Celebrity

ဖြားဖြားႀကီး မုန္႕ဖိုးေပးတာနဲ႕ပတ္သက္ၿပီး ေျပာလိုက္တဲ့ မယ္ေထြးေလးရဲ႕ စကားေၾကာင့္ တစ္အိမ္သားလံုး သေဘာက် သြားရတဲ့ အေၾကာင္းကို ေျပာျပ လာတဲ့ နႏၵာလွိဳင္

Written by Ms Cele

ဖြားဖြားႀကီး မုန္႕ဖိုးေပးတာနဲ႕ပတ္သက္ၿပီး ေျပာလိုက္တဲ့ မယ္ေထြးေလးရဲ႕ စကားေၾကာင့္ တစ္အိမ္သားလံုး သေဘာက် သြားရတဲ့ အေၾကာင္းကို ေျပာျပ လာတဲ့ နႏၵာလွိဳင္

သ႐ုပ္ေဆာင္ နႏၵာလႈိင္ ကေတာ့ ေက်ာ့ရွင္းၿပီး အျပစ္ဆိုစရာ မရွိတဲ့ အလွအပေၾကာင့္ နာမည္ႀကီး ထင္ရွားတဲ့ မင္းသမီး တစ္လက္ပဲ ျဖစ္ပါတယ္။ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ထိပ္ဆုံး ကေန ဆြတ္ခူးႏိုင္ခဲ့တဲ့ နႏၵာလႈိင္က အိမ္ေထာင္က်ၿပီး ခ်ိန္မွာေတာ့ အႏုပညာ အလုပ္ေတြကို လုံးဝရပ္နားလိုက္ၿပီး ခင္ပြန္းနဲ႔ သမီးေလးေတြအတြက္ အိမ္ေထာင္ရွင္မေကာင္း တစ္ေယာက္အျဖစ္ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ သမီးသုံးေယာက္ကို ေမြးဖြားထားတဲ့ နႏၵာလႈိင္က ဒီကေန႔ မွာေတာ့ သမီးအငယ္ဆုံးေလး ေဇမဒီလႈိင္ေလး အေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။

“ကေလးေတြသူ႔ဖြားဖြားကို ကန္ေတာ့ရင္ဖြားဖြားက ပိုက္ဆံအသစ္ေလးေတြလဲထားၿပီးမုန႔္ဖိုးေပးတယ္❤️ေမေမ ကေလးေတြကို ကန္ေတာ့တိုင္းမုန႔္ဖိုးမေပးနဲ႔ဆိုေတာ့ ငါကနည္းနည္းဘဲေပးတာတဲ့🙏 အဲဒါနဲ႔ကေလးေတြကိုမွာတယ္ကန္ေတာ့လို႔ဖြားဖြားမုန႔္ဖိုးေပးရင္အၿမဲတမ္းမယူရဘူးေနာ္လို႔😊
အႀကီးႏွစ္ေယာက္က ok ပါတယ္။ မယ္ေထြးေလးက ကန္ေတာ့ၿပီးလို႔ဖြားဖြားမုန႔္ဖိုးလဲေပးေရာ ဖြားဖြားသမီး မယူဘူးတဲ့ ဖြားဖြားပိုက္ဆံေတြစုၿပီးေမေမ့ကို ေပးလိုက္ေနာ္တဲ့ ေမေမအိမ္ေဆာက္မလို႔တဲ့ 😂” ဆိုၿပီး ဖြားဖြားေပးတဲ့ မုန႔္ဖိုးကို အေမ့ဆီတဆင့္ျပန္ ေပးခိုင္းတဲ့အေၾကာင္း သေဘာက်စြာနဲ႔ ေျပာလာတာပဲ ျဖစ္ပါတယ္။

နႏၵာလႈိင္ရဲ႕ သမီးေထြးေလး ေဇမဒီလႈိင္က ၿပီးခဲ့တဲ့ လပိုင္းကမွ အသက္ (၆)ႏွစ္ ျပည့္သြားခဲ့တာဆိုေပမယ့္ အရမ္းေတြ တတ္ၿပီး ခ်စ္စရာေကာင္း တာပဲေနာ္။ ပရိသတ္ႀကီးလည္း အ႐ြယ္ေလးနဲ႔ မလိုက္ေအာင္ ခ်စ္စရာေကာင္းၿပီး စကားတတ္ လြန္းတဲ့ သမီးေထြးေလး မဒီကို အခ်စ္ပိုေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဖွားဖွားကြီး မုန့်ဖိုးပေးတာနဲ့ပတ်သက်ပြီး ပြောလိုက်တဲ့ မယ်ထွေးလေးရဲ့ စကားကြောင့် တစ်အိမ်သားလုံး သဘောကျ သွားရတဲ့ အကြောင်းကို ပြောပြ လာတဲ့ နန္ဒာလှိုင်

သရုပ်ဆောင် နန္ဒာလှိုင် ကတော့ ကျော့ရှင်းပြီး အပြစ်ဆိုစရာ မရှိတဲ့ အလှအပကြောင့် နာမည်ကြီး ထင်ရှားတဲ့ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေကို ထိပ်ဆုံး ကနေ ဆွတ်ခူးနိုင်ခဲ့တဲ့ နန္ဒာလှိုင်က အိမ်ထောင်ကျပြီး ချိန်မှာတော့ အနုပညာ အလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး ခင်ပွန်းနဲ့ သမီးလေးတွေအတွက် အိမ်ထောင်ရှင်မကောင်း တစ်ယောက်အဖြစ် နေထိုင်နေတာပဲ ဖြစ်ပါတယ်။ သမီးသုံးယောက်ကို မွေးဖွားထားတဲ့ နန္ဒာလှိုင်က ဒီကနေ့ မှာတော့ သမီးအငယ်ဆုံးလေး ဇေမဒီလှိုင်လေး အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ကလေးတွေသူ့ဖွားဖွားကို ကန်တော့ရင်ဖွားဖွားက ပိုက်ဆံအသစ်လေးတွေလဲထားပြီးမုန့်ဖိုးပေးတယ်❤️မေမေ ကလေးတွေကို ကန်တော့တိုင်းမုန့်ဖိုးမပေးနဲ့ဆိုတော့ ငါကနည်းနည်းဘဲပေးတာတဲ့🙏 အဲဒါနဲ့ကလေးတွေကိုမှာတယ်ကန်တော့လို့ဖွားဖွားမုန့်ဖိုးပေးရင်အမြဲတမ်းမယူရဘူးနော်လို့😊
အကြီးနှစ်ယောက်က ok ပါတယ်။ မယ်ထွေးလေးက ကန်တော့ပြီးလို့ဖွားဖွားမုန့်ဖိုးလဲပေးရော ဖွားဖွားသမီး မယူဘူးတဲ့ ဖွားဖွားပိုက်ဆံတွေစုပြီးမေမေ့ကို ပေးလိုက်နော်တဲ့ မေမေအိမ်ဆောက်မလို့တဲ့ 😂” ဆိုပြီး ဖွားဖွားပေးတဲ့ မုန့်ဖိုးကို အမေ့ဆီတဆင့်ပြန် ပေးခိုင်းတဲ့အကြောင်း သဘောကျစွာနဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ သမီးထွေးလေး ဇေမဒီလှိုင်က ပြီးခဲ့တဲ့ လပိုင်းကမှ အသက် (၆)နှစ် ပြည့်သွားခဲ့တာဆိုပေမယ့် အရမ်းတွေ တတ်ပြီး ချစ်စရာကောင်း တာပဲနော်။ ပရိသတ်ကြီးလည်း အရွယ်လေးနဲ့ မလိုက်အောင် ချစ်စရာကောင်းပြီး စကားတတ် လွန်းတဲ့ သမီးထွေးလေး မဒီကို အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment