Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Cele Gabar

ဖမ်းဆီးခံခေါင်းဆောင်များပြန် လည်လွတ်မြောက်ရေးအတွက် မြန်မာပလာဇာရှေ့မှာ ဆိုင်းဘုတ်ကိုင်ဆောင်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ မေပန်းချီနဲ့ခရစ္စတီးနား

ခုဆိုရင် အနုပညာနယ်ပယ် အသီးသီးမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့် တစ်နေရာကနေ ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

ပြည်သူပရိသတ်တွေ အားလုံးရဲ့ ဆန္ဒနဲ့အတူ ထပ်တူကြပြီး သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ အတွက် တတ်နိုင်တဲ့ဘက်ကနေ ရဲရဲဝင့်ဝင့် ပါဝင်အားဖြည့်နေကြတဲ့ အနုပညာရှင်တွေကိုတော့ ပရိသတ်တွေကလည်းလေးစားချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။

အခုလည်း မေပန်းချီနဲ့ခရစ္စတီးနားတို့နှစ်ယောက်ဟာ ဖမ်းဆီးခံ ခေါင်းဆောင်များပြန် လည်လွတ်မြောက်ရေးအတွက် မြန်မာပလာဇာရှေ့မှာ ဆိုင်းဘုတ် ကိုင်ဆောင်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး ဂုဏ်ယူလေးစား မိတာကြောင့် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Cele Gabar

About the author

Ms Cele

Leave a Comment