Celebrity

ဗိုက္ထဲက ေဘဘီေလးေၾကာင့္ ခ်ဥ္ျခင္းတက္တဲ့ ကိစၥကို နွစ္ေယာက္သား ဂ်ဴတီခြဲ ထားတယ္လို့ အရႊန္းေဖာက္ ေျပာလာတဲ့ ခင္လႊမ္း

Written by Ms Cele

ဗိုက္ထဲက ေဘဘီေလးေၾကာင့္ ခ်ဥ္ျခင္းတက္တဲ့ ကိစၥကို နွစ္ေယာက္သား ဂ်ဴတီခြဲ ထားတယ္လို့ အရႊန္းေဖာက္ ေျပာလာတဲ့ ခင္လႊမ္း

သရုပ္ေဆာင္ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ ကေတာ့ နွစ္ဖက္မိဘ သေဘာတူၾကည္ျဖဴစြာနဲ့ ခ်စ္သူေတြ အျဖစ္ ေရႊလက္တြဲခဲ့ၾကျပီး မေမွ်ာ္လင့္ပဲ ကိုယ္ဝန္ရသြားခ်ိန္ မွာေတာ့ အစီအစဥ္မရိွပဲ လက္ထပ္ ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ ကေတာ့ ရုတ္တရက္ လက္ထပ္ခဲ့ၾကေပမယ့္ သူတို့ နွစ္ေယာက္ရဲ့ ၾကင္စဦးအိမ္ေထာင္သည္ ဘဝေလးကို ေအးခ်မ္းစြာနဲ့ပဲ ျဖတ္သန္းေနျပီး ရင္ေသြးေလး အတြက္ ဂရုတစိုက္ေစာင့္ေရွာက္ေပးေနၾကတာပဲ ျဖစ္ပါတယ္။

ပထမဦးဆံုး ရင္ေသြးေလး အတြက္ စိတ္လႈပ္ရွားရင္ခုန္ေနၾကတဲ့ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ ကေတာ့ ဗိုက္ထဲက သေႏၶသား ေလးေၾကာင့္ ခ်ဥ္ျခင္းတက္တဲ့ ကိစၥကို ဇနီးေမာင္နွံနွစ္ေယာက္ ဂ်ဴတီခြဲထားတဲ့ အေၾကာင္းကို “ကိုယ္က ခုဆို မနက္၃နာရီခြဲ တစ္ခါ မနက္ ၇နာရီတစ္ခါ အစာ ထထ စားေနရတယ္။ အေတြ႕အႀကဳံရွိတဲ့လူေတေျပာတာေတာ့ အဲတာ ကေလးအက်င့္တဲ့။ ဆိုေတာ့ ႏွစ္ေယာက္သား ခုထဲက Duty ခြဲၾကတယ္။ သူက မနက္ ၇နာရီတာဝန္ယူမယ္တဲ့။ ဂ်ဴးက မနက္၃ခြဲ တာဝန္ယူတဲ့ 🥴. ဟုတ္ပါၿပီ ေဖေဖစည္ရယ္ 😁 ရစ္ေမြခံသားႀကီးရဲ႕အခ်စ္ခံခ်စ္ဇနီး ❤️” ဆိုျပီး ခင္လႊမ္းက သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

စည္ျဖိဳးကေတာ့ ရင္ေသြးေလး ကို အမွန္တကယ္ လြယ္ေဆာင္ ထားရတဲ့ ခင္လႊမ္းထက္ ပိုျပီးေတာ့ေတာင္ သည္းသည္းလႈပ္ သူျဖစ္ျပီး သားဦးေလး အတြက္လည္း သူ့ကိုယ္သူ ဂရုစိုက္လြန္းသူ တစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခင္လႊမ္းနဲ့ စည္ျဖိဳးတို့ အျဖစ္ကိုၾကည့္ျပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဗိုက်ထဲက ဘေဘီလေးကြောင့် ချဉ်ခြင်းတက်တဲ့ ကိစ္စကို နှစ်ယောက်သား ဂျူတီခွဲ ထားတယ်လို့ အရွှန်းဖောက် ပြောလာတဲ့ ခင်လွှမ်း

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ကတော့ နှစ်ဖက်မိဘ သဘောတူကြည်ဖြူစွာနဲ့ ချစ်သူတွေ အဖြစ် ရွှေလက်တွဲခဲ့ကြပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားချိန် မှာတော့ အစီအစဉ်မရှိပဲ လက်ထပ် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ကတော့ ရုတ်တရက် လက်ထပ်ခဲ့ကြပေမယ့် သူတို့ နှစ်ယောက်ရဲ့ ကြင်စဦးအိမ်ထောင်သည် ဘဝလေးကို အေးချမ်းစွာနဲ့ပဲ ဖြတ်သန်းနေပြီး ရင်သွေးလေး အတွက် ဂရုတစိုက်စောင့်ရှောက်ပေးနေကြတာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး ရင်သွေးလေး အတွက် စိတ်လှုပ်ရှားရင်ခုန်နေကြတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ကတော့ ဗိုက်ထဲက သန္ဓေသား လေးကြောင့် ချဉ်ခြင်းတက်တဲ့ ကိစ္စကို ဇနီးမောင်နှံနှစ်ယောက် ဂျူတီခွဲထားတဲ့ အကြောင်းကို “ကိုယ်က ခုဆို မနက်၃နာရီခွဲ တစ်ခါ မနက် ရနာရီတစ်ခါ အစာ ထထ စားနေရတယ်။ အတွေ့အကြုံရှိတဲ့လူတေပြောတာတော့ အဲတာ ကလေးအကျင့်တဲ့။ ဆိုတော့ နှစ်ယောက်သား ခုထဲက Duty ခွဲကြတယ်။ သူက မနက် ရနာရီတာဝန်ယူမယ်တဲ့။ ဂျူးက မနက်၃ခွဲ တာဝန်ယူတဲ့ 🥴. ဟုတ်ပါပြီ ဖေဖေစည်ရယ် 😁 ရစ်မွေခံသားကြီးရဲ့အချစ်ခံချစ်ဇနီး ❤️” ဆိုပြီး ခင်လွှမ်းက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

စည်ဖြိုးကတော့ ရင်သွေးလေး ကို အမှန်တကယ် လွယ်ဆောင် ထားရတဲ့ ခင်လွှမ်းထက် ပိုပြီးတော့တောင် သည်းသည်းလှုပ် သူဖြစ်ပြီး သားဦးလေး အတွက်လည်း သူ့ကိုယ်သူ ဂရုစိုက်လွန်းသူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်လွှမ်းနဲ့ စည်ဖြိုးတို့ အဖြစ်ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment