Celebrity


Written by Ms Cele





Credit:Swelsone News

ဗိုက်ကလေးနဲ့ချစ်စရာကောင်း နေတဲ့ ချစ်ဇနီးလေးကို ပျော်ရွှင်အောင် ဖန်တီးပေးပြီး ရင်သွေးလေး အတွက် ရင်ခုန်နေတဲ့ စိုးရန်အောင်

သရုပ်ဆောင် စိုးရန်အောင်နဲ့ သရုပ်ဆောင် သက်သခင်တို့စုံတွဲ ကတော့ နှစ်အတော်ကြာအောင် ချစ်သူတွေ အဖြစ် လက်တွဲခဲ့ကြပြီးမှ အိမ်ထောင်သည် ဘဝကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ လက်ထပ်ထိမ်းမြားပြီး ပျော်ရွှင်စွာ နေထိုင်ကြတဲ့ စိုးရန်အောင်တို့ဇနီးမောင်နှံက အခုဆိုရင် မိသားစုဝင် အသစ်လေးတောင် ရရှိတော့မှာ ဖြစ်ပါတယ် ။ စိုးရန်အောင်ရဲ့ဇနီး သက်သခင်က ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကိုကိုယ်ဝန်လွယ် ထားရပြီ ဖြစ်ပါတယ် ။

သက်သခင်ရဲ့ကိုယ်ဝန်က (၉)လထဲကိုရောက်ရှိ လာပြီဖြစ်လို့ မကြာခင် အချိန်မှာပဲ သူတို့ဇနီးမောင်နှံရဲ့ပထမဆုံးသား လှရတနာလေးကို ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ စိုးရန်အောင် ကတော့ နေစေ့လစေ့ဖြစ်နေတဲ့ ကိုယ်ဝန်သည် ဇနီးသည်ကို စိတ်ချမ်းသာပျော်ရွှင်အောင်ထားပြီး ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း သက်သခင်က “Daddy နဲ့ Mommyရဲ့ဘဝထဲ မကြာခင်ရောက် ရှိလာတော့မယ့် သားသားလေးကို ရင်ခုန်စွာနဲ့စောင့်မျှော်နေပါတယ်” ဆိုပြီး ပုံလေးကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

စိုးရန်အောင် ကလည်း “သူဗိုက်လေးနဲ့အမှတ်တရပုံလေးတွေ ရိုက်ချင်တယ်ဆိုတော့လည်း သူ ပျော်ရွှင်စိတ်ချမ်းသာအောင် ဖန်တီးပေးရတာပေါ့ဗျာ….!!!ဓါတ်ဆရာ ဦးဝေယံ Wai Yan Myo Aung ကျေးဇူးအထူးတင်မိ ” ဆိုပြီး ချစ်ဇနီးကို ပျော်အောင်ထားထားတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ မွေးခါနီးလို့ အရင်ကထက် ဗိုက်ကလေး ပိုပိုပူလာတဲ့ ချစ်ဇနီးကို စိုးရန်အောင်ကလည်း အရမ်းတွေ ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် စိုးရန်အောင်နဲ့ သက်သခင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment