Local News

ဖားကန႔္ မွာ ေနာက္ ထပ္ ေက်ာက္စိမ္း တုံးႀကီး ထပ္မံ ေတြ႕ရွိ၊ နိုင္ငံေတာ္ ကို အပ္မည္ ဟု ဆို

Written by Ms Cele

ဖားကန႔္ မွာ ေနာက္ ထပ္ ေက်ာက္စိမ္း တုံးႀကီး ထပ္မံ ေတြ႕ရွိ၊ နိုင္ငံေတာ္ ကို အပ္မည္ ဟု ဆို

ကခ်င္ ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္က ေက်ာက္စိမ္းလုပ္ကြက္ တစ္ခုကေန အရြယ္အစား ႀကီးမားတဲ့ ေက်ာက္စိမ္းရိုင္း တုံးတစ္တုံး ေအာက္တိုဘာ ၁၆ ရက္ က ထပ္မံေတြ႕ရွိခဲ့ တယ္လို႔ ေဒသခံ ေတြက ေျပာပါတယ္။ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူ ေက်းရြာအုပ္စု၊ မမုံနဲ႔ ဖားျပင္ ေက်းရြာၾကား မက္လင္ေခ်ာင္ ေမ်ာေခ်ာင္း ေက်ာက္စိမ္း လုပ္ကြက္တစ္ခု ကေန ေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ ဖားျပင္ေက်းရြာ ရပ္မိ/ရပ္ဖ ဦးေနာ္ေတာင္က ေျပာပါတယ္။ အခုေတာ့ ေက်ာက္စိမ္တုံး ကို ေက်ာက္စိမ္း တူးေဖာ္ေရးဌာန(လုံးခင္း) ကို ရဲတပ္ဖြဲ႕ဝင္ ေတြက လုံျခဳံေရး ေဆာင္ရြက္ၿပီး သယ္ေဆာင္ သြားခဲ့ၿပီျဖစ္ၿပီး နိုင္ငံေတာ္ ကို အပ္ႏွံသြားမွာျဖစ္ပါတယ္။

ဒီေက်ာက္စိမ္းတုံး ကို ေရမေဆး ေက်ာက္ ရွာေဖြတူးေဖာ္ေနသူ ေတြက ေအာက္တိုဘာ(၁၆)ရက္ ေန႔လယ္ပိုင္းမွာ ေတြ႕ရွိခဲ့ တာျဖစ္ၿပီး ရြံ့ႏြံေတြၾကား သယ္ထုတ္ ဖို႔ အခက္ အခဲျဖစ္ေနရာကေန လွည့္ကင္း လုံျခဳံေရး ရဲတပ္ဖြဲ႕က ေတြ႕ရွိ သိမ္းဆည္းခဲ့ တာလို႔ ေက်ာက္ စတင္ေတြ႕ရွိခဲ့သူ ကိုေက်ာ္စိုးနိုင္ က ေျပာပါတယ္။

အခုေတာ့ ဒီေက်ာက္စိမ္းတုံး ကို တန္ဖိုးျဖတ္ အဖြဲ႕က စိစစ္တန္ဖိုးျဖတ္ဖို႔ရွိၿပီး ေက်ာက္ေတြ႕သူနဲ႔ ေရမေဆး သမား ေတြကို ဆုေၾကးေပးဖို႔ စီစဥ္ေန တယ္ လို႔ သိရပါတယ္ ။ၿပီးခဲ့တဲ့ တစ္ပတ္ က ေဝွခါေမွာ္မွာ ေတြ႕ရွိခဲ့တဲ့ ေက်ာက္စိမ္းရိုင္း တုံးကေတာ့ သက္တမ္းႏုၿပီး ေက်ာက္မ်ိဳးမမွန္ဘူးလို႔ ေျပာၾကားထား ၾကေပမယ့္ အခုထပ္ ေတြ႕တဲ့ ေက်ာက္စိမ္းရိုင္း တုံးကေတာ့ သက္တမ္း ရင့္တယ္လို႔ ေဒသခံ‌ေရမ ေဆးသမားေတြက ေျပာပါတယ္။

crd

ဖားကန့် မှာ နောက် ထပ် ကျောက်စိမ်း တုံးကြီး ထပ်မံ တွေ့ရှိ၊ နိုင်ငံတော် ကို အပ်မည် ဟု ဆို

ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက် တစ်ခုကနေ အရွယ်အစား ကြီးမားတဲ့ ကျောက်စိမ်းရိုင်း တုံးတစ်တုံး အောက်တိုဘာ ၁၆ ရက် က ထပ်မံတွေ့ရှိခဲ့ တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ မမုံနဲ့ ဖားပြင် ကျေးရွာကြား မက်လင်ချောင် မျောချောင်း ကျောက်စိမ်း လုပ်ကွက်တစ်ခု ကနေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဖားပြင်ကျေးရွာ ရပ်မိ/ရပ်ဖ ဦးနော်တောင်က ပြောပါတယ်။ အခုတော့ ကျောက်စိမ်တုံး ကို ကျောက်စိမ်း တူးဖော်ရေးဌာန(လုံးခင်း) ကို ရဲတပ်ဖွဲ့ဝင် တွေက လုံခြုံရေး ဆောင်ရွက်ပြီး သယ်ဆောင် သွားခဲ့ပြီဖြစ်ပြီး နိုင်ငံတော် ကို အပ်နှံသွားမှာဖြစ်ပါတယ်။

ဒီကျောက်စိမ်းတုံး ကို ရေမဆေး ကျောက် ရှာဖွေတူးဖော်နေသူ တွေက အောက်တိုဘာ(၁၆)ရက် နေ့လယ်ပိုင်းမှာ တွေ့ရှိခဲ့ တာဖြစ်ပြီး ရွံ့နွံတွေကြား သယ်ထုတ် ဖို့ အခက် အခဲဖြစ်နေရာကနေ လှည့်ကင်း လုံခြုံရေး ရဲတပ်ဖွဲ့က တွေ့ရှိ သိမ်းဆည်းခဲ့ တာလို့ ကျောက် စတင်တွေ့ရှိခဲ့သူ ကိုကျော်စိုးနိုင် က ပြောပါတယ်။

အခုတော့ ဒီကျောက်စိမ်းတုံး ကို တန်ဖိုးဖြတ် အဖွဲ့က စိစစ်တန်ဖိုးဖြတ်ဖို့ရှိပြီး ကျောက်တွေ့သူနဲ့ ရေမဆေး သမား တွေကို ဆုကြေးပေးဖို့ စီစဉ်နေ တယ် လို့ သိရပါတယ် ။ပြီးခဲ့တဲ့ တစ်ပတ် က ဝှေခါမှော်မှာ တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းရိုင်း တုံးကတော့ သက်တမ်းနုပြီး ကျောက်မျိုးမမှန်ဘူးလို့ ပြောကြားထား ကြပေမယ့် အခုထပ် တွေ့တဲ့ ကျောက်စိမ်းရိုင်း တုံးကတော့ သက်တမ်း ရင့်တယ်လို့ ဒေသခံ‌ရေမ ဆေးသမားတွေက ပြောပါတယ်။

crd

About the author

Ms Cele

Leave a Comment