Celebrity


Written by Ms Cele





Credit:Celebrity News

ဗိုက်ထဲမှာ ရှိနေတဲ့ ရင်သွေးလေးက ခင်ပွန်းဖြစ်သူ စည်ဖြိုးရဲ့အကျင့်တွေနဲ့ တူကြောင်း ပြောပြလာတဲ့ ခင်လွှမ်း

ပရိသတ်ကြီးရေ စည်ဖြိုးလို ့ပြော လိုက်တာနဲ့ မော်ဒယ်လ် ခင်လွှမ်းကို တွဲမြင်ကြမယ် ထင်ပါတယ်။နိုဝင်ဘာလ၅ရက်နေ့မှာ စည်ဖြိုးနဲ့ခင်လွှမ်းတို့ရဲ့ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ နှင့် မင်္ဂလာဦး ဆွမ်းကျွေး အလှူကို ကျင်းပခဲ့တာဖြစ်ပြီး အနုပညာမောင်နှမ တွေတက်ရောက် ခဲ့ကြတာပါ။

လက်ရှိ မှာတော့ ကိုယ်ဝန်ကို လွယ်ထားရကြောင်း ပရိသတ်တွေကို တရားဝင်အသိ ပေးခဲ့ပြီး ပျော်ရွှင်အေးချမ်းစွာ အိမ်ထောင်သည် ဘဝကိုဖြတ်သန်းနေကြ တာပါ။ ဒီနေ့မှာတော့ ခင်လွှမ်းက ” ဗိုက်ထဲမှာထဲက ဖအေ အကျင့်တေပြနေပြီ . ည မအိပ်ခင် ဘာမှမစားတတ်တဲ့ကျွန်မ ခုဆို ည မအိပ်ခင် တစ်ခုခု စားလိုက်ရမှ. သူ့ဖအေပါ စားတာနော် ။သန်းခေါင်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တဲ့ ကျွန်မ ခုဆို ထထပြီး တစ်ခုခု စားနေရပြီ. သူ့ဖအေပါ ထစားတာနော် ။အချိုဆို လုံးဝ မကြိုက်တဲ့ကျွန်မ ခုဆို ချိုမှ စားချင်တာ . လုံးဝ သူ့ဖအေ အကျင့်တေ 😄”ဆိုကာ သူမရဲ့ခင်ပွန်းဖြစ်သူစည်ဖြိုးရဲ့အကျင့်တွေရင်သွေးလေးမှာပါနေကြောင်းပြောပြခဲ့တာပါ။

တကယ့်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးလို ့ပြောရင်မှားမယ် မထင်ပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Celebrity News

About the author

Ms Cele

Leave a Comment