Celebrity

ဗိုက္ထဲမွာ ရိွေနတဲ့ ဒုတိယေျမာက္ ရင္ေသြးေလးရဲ႕ထူးျခားတဲ့ အေၾကာင္းကို ေျပာျပလာတဲ့ နန္းျမတ္ၿဖိဳးသင္း

Written by Ms Cele

ဗိုက္ထဲမွာ ရိွေနတဲ့ ဒုတိယေျမာက္ ရင္ေသြးေလးရဲ႕ထူးျခားတဲ့ အေၾကာင္းကို ေျပာျပလာတဲ့ နန္းျမတ္ၿဖိဳးသင္း

အခုဆိုရင္ နန္းျမတ္ၿဖိဳးသင္း ကေတာ့ ဒုတိယေျမာက္ ရင္ေသြးေလးကို ကိုယ္ဝန္လြယ္ထား 0ရတာပါ။ ကိုယ္ဝန္နဲ႔ ပတ္သက္ၿပီး လစဥ္ က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ ေျပာျပခဲ့ပါတယ္။ “ ကိုယ္ဝန္နဲ႔ပတ္သက္ၿပီး ေထြေထြထူးထူး ဂ႐ုစိုက္ရတယ္ဆိုတာထက္ ေသြးေဖာက္ၿပီး ေဆးစစ္တာေတြေတာ့ရွိတယ္။ ေဆးစစ္တယ္ဆိုတာကလည္း ကိုယ္ဝန္ေဆာင္ၿပီးေတာ့မွ ဆီးခ်ိဳ၊ ေသြးခ်ိဳ လကၡဏာျပတတ္တဲ့သူေတြလည္းရွိတယ္ ဒါမ်ိဳး လကၡဏာေတြရွိမရွိ မျဖစ္မေန စစ္ေဆးရမယ့္အထဲက ပုံမွန္ စစ္ေဆးမႈ တစ္ခုပဲေပါ့ေနာ္။ လစဥ္အလိုက္ လိုအပ္တဲ့ စစ္ေဆးမႈေလးေတြကို OG နဲ႔

တိုင္ပင္ၿပီးေတာ့ စစ္ေဆးေနပါတယ္” လို႔ ဆိုပါတယ္။ နန္းျမတ္ၿဖိဳးသင္းက သူမရဲ႕ သမီးေလးကို ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလထဲမွာ ေမြးဖြားမယ္လို႔ဆိုပါတယ္။ သမီးေလးကို ကိုယ္ဝန္ေဆာင္ရင္း ထူးျခားမႈေလးေတြ ႀကဳံေတြ႕ေနရတဲ့အေၾကာင္း ကိုလည္း အခုလို ေျပာျပခဲ့ပါေသးတယ္။ “ အခုဆိုရင္ ကိုယ္ဝန္က (၆) လရွိၿပီ။ ေဖေဖာ္ဝါရီလထဲမွာေတာ့ ေမြးမယ့္ဒိတ္ေပးထားတယ္။ ထူးျခားမႈကေတာ့ Jack Jack ေလးတုန္းက ကိုယ္ဝန္နဲ႔ ကြာတယ္။ သူမ်ားေတြ ေျပာဖူးတယ္ မိန္းကေလး ကိုယ္ဝန္က ေလးၿပီးေတာ့ ေပါ့ေပါ့ပါးပါးမရွိဘူးေပါ့ေနာ္။ အခုေတာ့ ကိုယ္ကိုယ္တိုင္ ႀကဳံဖူးပါၿပီ။ ေယာက္်ားေလး ကိုယ္ဝန္လြယ္ထားရတုန္းကဆိုရင္ ခရီးေတြလည္းသြား၊ ကိုယ္ဝန္ရွိမွန္းေတာင္ေမ့ေနသေလာက္

ေပါ့ပါးတာပါ။ သမီးေလးရဲ႕ ကိုယ္ဝန္ မွာေတာ့ အထိုင္အထေတြ ေလးတယ္၊ အသက္ရႈၾကပ္တယ္ အသက္ေၾကာင့္ပဲလား၊ ကိုယ္ဝန္ရဲ႕ ကြာျခားမႈေၾကာင့္လား မသိဘူး ကြာျခားမႈေတြကိုေတာ့ သတိထားမိေနတယ္” လို႔ သူက ဆိုပါတယ္။သားတစ္ေယာက္၊ သမီးတစ္ေယာက္တို႔ရဲ႕ ေမေမ ျဖစ္လာေတာ့မယ့္ နန္းျမတ္ၿဖိဳးသင္းကေတာ့ မိသားစုေလးအေၾကာင္းကို ေတြးရင္း ေပ်ာ္႐ႊင္ေနပါတယ္။ သမီးေလးကို ေမြးဖြားလာလို႔ သားေလးကို ဂ႐ုစိုက္မႈ ေလွ်ာ့နည္းသြားခဲ့ရင္ သားကို စိတ္မေကာင္းမျဖစ္ေစဖို႔ ႀကိဳးစားသင္ယူေနတယ္လို႔ ဆိုပါတယ္။ “ သမီးေလးအတြက္ကိုေတာ့ ႀကိဳၿပီးေတာ့ ေမွ်ာ္လင့္ထားတာ မရွိဘူး။ အဓိက ကေတာ့ ႏို႔တိုက္ဖို႔ကိစၥေလးပါပဲ။ တခ်ိဳ႕ေမေမေတြဆို ႏို႔ခဲတာေတြ ျဖစ္ၾကတယ္၊ နန္းျမတ္ကေတာ့ Jack Jack ေလးတုန္းက ႏို႔တိုက္ခြင့္ရခဲ့ေပမယ့္ သမီးေလး အလွည့္မွာ

ဘယ္လိုခံစားရမလဲဆိုတာ မသိေသးဘူး။ သမီးေလးကို ေမြးၿပီးရင္လည္း သားသားကို ဂ႐ုစိုက္မႈ ေလွ်ာ့သြားတဲ့အခါက်ရင္ သားသားကို စိတ္ဓာတ္မက်ေအာင္၊ စိတ္ဒဏ္ရာ မရေအာင္ အဓိက ဂ႐ုစိုက္ရတယ္။ ၿပီးေတာ့ သားသားကိုလည္း ဗိုက္ထဲမွာ ညီမေလးရွိတယ္၊ သားသားနဲ႔ အတူတူ ေဆာ့ဖို႔ ေမြးေပးမယ္ဆိုတာေလးေတြ သူ ေပ်ာ္ေအာင္ သင္ေပးထားတယ္၊ ညီမေလးကိုလည္း ႀကိဳဆိုဖို႔ သူ႔ကို ေသခ်ာ ေျပာျပထားပါတယ္” လို႔ ဆက္လက္

ေျပာျပခဲ့ပါတယ္။ သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းဟာ သားေလး jack jack ကို ေမြးဖြားၿပီးတဲ့ေနာက္ အႏုပညာအလုပ္ေတြကို ခဏတာ ရပ္နားထားတာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူမရဲ႕ သားေလးဟာ အသက္ (၁) ႏွစ္ျပည့္ၿပီးျဖစ္ပါတယ္။ သားေလးရဲ႕ နာမည္အရင္းကိုေတာ့ ခြန္ဘုန္းသုဒၶ လို႔ နာမည္ေပးထားပါတယ္။ နန္းျမတ္ၿဖိဳးသင္းက ခင္ပြန္းျဖစ္သူ ကိုတာတာမ်ိဳးနဲ႔ ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာ(၂၆) ရက္ေန႔က လပ္ထပ္ခဲ့တာ ျဖစ္ပါတယ္။ သားဦးေလးကို

၂၀၁၉ခုႏွစ္၊ ဧၿပီလ(၁၂) ရက္ေန႔က ဂရန္းဟန္သာ ေဆး႐ုံႀကီးမွာ ေမြးဖြား ခဲ့တာ ျဖစ္ပါတယ္။သူမကိုေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္ အျဖစ္ ” ေဖ့စ္ဘြတ္ဘုရင္မ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ TV ေၾကာ္ျငာ ေတြလည္း မ်ားစြာ႐ိုက္ကူးခဲ့ရသူျဖစ္ၿပီး ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္လာတဲ့ မင္းသမီးေခ်ာေလး တစ္ေယာက္ပါ။ ဂီတကိုလည္း ဝါသနာပါသူျဖစ္တာေၾကာင့္ သူငယ္ခ်င္းျဖစ္တဲ့ နန္းသူဇာနဲ႔ အတူ “Friend” ဆိုတဲ့ အေခြ တစ္ေခြ ထြက္ရွိထားတာလည္း ေတြ႕ရပါတယ္။

Credit:ျမန္မာဆယ္လီသတင္းမ်ား

ဗိုက်ထဲမှာ ရှိနေတဲ့ ဒုတိယမြောက် ရင်သွေးလေးရဲ့ထူးခြားတဲ့ အကြောင်းကို ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

အခုဆိုရင် နန်းမြတ်ဖြိုးသင်း ကတော့ ဒုတိယမြောက် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထား 0ရတာပါ။ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး လစဉ် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။ “ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ထွေထွေထူးထူး ဂရုစိုက်ရတယ်ဆိုတာထက် သွေးဖောက်ပြီး ဆေးစစ်တာတွေတော့ရှိတယ်။ ဆေးစစ်တယ်ဆိုတာကလည်း ကိုယ်ဝန်ဆောင်ပြီးတော့မှ ဆီးချို၊ သွေးချို လက္ခဏာပြတတ်တဲ့သူတွေလည်းရှိတယ် ဒါမျိုး လက္ခဏာတွေရှိမရှိ မဖြစ်မနေ စစ်ဆေးရမယ့်အထဲက ပုံမှန် စစ်ဆေးမှု တစ်ခုပဲပေါ့နော်။ လစဉ်အလိုက် လိုအပ်တဲ့ စစ်ဆေးမှုလေးတွေကို OG နဲ့

တိုင်ပင်ပြီးတော့ စစ်ဆေးနေပါတယ်” လို့ ဆိုပါတယ်။ နန်းမြတ်ဖြိုးသင်းက သူမရဲ့ သမီးလေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မွေးဖွားမယ်လို့ဆိုပါတယ်။ သမီးလေးကို ကိုယ်ဝန်ဆောင်ရင်း ထူးခြားမှုလေးတွေ ကြုံတွေ့နေရတဲ့အကြောင်း ကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ “ အခုဆိုရင် ကိုယ်ဝန်က (၆) လရှိပြီ။ ဖေဖော်ဝါရီလထဲမှာတော့ မွေးမယ့်ဒိတ်ပေးထားတယ်။ ထူးခြားမှုကတော့ Jack Jack လေးတုန်းက ကိုယ်ဝန်နဲ့ ကွာတယ်။ သူများတွေ ပြောဖူးတယ် မိန်းကလေး ကိုယ်ဝန်က လေးပြီးတော့ ပေါ့ပေါ့ပါးပါးမရှိဘူးပေါ့နော်။ အခုတော့ ကိုယ်ကိုယ်တိုင် ကြုံဖူးပါပြီ။ ယောက်ျားလေး ကိုယ်ဝန်လွယ်ထားရတုန်းကဆိုရင် ခရီးတွေလည်းသွား၊ ကိုယ်ဝန်ရှိမှန်းတောင်မေ့နေသလောက်

ပေါ့ပါးတာပါ။ သမီးလေးရဲ့ ကိုယ်ဝန် မှာတော့ အထိုင်အထတွေ လေးတယ်၊ အသက်ရှုကြပ်တယ် အသက်ကြောင့်ပဲလား၊ ကိုယ်ဝန်ရဲ့ ကွာခြားမှုကြောင့်လား မသိဘူး ကွာခြားမှုတွေကိုတော့ သတိထားမိနေတယ်” လို့ သူက ဆိုပါတယ်။သားတစ်ယောက်၊ သမီးတစ်ယောက်တို့ရဲ့ မေမေ ဖြစ်လာတော့မယ့် နန်းမြတ်ဖြိုးသင်းကတော့ မိသားစုလေးအကြောင်းကို တွေးရင်း ပျော်ရွှင်နေပါတယ်။ သမီးလေးကို မွေးဖွားလာလို့ သားလေးကို ဂရုစိုက်မှု လျှော့နည်းသွားခဲ့ရင် သားကို စိတ်မကောင်းမဖြစ်စေဖို့ ကြိုးစားသင်ယူနေတယ်လို့ ဆိုပါတယ်။ “ သမီးလေးအတွက်ကိုတော့ ကြိုပြီးတော့ မျှော်လင့်ထားတာ မရှိဘူး။ အဓိက ကတော့ နို့တိုက်ဖို့ကိစ္စလေးပါပဲ။ တချို့မေမေတွေဆို နို့ခဲတာတွေ ဖြစ်ကြတယ်၊ နန်းမြတ်ကတော့ Jack Jack လေးတုန်းက နို့တိုက်ခွင့်ရခဲ့ပေမယ့် သမီးလေး အလှည့်မှာ

ဘယ်လိုခံစားရမလဲဆိုတာ မသိသေးဘူး။ သမီးလေးကို မွေးပြီးရင်လည်း သားသားကို ဂရုစိုက်မှု လျှော့သွားတဲ့အခါကျရင် သားသားကို စိတ်ဓာတ်မကျအောင်၊ စိတ်ဒဏ်ရာ မရအောင် အဓိက ဂရုစိုက်ရတယ်။ ပြီးတော့ သားသားကိုလည်း ဗိုက်ထဲမှာ ညီမလေးရှိတယ်၊ သားသားနဲ့ အတူတူ ဆော့ဖို့ မွေးပေးမယ်ဆိုတာလေးတွေ သူ ပျော်အောင် သင်ပေးထားတယ်၊ ညီမလေးကိုလည်း ကြိုဆိုဖို့ သူ့ကို သေချာ ပြောပြထားပါတယ်” လို့ ဆက်လက်

ပြောပြခဲ့ပါတယ်။ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ သားလေး jack jack ကို မွေးဖွားပြီးတဲ့နောက် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ သားလေးဟာ အသက် (၁) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သားလေးရဲ့ နာမည်အရင်းကိုတော့ ခွန်ဘုန်းသုဒ္ဓ လို့ နာမည်ပေးထားပါတယ်။ နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သားဦးလေးကို

၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။သူမကိုတော့ သရုပ်ဆောင် တစ်ယောက် အဖြစ် ” ဖေ့စ်ဘွတ်ဘုရင်မ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် TV ကြော်ငြာ တွေလည်း များစွာရိုက်ကူးခဲ့ရသူဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ ဂီတကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့ အတူ “Friend” ဆိုတဲ့ အခွေ တစ်ခွေ ထွက်ရှိထားတာလည်း တွေ့ရပါတယ်။

Credit:မြန်မာဆယ်လီသတင်းများ

About the author

Ms Cele

Leave a Comment