Celebrity


Written by Ms Cele






ဗစ်ဒယ် ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ပြန်လည် ရယူနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစား လေ့ကျင့်နေတဲ့ အောင်လအန်ဆန်း ရဲ့ ဗီဒီယို

မြန်မာ့ ဂုဏ်ဆောင်လို့ သတ်မှတ်ထားတဲ့ အောင်လအန်ဆန် ကတော့ ပရိသတ်တွေရဲ့ချစ်ခင် အားပေးမှု ကို အပြည့်အဝ ရရှိ ထားတဲ့ သူပဲဖြစ် ပါတယ်။ အောင်လ အန်ဆန် ဟာ ၂၀၁၉ နှစ်ကနေ စတင်ပြီး Onechampionship ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကောင်း တွေကို အနိုင်ယူ ယှဉ်ထိုးသတ် နိုင်တာကြောင့် Onechampionshipရဲ့ အကောင်းဆုံး ဖိုက်တာ ကစားသမား စာရင်းမှာပါဝင်ခဲ့သူပဲဖြစ်ပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က စင်ကာပူ နိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ် ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်တဲ့ ပွဲမှာ စိန်ခေါ်သူ နယ်သာလန် နိုင်ငံသား ရိုင်နာဒီရစ်ဒါကို ပထမ အချီမှာ နောက်ကျော ချုပ်ကွက်နဲ့ အောင်လအန်ဆန် ဟာ ရှုံးနိမ့်ခဲ့ရ ပါတယ်။ အောင်လအန်ဆန်က ရှုံးနိမ့် ခဲ့ရတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမယ်ဆိုတဲ့ အကြောင်းကိုလည်း မြန်မာ့ပရိသတ်တွေ ကတိပေးထား ခဲ့ပါတယ်။

ယခုမှာလည်း အောင်လအန်ဆန်က သူ့ရဲ့ လူမှူကွန်ယက်စာ မျက်နှာမှာ ဗီဒီယိုတစ်ခု တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေး ကတော့ ရှူံးသွားတဲ့ အကြွေးကိုပြန်ဆပ်ဖို့ အတွက် အကောင်းဆုံး ယှဉ်ပြိုင်ထိုး သတ်နိုင်အောင်အစွမ်းကုန် လေ့ကျင့်ပြင်ဆင်နေတဲ့ ဗီဒီယိုလေး ပဲ ဖြစ်ပါတယ်။ ကဲ…ပရိသတ်တွေလည်း အကောင်းဆုံး လေ့ကျင့်ပြင်ဆင်နေတဲ့ အောင်လအန်ဆန်ရဲ့ဗီဒီယိုလေးကို ကြည့်ပြီး အားပေးစကားလေးတွေ ပြောသွားခဲ့ကြပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source : aung la nsang(burmese python)

About the author

Ms Cele

Leave a Comment