Celebrity


Written by Ms Cele





Credit:Swelsone News

ဗိုက်လေးကို အနမ်းပေးတဲ့ မမြတ်လေးကြောင့် ကျေးဇူးတင်ကာ ပျော်ရွှင်မဆုံး ဖြစ်နေတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ အဆိုတော်ချမ်းချမ်း ကတော့ လက်ရှိမှာဆိုရင် အနုပညာ အလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေပြီး ပွဲတွေကိုလည်း အနည်းအကျဉ်း တက်ရောက်နေတာဖြစ်ပါတယ်။ချမ်းချမ်းက အနုပညာလမ်းကြောင်း ပေါ်မှာ အောင်မြင်နေတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ် အများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ချမ်းချမ်းက သူမရဲ့သမီးကြီးလေး ကိုလည်း အမြဲပျော်ရွှင်အောင် ဖန်တီးပေးပြီး မိခင်ကောင်းပီသစွာနဲ့ ဂရုစိုက်စောင့်ရှောက်နေတာဖြစ်ပါတယ်နော်။

ချမ်းချမ်းက (2.1.2021)ရက်နေ့တုန်းက ဆိုရင် SHAYiဆိုင်သစ်ဖွင့်ပွဲလေးကို တခြားအနုပညာရှင် ညီအစ်မတွေနဲ့အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့တာဖြစ်ပါတယ်။SHAYiဆိုင်ခွဲသစ်ဖွင့်ပွဲလေးကို ချမ်းချမ်း၊နန်းဆုရတီစိုး၊သန္တာလှိုင်၊ပိုင်ဖြိုးသု၊အေးမြတ်သူ၊သင်ဇာဝင့်ကျော်၊စန္ဒီမြင့်လွင်နဲ့ဇင်အောင်တို့က တက်ရောက် ခဲ့ကြတာဖြစ်ပါတယ်။ချမ်းချမ်းတို့ အနုပညာမောင်နှမတွေကတော့ တွေ့ဆုံကြတဲ့ အချိန်ခဏလေးမှာ ဓာတ်ပုံအတူတူရိုက်ကြပြီး ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်နော်။

မမြတ်လေး ကတော့ ချမ်းချမ်းကိုတွေ့တုန်း သူမရဲ့ဗိုက်လုံးလုံး လေးကို အနမ်းပေးပြီး အရမ်းချစ်နေတာ ဖြစ်ပါတယ်။ချမ်းချမ်းက”မမြတ်လေးရေ ချမ်းချမ်းကိုချစ်ပေးတဲ့ အတွက် ကျေးဇူးပါ SHAYiဖွင့်ပွဲမှာ ချစ်ရတဲ့အနုပညာရှင် မောင်နှမတွေနဲ့နှစ်သစ် အစမှာ ပျော်ရွှင်စွာဆုံတွေ့ရလို့ အားလုံးကို ချစ်တယ် ကျေးဇူးတင်ပါတယ်နော် Congratulationsမဘောက်ရေ ချစယ်နော်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ချမ်းချမ်းကတော့ အရမ်းပြုံးပျော်ရွှင်နေပြီး စိတ်ချမ်းသာနေလို့ သူမရဲ့ပုံရိပ်လေး တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment