Celebrity

ဖခင္ ေမြးေန႔ အတြက္ ျပဳလုပ္ေပး ခဲ့တဲ့ မိသားစု အလႉေလး ကို မၽွေဝ လာတဲ့ ေငြဇင္ လွိုင္း

Written by Ms Cele

ဖခင္ ေမြးေန႔ အတြက္ ျပဳလုပ္ေပး ခဲ့တဲ့ မိသားစု အလႉေလး ကို မၽွေဝ လာတဲ့ ေငြဇင္ လွိုင္း

ျမန္မာနိုင္ငံရဲ့ကိုဗစ္ကာကြယ္ ထိန္းခ်ဳပ္ေရး ကာလမွာ ေငြေၾကးတတ္နိုင္ သူေတြက ခ်ိဳ႕တဲ့သူေတြ၊ အကူအညီလိုအပ္ ေနသူေတြကို ကူညီရင္း အဆင္ေျပေျပနဲ႔ ဒီကာလႀကီးကို ေက်ာ္လႊား နိုင္ေအာင္ ႀကိဳးစားေနတာ ကေတာ့ တကယ္ကို ၾကည္ႏူး ပီတိ ျဖစ္စရာပါ။ ကုသေရး ေဆး႐ုံေတြ၊ Lock Down Center ေတြက လူနာေတြ အတြက္လည္း ကိုယ္တတ္သေလာက္ အစားအေသာက္ေတြ စဥ္ဆက္မျပတ္ လႉဒါန္းေပးေနၾကတဲ့ အလႉရွင္ေတြလည္း အမ်ားအျပားပါပဲ။

ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲကေန တက္လွမ္းလာတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္သူ တမူးသူေလး ေငြဇင္လွိုင္း ကလည္း ဒီေန႔မွာ Lock Down က်ေနတဲ့ အိမ္ေထာင္စု(၂၈၀) စာအတြက္ အလႉျပဳလုပ္ေပးခဲ့ေၾကာင္း မၽွေဝလာ ပါတယ္။ ဖခင္ျဖစ္သူရဲ့(၇၁) ႏွစ္ျပည့္ေမြးေန႔အလႉအေနနဲ႔ မိသားစုတစ္ခုစီအတြက္ ဆန္(၄) ျပည္၊ ဆီတစ္ဘူး၊ ၾကက္သြန္၊ ၾကက္ဥ၊ ေကာ္ဖီ၊ မေရြး၊ ငါးေသတၱာ၊ နို႔ဆီနဲ႔ Mask မ်ားကို မိသားစုအလႉေလးအေနနဲ႔ လႉဒါန္းေပးသြားမွာ ျဖစ္ပါတယ္။

ေငြဇင္လွိုင္းတို႔မိသားစုကေတာ့ မၾကာခဏဆိုသလို အလႉႀကီးျပဳလုပ္ေလ့ရွိ သူေတြျဖစ္သလို ဒီတစ္ေခါက္မွာလည္း ကိုဗစ္ေၾကာင့္ ဒုကၡေရာက္ ေနတဲ့ အိမ္ေထာင္စုေပါင္း မ်ားစြာအတြက္ အလႉျပဳလုပ္ေပး ခဲ့တာပဲ ျဖစ္ပါတယ္။ ေငြဇင္လွိုင္းကေတာ့ အလႉေလး ကို မၽွေဝရင္း ကပ္ေရာဂါႀကီးအျမန္ဆုံး ၿပီးဆုံးေစဖို႔လည္း ဆုေတာင္းခဲ့ပါေသးတယ္။ ခက္ခဲေနတဲ့အိမ္ေထာင္စုေတြ အတြက္ အေထာက္အကူျဖစ္ ေစခဲ့တဲ့ ေငြဇင္လွိုင္းတို႔ မိသားစုရဲ့အလႉေလးကို သာဓုေခၚရင္း ဖခင္ႀကီးလည္း သက္ရွည္က်န္းမာစြာ ေနထိုင္သြားနိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source – NgweZin Hline
Credit: Rainbow- Cele Gabar

ဖခင် မွေးနေ့ အတွက် ပြုလုပ်ပေး ခဲ့တဲ့ မိသားစု အလှူလေး ကို မျှဝေ လာတဲ့ ငွေဇင် လှိုင်း

မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး ကာလမှာ ငွေကြေးတတ်နိုင် သူတွေက ချို့တဲ့သူတွေ၊ အကူအညီလိုအပ် နေသူတွေကို ကူညီရင်း အဆင်ပြေပြေနဲ့ ဒီကာလကြီးကို ကျော်လွှား နိုင်အောင် ကြိုးစားနေတာ ကတော့ တကယ်ကို ကြည်နူး ပီတိ ဖြစ်စရာပါ။ ကုသရေး ဆေးရုံတွေ၊ Lock Down Center တွေက လူနာတွေ အတွက်လည်း ကိုယ်တတ်သလောက် အစားအသောက်တွေ စဉ်ဆက်မပြတ် လှူဒါန်းပေးနေကြတဲ့ အလှူရှင်တွေလည်း အများအပြားပါပဲ။

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေ တက်လှမ်းလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်သူ တမူးသူလေး ငွေဇင်လှိုင်း ကလည်း ဒီနေ့မှာ Lock Down ကျနေတဲ့ အိမ်ထောင်စု(၂၈၀) စာအတွက် အလှူပြုလုပ်ပေးခဲ့ကြောင်း မျှဝေလာ ပါတယ်။ ဖခင်ဖြစ်သူရဲ့(၇၁) နှစ်ပြည့်မွေးနေ့အလှူအနေနဲ့ မိသားစုတစ်ခုစီအတွက် ဆန်(၄) ပြည်၊ ဆီတစ်ဘူး၊ ကြက်သွန်၊ ကြက်ဥ၊ ကော်ဖီ၊ မရွေး၊ ငါးသေတ္တာ၊ နို့ဆီနဲ့ Mask များကို မိသားစုအလှူလေးအနေနဲ့ လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။

ငွေဇင်လှိုင်းတို့မိသားစုကတော့ မကြာခဏဆိုသလို အလှူကြီးပြုလုပ်လေ့ရှိ သူတွေဖြစ်သလို ဒီတစ်ခေါက်မှာလည်း ကိုဗစ်ကြောင့် ဒုက္ခရောက် နေတဲ့ အိမ်ထောင်စုပေါင်း များစွာအတွက် အလှူပြုလုပ်ပေး ခဲ့တာပဲ ဖြစ်ပါတယ်။ ငွေဇင်လှိုင်းကတော့ အလှူလေး ကို မျှဝေရင်း ကပ်ရောဂါကြီးအမြန်ဆုံး ပြီးဆုံးစေဖို့လည်း ဆုတောင်းခဲ့ပါသေးတယ်။ ခက်ခဲနေတဲ့အိမ်ထောင်စုတွေ အတွက် အထောက်အကူဖြစ် စေခဲ့တဲ့ ငွေဇင်လှိုင်းတို့ မိသားစုရဲ့အလှူလေးကို သာဓုခေါ်ရင်း ဖခင်ကြီးလည်း သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source – NgweZin Hline
Credit: Rainbow- Cele Gabar

About the author

Ms Cele

Leave a Comment