Local News

“ဖားကန ႔္က ေျမၿပိဳ ခဲ့တဲ့ ေနရာ မွာ ႏွစ္တန္ နီးပါး ရွိတဲ့ ေက်ာက္စိမ္းတုံး ႀကီး ေတြ႕ ရွိ”

Written by Ms Cele

“ဖားကန ႔္က ေျမၿပိဳ ခဲ့တဲ့ ေနရာ မွာ ႏွစ္တန္ နီးပါး ရွိတဲ့ ေက်ာက္စိမ္းတုံး ႀကီး ေတြ႕ ရွိ”

ေအာက္တိုဘာ-၁၃-၂၀၂၀

ေဇာ္မိုးထက္(VOM )

ကခ်င္ျပည္နယ္၊ မိုးညႇင္းခရိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူအုပ္စု၊ ေဝွခါေက်းရြာ အနီးက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္း အတြင္းမွာ အေလးခ်ိန္တစ္တန္ ေက်ာ္ရွိတဲ့ ေက်ာက္စိမ္းတုံး တစ္တုံးကို မေန႔ ေအာက္တိုဘာ ၁၂ရက္ေန႔ ညေနပိုင္းက ေတြ႕ရွိခဲ့တယ္လို႔ ေဝွခါေက်းရြာ ေဒသခံေတြဆီကေန သိရပါတယ္ ။

အဲ့ဒီေက်ာက္စိမ္းတုံး ကို တပိုင္တနိုင္ေက်ာက္စိမ္း တူးေဖာ္ေနတဲ့ ေရမေဆးသမားေတြက ေတြ႕ရွိခဲ့တာလို႔ သိရၿပီး စတင္ ေတြ႕ရွိတဲ့ ေရမေဆး သမားေတြဟာ ေက်ာက္စိမ္းမ်ိဳးႏြယ္ မဟုတ္ဘဲ သာမန္ ေက်ာက္တုံးျဖစ္ေနတာေၾကာင့္ မယူပဲထားခဲ့ တယ္လို႔ ေရမေဆးသမားေတြက ေျပာပါတယ္။

ေဝွခါေက်းရြာတာဝန္ခံ ဦးေက်ာ္မင္း ကေတာ့ ” ေက်ာက္စိမ္းမဟုတ္ဘူးဗ် ။ အေလးခ်ိန္ကေတာ့ ပိႆာခ်ိန္ ရွစ္ရာေလာက္ေတာ့ ရွိမယ္ ။ တပ္နဲ႔ ရဲကေတာ့ လုံျခဳံေရးယူထားတယ္ “လို႔ေျပာပါတယ္။

ေက်ာက္စိမ္းတုံးႀကီး ေတြ႕ရွိခဲ့တဲ့ေနရာဟာ ဇူလိုင္လ ၂ရက္ ေန႔မနက္ပိုင္းက လုပ္ကြက္ ကမ္းပါးၿပိဳက်မႈေၾကာင့္ တပိုင္တနိုင္ ေက်ာက္တူးသူ ေရမေဆးလုပ္သားေပါင္း ႏွစ္ရာနီးပါး ေသဆုံးခဲ့ၿပီး ဆက္လက္ၿပိဳနိုင္တဲ့ အႏၲရယ္ရွိတာေၾကာင့္ ေက်ာက္စိမ္း မတူးဖို႔ တားျမစ္ထားတဲ့ေနရာျဖစ္ပါတယ္။

အခုေက်ာက္စိမ္း တုံးႀကီး ေတြ႕ရွိခဲ့တဲ့ေနရာအနီးမွာပဲ ၂၀၁၈ခုႏွစ္ဇန္နဝါရီလ ၁၉ရက္ေန႔က အေလးခ်ိန္ 1100kgရွိတဲ့ အရည္အေသြးျမင့္ အရည္ေက်ာက္စိမ္း တုံးႀကီး ထြက္ခဲ့တာလည္း ျဖစ္ပါတယ္ ။

အဲ့ဒီ ေက်ာက္စိမ္းတုံး စတင္ေတြ႕ရွိခဲ့တဲ့ ေရမေဆးသမားေတြကို က်ပ္သိန္းေပါင္း တေသာင္းႏွစ္ေထာင့္ငါးရာ (၁၂၅၀၀)နဲ႔ ေစ်းျဖတ္ၿပီး ကုမၼဏီတခုက ဝယ္ယူသြားခဲ့ တယ္လို႔လည္း သိရပါတယ္။

voiceofmyanmar VOM ဖားကန္႔ ေက်ာက္စိမ္းတုံးေတြ႕

“ဖားကန ့်က မြေပြို ခဲ့တဲ့ နေရာ မှာ နှစ်တန် နီးပါး ရှိတဲ့ ကျောက်စိမ်းတုံး ကြီး တွေ့ ရှိ”

အောက်တိုဘာ-၁၃-၂၀၂၀

ဇော်မိုးထက်(VOM )

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာ အနီးက ကျောက်စိမ်းလုပ်ကွက်ဟောင်း အတွင်းမှာ အလေးချိန်တစ်တန် ကျော်ရှိတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို မနေ့ အောက်တိုဘာ ၁၂ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တယ်လို့ ဝှေခါကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ် ။

အဲ့ဒီကျောက်စိမ်းတုံး ကို တပိုင်တနိုင်ကျောက်စိမ်း တူးဖော်နေတဲ့ ရေမဆေးသမားတွေက တွေ့ရှိခဲ့တာလို့ သိရပြီး စတင် တွေ့ရှိတဲ့ ရေမဆေး သမားတွေဟာ ကျောက်စိမ်းမျိုးနွယ် မဟုတ်ဘဲ သာမန် ကျောက်တုံးဖြစ်နေတာကြောင့် မယူပဲထားခဲ့ တယ်လို့ ရေမဆေးသမားတွေက ပြောပါတယ်။

ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်း ကတော့ ” ကျောက်စိမ်းမဟုတ်ဘူးဗျ ။ အလေးချိန်ကတော့ ပိဿာချိန် ရှစ်ရာလောက်တော့ ရှိမယ် ။ တပ်နဲ့ ရဲကတော့ လုံခြုံရေးယူထားတယ် “လို့ပြောပါတယ်။

ကျောက်စိမ်းတုံးကြီး တွေ့ရှိခဲ့တဲ့နေရာဟာ ဇူလိုင်လ ၂ရက် နေ့မနက်ပိုင်းက လုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် တပိုင်တနိုင် ကျောက်တူးသူ ရေမဆေးလုပ်သားပေါင်း နှစ်ရာနီးပါး သေဆုံးခဲ့ပြီး ဆက်လက်ပြိုနိုင်တဲ့ အန္တရယ်ရှိတာကြောင့် ကျောက်စိမ်း မတူးဖို့ တားမြစ်ထားတဲ့နေရာဖြစ်ပါတယ်။

အခုကျောက်စိမ်း တုံးကြီး တွေ့ရှိခဲ့တဲ့နေရာအနီးမှာပဲ ၂၀၁၈ခုနှစ်ဇန်နဝါရီလ ၁၉ရက်နေ့က အလေးချိန် 1100kgရှိတဲ့ အရည်အသွေးမြင့် အရည်ကျောက်စိမ်း တုံးကြီး ထွက်ခဲ့တာလည်း ဖြစ်ပါတယ် ။

အဲ့ဒီ ကျောက်စိမ်းတုံး စတင်တွေ့ရှိခဲ့တဲ့ ရေမဆေးသမားတွေကို ကျပ်သိန်းပေါင်း တသောင်းနှစ်ထောင့်ငါးရာ (၁၂၅၀၀)နဲ့ စျေးဖြတ်ပြီး ကုမ္မဏီတခုက ဝယ်ယူသွားခဲ့ တယ်လို့လည်း သိရပါတယ်။

voiceofmyanmar VOM ဖားကန့် ကျောက်စိမ်းတုံးတွေ့

About the author

Ms Cele

Leave a Comment