥰 ကမ္ဘာသူကမ္ဘာသားအ​ပေါင်း​ မြန်မာပြည်သူပြည်သားအ​ပေါင်း ဘေးဆိုး ကပ်​ရောဂါဆိုးအ​ပေါင်းကိုမကြားရ၊ မသိရ၊ မကြုံ​တွေ့ရ​သောဘဝဖြင့်အမြန်ဆုံးလွတ်​မြောက်ကြပါ​စေ🙏🙏🙏”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

ရွှေရည်သိန်းတန် ကတော့ ကွယ်လွန်သူဖခင်ကြီးနဲ့ ခင်ပွန်းဖြစ်သူရဲ့ ဖခင်ကြီး ကွယ်လွန်ခြင်း အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ တွံ့တေးသိန်းတန်လည်း သမီးဖြစ်သူ ပြုပေးသမျှ ကုသိုလ် အစုစုကို ကောင်းရာအရပ်ကနေ သာဓုခေါ်ဆိုနေမှာ သေချာပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Shwe Yee Thein Tan’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment