Celebrity

ဖ်က္ခ်ခံရတဲ့ ဒဏ္ေတြေၾကာင့္ ခြဲစိတ္ ကုသဖို႔လိုေနတဲ့ သားငယ္ေလးရဲ့ ေဆးစစ္ခ်က္ အေျဖကို ေျပာျပ လာတဲ့ ေမေမ ခိုင္ႏွင္းေဝ

Written by Ms Cele

ဖ်က္ခ်ခံရတဲ့ ဒဏ္ေတြေၾကာင့္ ခြဲစိတ္ ကုသဖို႔လိုေနတဲ့ သားငယ္ေလးရဲ့ ေဆးစစ္ခ်က္ အေျဖကို ေျပာျပ လာတဲ့ ေမေမ ခိုင္ႏွင္းေဝ

လူငယ္ခ်င္း မွားမိရာကေန ကိုယ္ဝန္ေဆာင္ ခဲ့ရတာေၾကာင့္ ကေလးကိုဖ်က္ခ်ဖို ႔လုပ္ခဲ့ေပမယ့္ လူျဖစ္ခ်င္တဲ့ ကေလးငယ္ဟာ လူ႔ေလာကထဲကို မေရာက္ေရာက္ေအာင္ဝင္ လာနိုင္ခဲ့ပါတယ္။ သို႔ေပမယ့္လည္း ဖ်က္ခ်ခံခဲ့ရတဲ့ ဒဏ္ေတြေၾကာင့္ ေအာက္ေမးရိုး ပါမလာဘဲ အဂၤါမစုံျဖစ္ခဲ့ရ ပါတယ္။ မိခင္ ကေတာ့ ကေလးေမြးၿပီးၿပီးခ်င္း ထားသြား ခဲ့ေပမယ့္ စာနာစိတ္အျပည့္ရွိတဲ့ ေမေမခိုင္ႏွင္းေဝက ေခၚယူေစာင့္ေရွာက္ ေပးခဲ့ပါတယ္။

ကေလးအတြက္ လိုအပ္တဲ့ခြဲစိတ္ မႈေတြျပဳလုပ္ရမွာျဖစ္လို႔ ကေလးရဲ့အဓိက ခံနိုင္ရည္ျဖစ္တဲ့ ႏွလုံးကို စမ္းသပ္တဲ့အခ်ိန္မွာေတာ့ ဘာျပႆနာမွ မရွိဘဲ အဆင္ေျပေျပ ခြဲစိတ္နိုင္ေတာ့မွာမို႔ ေမေမခိုင္ႏွင္းေဝ ကေတာ့ အေပ်ာ္ႀကီးေပ်ာ္ ေနခဲ့ပါတယ္။ ကေလးငယ္ေလး ရဲ့ဘဝလည္း ဒီထက္ပိုၿပီးလွပ လာေတာ့မွာမို႔ အားလုံးကလည္း ဝမ္းသာ ပီတိျဖစ္ေနခဲ့ပါတယ္။

သားေလးကို စမ္းသပ္စဥ္က ပုံရိပ္တစ္ခ်ိဳ႕ကို ” ဝမ္းသာစရာသတင္းေကာင္းေလးပါ ခြဲစိတ္မႈ ျပဳလုပ္ရန္ အဓိကက်တဲ့ ႏွလုံးကို (Echocardiogram) ရိုက္၍ သြားစစ္ေဆးရာ ႏွလုံးနဲ႔ ပတ္သက္ ၿပီး ဘာျပသာနာမွမရွိပါရွင္ ရင္တထိတ္ထိတ္နဲ႔ သြားေရာက္ စစ္ေဆး ခဲ့ရေသာ္လည္း ခုႏွစ္ရက္ သားသမီးမ်ားရဲ့ ေမတၱာ ဆုေတာင္းေၾကာင့္ ေနာက္တစ္ဆင့္သို႔ တက္လွမ္းရန္ အဆင္သင့္ျဖစ္ သြားပါၿပီရွင္ ” ဆိုၿပီး ေဝမၽွခဲ့ပါတယ္။ ဝဋ္ေႂကြးေတြ ရွိရင္လည္း အျမန္ဆုံးေၾကပါေစ ကေလးေရ။

Credit:Cele Zone

ဖျက်ချခံရတဲ့ ဒဏ်တွေကြောင့် ခွဲစိတ် ကုသဖို့လိုနေတဲ့ သားငယ်လေးရဲ့ ဆေးစစ်ချက် အဖြေကို ပြောပြ လာတဲ့ မေမေ ခိုင်နှင်းဝေ

လူငယ်ချင်း မှားမိရာကနေ ကိုယ်ဝန်ဆောင် ခဲ့ရတာကြောင့် ကလေးကိုဖျက်ချဖို ့လုပ်ခဲ့ပေမယ့် လူဖြစ်ချင်တဲ့ ကလေးငယ်ဟာ လူ့လောကထဲကို မရောက်ရောက်အောင်ဝင် လာနိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဖျက်ချခံခဲ့ရတဲ့ ဒဏ်တွေကြောင့် အောက်မေးရိုး ပါမလာဘဲ အင်္ဂါမစုံဖြစ်ခဲ့ရ ပါတယ်။ မိခင် ကတော့ ကလေးမွေးပြီးပြီးချင်း ထားသွား ခဲ့ပေမယ့် စာနာစိတ်အပြည့်ရှိတဲ့ မေမေခိုင်နှင်းဝေက ခေါ်ယူစောင့်ရှောက် ပေးခဲ့ပါတယ်။

ကလေးအတွက် လိုအပ်တဲ့ခွဲစိတ် မှုတွေပြုလုပ်ရမှာဖြစ်လို့ ကလေးရဲ့အဓိက ခံနိုင်ရည်ဖြစ်တဲ့ နှလုံးကို စမ်းသပ်တဲ့အချိန်မှာတော့ ဘာပြဿနာမှ မရှိဘဲ အဆင်ပြေပြေ ခွဲစိတ်နိုင်တော့မှာမို့ မေမေခိုင်နှင်းဝေ ကတော့ အပျော်ကြီးပျော် နေခဲ့ပါတယ်။ ကလေးငယ်လေး ရဲ့ဘဝလည်း ဒီထက်ပိုပြီးလှပ လာတော့မှာမို့ အားလုံးကလည်း ဝမ်းသာ ပီတိဖြစ်နေခဲ့ပါတယ်။

သားလေးကို စမ်းသပ်စဉ်က ပုံရိပ်တစ်ချို့ကို ” ဝမ်းသာစရာသတင်းကောင်းလေးပါ ခွဲစိတ်မှု ပြုလုပ်ရန် အဓိကကျတဲ့ နှလုံးကို (Echocardiogram) ရိုက်၍ သွားစစ်ဆေးရာ နှလုံးနဲ့ ပတ်သက် ပြီး ဘာပြသာနာမှမရှိပါရှင် ရင်တထိတ်ထိတ်နဲ့ သွားရောက် စစ်ဆေး ခဲ့ရသော်လည်း ခုနှစ်ရက် သားသမီးများရဲ့ မေတ္တာ ဆုတောင်းကြောင့် နောက်တစ်ဆင့်သို့ တက်လှမ်းရန် အဆင်သင့်ဖြစ် သွားပါပြီရှင် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဝဋ်ကြွေးတွေ ရှိရင်လည်း အမြန်ဆုံးကြေပါစေ ကလေးရေ။

Credit:Cele Zone

About the author

Ms Cele

Leave a Comment