Celebrity


Written by Ms Cele





Emily (Cele Gabar)

ဖစ်ဖစ် ၊ ချစ်ချစ် တို ့နဲ့ အတူ ချစ် စဖွယ် tik tok လေး ကို ရိုက်ကူး ခဲ့တဲ့ ဝမ်း

သားသမီး သုံးယောက် ပိုင်ဆိုင်ထားပြီး ပျော်စရာမိသားစု ဘဝလေးကို ပိုင်ပိုင်နိုင်နိုင် တည်ဆောက် ထားနိုင်တဲ့ အာဇာနည်နဲ့ဝမ်းတို့မိသားစုလေး ကတော့ တကယ့်ကို သီရိဂေဟာ လေးပါပဲ ပရိသတ်ကြီးရေ ..။ သားကြီး ဖစ်ဖစ်တုန် ၊ သားလတ် ချစ်ချစ်တုန် နဲ့ သမီး အငယ်လေး မစ်မစ်တုန်တို့ ကလည်း ပရိသတ်တွေ အရမ်း ချစ်ရတဲ့ ဆယ်လီကလေး လေးတွေ ဆိုလည်း မမှားပါဘူးနော် ။

လတ်တလော မှာတော့ ပရိသတ်တွေ အရမ်းကို အသည်းယားပြီး အချစ်ပိုသွားစေမယ့် ဝမ်းက သူမရဲ့သားလေးနှစ်ယောက်ဖြစ်တဲ့ ချစ်ချစ် ဖစ်ဖစ်တို့နဲ ့အတူ Tik Tok လေးကစားပြီး ပရိသတ်တွေကို မျှဝေပေး လာခဲ့ပါတယ် ။အိမ်မှာ ဖစ်ဖစ်၊ချစ်ချစ် နဲ့အတူတူ Mega Kiddz Tik Tok challenge လေးပြုလုပ်ခဲ့တာဖြစ်ပြီး ချစ်ချစ်တုန် တယောက် ဘယ်လိုတောင် ကနေလဲဆိုတာကို ပရိသတ်တွေ ကြည့်ပြီး အရမ်းကိုချစ်နေကြမယ်ထင်ပါနော် ။

Mega Kiddz Tik Tok Challenge လေးက ကလေးလေးရော မေမေတွေရောTik Tok မှာ အတူတူ တွဲကပြီးပြိုင်ပွဲမှာ ဝင်ပါလိုက်တာနဲ့ ဆုငွေတစ်သိန်း ကို ဆယ်ယောက်တိတိ ချသွားမှာဖြစ်လို့ အားလုံး ပါဝင်ယှဉ်ပြိုင်ဖို ့အတွက် ဝမ်းက ပရိသတ်တွေကို အသိပေး ဖိတ်ခေါ်ခဲ့ပါသေးတယ် ။ ကဲချစ်လေး နဲ့ ဖစ်လေးကို ချစ်တဲ့ ပရိသတ်တွေ အတွက် tik tok လေးကို အခုပဲ မျှဝေပေးလို က်ပြီနော် ။

Source : Phit Phit Chit Chit Mint Mint
Emily (Cele Gabar)

About the author

Ms Cele

Leave a Comment