Celebrity

ဖမ္းဆီးခံလုိက္ရတဲ့ လူမင္းရဲ့ဇနီးျဖစ္သူ ခင္စံပယ္ဦးအတြက္ အားေပးစကားေျပာလာတဲ့ ပိုင္ၿဖိဳးသု

Written by Ms Cele

ဖမ္းဆီးခံလုိက္ရတဲ့ လူမင္းရဲ့ဇနီးျဖစ္သူ ခင္စံပယ္ဦးအတြက္ အားေပးစကားေျပာလာတဲ့ ပိုင္ၿဖိဳးသု

လက္ရိွျဖစ္ပ်က္ေနတဲ့ ျမန္မာ့ျပည္တြင္း အေရးနဲ့ ပက္သတ္ျပီး ရုပ္ရွင္၊ ဂီတ၊ သဘင္ စတဲ့ နယ္ပယ္ အသီးသီးက အနုပညာရွင္ေတြလည္း တက္ၾကြစြာ ပါဝင္လႈပ္ရွားေနၾကတာပဲ ျဖစ္ပါတယ္။ နာမည္ၾကီး အနုပညာရွင္ေတြျဖစ္တဲ့ လင္းလင္း၊ ဒါရိုက္တာဏၾကီး၊ လူမင္း၊ ေျပတီဦး၊ ကိုေပါက္၊ အနဂၢ၊ ေမာင္ေမာင္ေအး စတဲ့ အနုပညာရွင္ေတြကလည္း ပုဒ္မ ၅၀၅-က နဲ့ အမႈဖြင့္ခံ ထားရတာျဖစ္ျပီး ဖမ္းဝရမ္းပါအထုတ္ခံထားရတာ ျဖစ္ပါတယ္။

မေန့က ေဖေဖာ္ဝါရီလ (၂၀) ရက္ေန့မွာေတာ့ အကယ္ဒမီ မင္းသားၾကီး လူမင္းက ညဘက္လူေျခတိတ္ခ်ိန္မွာ ဖမ္းဆီးခံ လိုက္ရျပီျဖစ္ျပီး အနုပညာရွင္အသီးသီးက လူမင္းအတြက္ စိတ္မေကာင္း ဝမ္းနည္းျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ ရုပ္ရွင္သရုပ္ေဆာင္ ပိုင္ျဖိဳးသုကလည္း “မိသားစုေပါင္းမ်ားစြာက်ေနရတဲ့မ်က္ရည္ေတြ….အမေရ….အားတင္းထားပါ….လက္နက္အားကိုးနဲ႔ မတရားအႏိုင္က်င့္တဲ့သူေတြဝဋ္လည္ၾကပါေစ !!!” ဆိုျပီး လူမင္းရဲ့ ဇနီး မခင္စံပယ္ဦးအတြက္ အားေပးစကားေျပာလာတာကို ေတြ့ရပါတယ္။

ပိုင္ျဖိဳးသု ကေတာ့ ပုဒ္မ ၅၀၅-က နဲ့ အမႈဖြင့္ခံ ထားရတဲ့ ခင္ပြန္းရဲ့ အမ်ိဳးသမီးပီပီ ဖမ္းဆီးခံလုိက္ရတဲ့ လူမင္းရဲ့ အမ်ိဳးသမီး မခင္စံပယ္ဦး အတြက္ အားေပးစကားေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Paing Phyoe Thu ‘s fb
Credit:Cele Connections

ဖမ်းဆီးခံလိုက်ရတဲ့ လူမင်းရဲ့ဇနီးဖြစ်သူ ခင်စံပယ်ဦးအတွက် အားပေးစကားပြောလာတဲ့ ပိုင်ဖြိုးသု

လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာ့ပြည်တွင်း အရေးနဲ့ ပက်သတ်ပြီး ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ နယ်ပယ် အသီးသီးက အနုပညာရှင်တွေလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ လင်းလင်း၊ ဒါရိုက်တာဏကြီး၊ လူမင်း၊ ပြေတီဦး၊ ကိုပေါက်၊ အနဂ္ဂ၊ မောင်မောင်အေး စတဲ့ အနုပညာရှင်တွေကလည်း ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံ ထားရတာဖြစ်ပြီး ဖမ်းဝရမ်းပါအထုတ်ခံထားရတာ ဖြစ်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာတော့ အကယ်ဒမီ မင်းသားကြီး လူမင်းက ညဘက်လူခြေတိတ်ချိန်မှာ ဖမ်းဆီးခံ လိုက်ရပြီဖြစ်ပြီး အနုပညာရှင်အသီးသီးက လူမင်းအတွက် စိတ်မကောင်း ဝမ်းနည်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုကလည်း “မိသားစုပေါင်းများစွာကျနေရတဲ့မျက်ရည်တွေ….အမရေ….အားတင်းထားပါ….လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်တဲ့သူတွေဝဋ်လည်ကြပါစေ !!!” ဆိုပြီး လူမင်းရဲ့ ဇနီး မခင်စံပယ်ဦးအတွက် အားပေးစကားပြောလာတာကို တွေ့ရပါတယ်။

ပိုင်ဖြိုးသု ကတော့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံ ထားရတဲ့ ခင်ပွန်းရဲ့ အမျိုးသမီးပီပီ ဖမ်းဆီးခံလိုက်ရတဲ့ လူမင်းရဲ့ အမျိုးသမီး မခင်စံပယ်ဦး အတွက် အားပေးစကားပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Paing Phyoe Thu ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment