Celebrity

ဖမ္းဆီးထိန္းသိမ္းျခင္းခံရတဲ့ အစ္မျဖစ္သူရဲ႕ ယခုလက္ရွိအေျခအေနကို ပရိသတ္ႀကီးဆီ ေျပာျပလာတဲ့ ေအသင္ခ်ိဳေဆြရဲ႕အစ္မ

Written by Ms Cele

ဖမ္းဆီးထိန္းသိမ္းျခင္းခံရတဲ့ အစ္မျဖစ္သူရဲ႕ ယခုလက္ရွိအေျခအေနကို ပရိသတ္ႀကီးဆီ ေျပာျပလာတဲ့ ေအသင္ခ်ိဳေဆြရဲ႕အစ္မ

အဆိုေတာ္ ေအသင္ခ်ိဳေဆြ တစ္ေယာက္ မေန႔ည ခုႏွစ္နာရီခြဲအခ်ိန္တြင္ သူမရဲ႕ ေနအိမ္မွာဘဲ ဖမ္းဆီး ထိန္းသိမ္းခံ ခဲ့ရတာ ျဖစ္ပါတယ္ေနာ္။ သူမကေတာ့ လူထုလႈပ္ရွားမႈ မ်ားတြင္ လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ တာေၾကာင့္ ပုဒ္မ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရ သူပါေနာ္။ ေအသင္ဖမ္းဆီးခံ လိုက္ရတဲ့ သတင္းၾကားၿပီး ပရိသတ္မ်ားက က်န္ရစ္ခဲ့တဲ့ သူမရဲ႕သမီးေလး အတြက္ စိတ္မေကာင္းျဖစ္ေနတာပါေနာ္။

သူ႔ရဲ႕ ညီမ ေမသင္ခ်ိဳေဆြ ေတာ့ အဖမ္းမခံခဲ့ရေပမယ့္ ဖုန္းေတြအားလုံးကို စစ္ေဆးဖို႔ အတြက္ သိမ္းသြားၿပီးစစ္ေဆးၿပီးသား ဖုန္းေတြကို ဒီညေနမွ ျပန္ေပးလိုက္တာေၾကာင့္ မေန႔ညကျဖစ္သြား ခဲ့တဲ့ အေၾကာင္းစုံကို အခုမွရွင္းျပရတာ ျဖစ္ပါတယ္ေနာ္။ အိုင္ဗီေလး ကေတာ့ အခုေလာေလာဆယ္ အဘြားဆီမွာ ရွိေနၿပီး ကေလးက ဝမ္းနည္းေနေပမယ့္ အမ်ိဳးေတြမွ ဂ႐ုတစိုက္နဲ႔ ေစာင့္ေရွာက္ေပးထားေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္ေနာ္။

” မေန႔က ေအသင့္ကို ဝင္လာဖမ္းသြားၾကပါတယ္…ကြၽန္မေတာ့မ ပါသြားေပမယ့္ ဖုန္းေတြေတာ့ ေသခ်ာစစ္ေဆးဖို႔ အကုန္သိမ္းသြားလို႔ ဖုန္းဆက္လို႔မရတာပါ… အခုပဲ စခန္းမွာ စစ္ေဆးၿပီးသားဖုန္းေတြကိုျပန္ေပး လိုက္ပါတယ္… ဖုန္းထဲမွာ Clear ျဖစ္လို႔ ျပန္ထုတ္ေပးပါတယိ … အိုင္ဗီေလးကေတာ့ သူ႔အဘြားဆီမွာရွိပါတယ္.. ကေလးလည္းဝမ္းနည္းေနေပမယ့္ ႀကီးႀကီးေတြ အဘြားေတြ အစ္ကိုေတြနဲ႔ ဂ႐ုစိုက္ေပးထားပါတယ္ေနာ္… စိတ္ပူေပးၾကတဲ့သူေတြအားလုံး ေက်းဇူးပါေနာ္ … ေအသင္ကေတာ့ အခုစခန္းကအခ်ဳပ္ထဲမွာပါ.. ႐ိုက္ႏွက္တာဘာညာမရွိပါဘူး..အျမန္ဆုံး ျပန္လြတ္ႏိုင္ဖို႔ကိုေတာ့ ဝိုင္းဆုေတာင္းေပးၾကပါေနာ္…” လို႔ ေရးထားပါတယ္ေနာ္။

Credit:CELELUCKY

ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ အစ်မဖြစ်သူရဲ့ ယခုလက်ရှိအခြေအနေကို ပရိသတ်ကြီးဆီ ပြောပြလာတဲ့ အေသင်ချိုဆွေရဲ့အစ်မ

အဆိုတော် အေသင်ချိုဆွေ တစ်ယောက် မနေ့ည ခုနှစ်နာရီခွဲအချိန်တွင် သူမရဲ့ နေအိမ်မှာဘဲ ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်နော်။ သူမကတော့ လူထုလှုပ်ရှားမှု များတွင် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ တာကြောင့် ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရ သူပါနော်။ အေသင်ဖမ်းဆီးခံ လိုက်ရတဲ့ သတင်းကြားပြီး ပရိသတ်များက ကျန်ရစ်ခဲ့တဲ့ သူမရဲ့သမီးလေး အတွက် စိတ်မကောင်းဖြစ်နေတာပါနော်။

သူ့ရဲ့ ညီမ မေသင်ချိုဆွေ တော့ အဖမ်းမခံခဲ့ရပေမယ့် ဖုန်းတွေအားလုံးကို စစ်ဆေးဖို့ အတွက် သိမ်းသွားပြီးစစ်ဆေးပြီးသား ဖုန်းတွေကို ဒီညနေမှ ပြန်ပေးလိုက်တာကြောင့် မနေ့ညကဖြစ်သွား ခဲ့တဲ့ အကြောင်းစုံကို အခုမှရှင်းပြရတာ ဖြစ်ပါတယ်နော်။ အိုင်ဗီလေး ကတော့ အခုလောလောဆယ် အဘွားဆီမှာ ရှိနေပြီး ကလေးက ဝမ်းနည်းနေပေမယ့် အမျိုးတွေမှ ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးထားကြောင်းကိုလည်း ပြောပြထားပါသေးတယ်နော်။

” မနေ့က အေသင့်ကို ဝင်လာဖမ်းသွားကြပါတယ်…ကျွန်မတော့မ ပါသွားပေမယ့် ဖုန်းတွေတော့ သေချာစစ်ဆေးဖို့ အကုန်သိမ်းသွားလို့ ဖုန်းဆက်လို့မရတာပါ… အခုပဲ စခန်းမှာ စစ်ဆေးပြီးသားဖုန်းတွေကိုပြန်ပေး လိုက်ပါတယ်… ဖုန်းထဲမှာ Clear ဖြစ်လို့ ပြန်ထုတ်ပေးပါတယိ … အိုင်ဗီလေးကတော့ သူ့အဘွားဆီမှာရှိပါတယ်.. ကလေးလည်းဝမ်းနည်းနေပေမယ့် ကြီးကြီးတွေ အဘွားတွေ အစ်ကိုတွေနဲ့ ဂရုစိုက်ပေးထားပါတယ်နော်… စိတ်ပူပေးကြတဲ့သူတွေအားလုံး ကျေးဇူးပါနော် … အေသင်ကတော့ အခုစခန်းကအချုပ်ထဲမှာပါ.. ရိုက်နှက်တာဘာညာမရှိပါဘူး..အမြန်ဆုံး ပြန်လွတ်နိုင်ဖို့ကိုတော့ ဝိုင်းဆုတောင်းပေးကြပါနော်…” လို့ ရေးထားပါတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment