Celebrity


Written by Ms Cele





Credit

ဖမ်းဆီးခံထားရတဲ့ ရဲတိုက်ရဲ့မွေးနေ့ကို စိတ်မကောင်းစွာနဲ့ ဆုတောင်းပေး လိုက်တဲ့ သန္တာဗိုလ်

ပရိတ်သတ်ကြီးရေ….ပြည်သူချစ် အနုပညာရှင် မင်းသားချော ရဲတိုက်ကတော့ သရုပ်ဆောင်တဲ့ နေရာတွင် ပီပြင်ပြောင် မြောက်လွန်းသူ ဖြစ်တာကြောင့် ပရိသတ်တွေက သဘာဝမင်းသား လို့တောင် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပါတယ်နော်..။ရဲတိုက်ဟာ ဆိုရင် အကျဉ်းထောင်မှ လွတ်လာပြီး နောက်ပိုင်း အနုပညာ လှုပ်ရှားမှု တွေ ဖြည်းဖြည်းချင်း စီ ပြန်လုပ်လာတာ ကြောင့် ပရိသတ်တွေက ဝမ်းသာနေကြ တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ စိတ်ထားပြည့်ဝတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

သူကတော့ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင် ခဲ့သူလည်း ဖြစ်ပါ တယ်။ Defense Team မှ လူငယ်တွေနဲ့အတူ ရှေ့ဆုံးကနေ ကာကွယ်ပေး ခဲ့တာကြောင့် အားလုံးက ရဲတိုက်ကို ချီးကျူးနေကြတာလည်းဖြစ် ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မကြာသေးခင် ရက်ပိုင်းက ရဲတိုက်အား ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံ လိုက်ရတာပဲ ဖြစ် ပါတယ်။

ပရိသတ်တွေနဲ့ အနုပညာ အသိုင်းဝိုင်းက ညီအစ်ကိုမောင်နှမများ ကလည်း ဒီသတင်းကြားကြားချင်း မှာဘဲ ရဲတိုက်အတွက် စိတ်မကောင်းဖြစ် ခဲ့ ကြ ရတာပါ။ မနေ့ကတော့ သရုပ်ဆောင် ရဲတိုက်ရဲ့ မွေးနေ့ဖြစ်ပြီး ချစ်ခင်ရသူတွေကသူ့အတွက် မွေးနေ့ဆုတောင်းတွေ ​တင်ထားကြတာ ကို မြင်တွေ့ကြရမှာပါ။ မင်းသမီး သန္တာဗိုလ်ရဲ့ Instagram လူမှုကွန်ယက် တွင်လည်း ရဲတိုက်အတွက် မွေးနေ့ဆုတောင်းပေး ထားပြီး အမြန် ဆုံး ပြန်လည်လွတ်မြောက်ဖို့လည်းSpeak Out လုပ်ပေးနေတာဖြစ်တာကြောင့် ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့် ပြန်လည် ကူး ယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thandar Bo’s IG And Ye Deight’s Facebook Account
Credit

About the author

Ms Cele

Leave a Comment