Celebrity

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဆီက စိတ္ခြန္အား ယူၿပီး ၿပိဳင္ဘက္ ကို အနိုင္ယူ ခဲ့တာလို႔ ေျပာလိုက္တဲ့ ေဒဝ Dave Luduc

Written by Ms Cele

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဆီက စိတ္ခြန္အား ယူၿပီး ၿပိဳင္ဘက္ ကို အနိုင္ယူ ခဲ့တာလို႔ ေျပာလိုက္တဲ့ ေဒဝ Dave Luduc

ျမန္မာပရိတ္သတ္မ်ားရဲ့ အားေပးမႈ အခိုင္အမာ ရရွိထားတဲ့ ျမန္မာ့ရိုးရာ လက္ေဝွ႕ေက်ာ္ ေဒဝ ေခၚ Dave Luduc ဟာ နိုဝင္ဘာလ ၈ ရက္ေန႔မွာ အေမရိကန္ နိုင္ငံသား ဆိုင္းရပ္ ဝါရွင္တန္ နဲ႔ ထိုးသတ္ၿပီး အလဲထိုးနဲ႔ အနိုင္ရရွိခဲ့ပါတယ္ ဒီလိုအနိုင္ရရွိခဲ့ ဖို႔အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့စိတ္ဓာတ္ ခြန္အားကို ရယူခဲ့တာျဖစ္တယ္လို႔ WLC ရဲ့ ကမၻာ့လက္ေဝွ႕ခ်န္ပီယံ ေဒဝက ေျပာပါတယ္

ဒီၿပိဳင္ပြဲနဲ႔ ေအာင္ပြဲကို ကၽြန္ေတာ့္ ကို ၾကင္နာစြာ ေမြးစားေပးထားတဲ့ ျမန္မာနိုင္ငံအတြက္ ျမႇုပ္ႏွံထားခဲ့တာပါ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကၽြန္ေတာ့္ရဲ့ ဈာန္ဝင္စားမႈအတြက္ စိတ္ခြန္အားယူရတဲ့သူကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပါ လို႔ လက္ေဝွ႕ခ်န္ပီယံေဒဝက သူ႔ရဲ့လူမႈကြန္ရက္မွာ ေရးသားထားပါတယ္

အေမရိကန္ လက္ေဝွ႕သမား ဆိုင္းရပ္စ္ဟာ ျမန္မာနိုင္ငံကို မၾကာခဏ လာေရာက္ၿပီး ျမန္မာ့ ထိပ္တန္း လက္ေဝွ႕သမား မ်ားကို စိန္ေခၚ ထိုးသတ္ကာ အခက္ေတြ႕ေစခဲ့သူ ျဖစ္ပါတယ္ ခႏၶာကိုယ္ ေတာင့္တင္းက်စ္လစ္ၿပီး ေမြ႕ထိုင္းနဲ႔ ကစ္ေဘာက္ဆင္ပညာကို ကၽြမ္းက်င္တဲ့ ဆိုင္းရပ္စ္ကို လက္ေဝွ႕ေက်ာ္ ေဒဝက ႀကိဳးဝိုင္းအတြင္းမွာ လက္ရည္အသာစီးနဲ႔ ထိုးသတ္ၿပီး အနိုင္ယူခဲ့တ ျဖစ္ပါတယ္

ဒီလက္စားေခ် ပြဲမွာ ဆိုင္းရပ္စ္က ၂၀၁၇ ကၽြန္ေတာ္တို႔ ပထမဆုံးေတြ႕ခဲ့တုန္းကထက္ ပိုႀကံ့ခိုင္လာခဲ့တယ္။

ဒါေပမယ့္ ၿပိဳင္ပြဲစည္းကမ္းေတြက အေကာင္းဆုံး လိုက္နာၿပီး ကၽြန္ေတာ္ အနိုင္ယူခဲ့နိုင္ပါတယ္ ျမန္မာ့ ဂုဏ္သိကၡာအတြက္ ကၽြန္ေတာ္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တာပါ။

လုံးရဲ့ ဝန္းရံအားေပးမႈေတြ အတြက္ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ လို႔ ကေနဒါနိုင္ငံသားျဖစ္ေပမယ့္ ျမန္မာ့ လက္ေဝွ႕ကို ခ်စ္ျမတ္နိုးသူ ေဒဝက သူ႔ရဲ့လူမႈကြန္ရက္မွာ ေရးသားေဖာ္ျပပါတယ္

နိုင္ငံတကာ ျမန္မာ့ရိုးရာလက္ေဝွ႕ပြဲေတြမွာ ျမန္မာျပည္ကိုယ္စားျပဳ ထိုးသတ္ေနတဲ့ ေဒဝဟာ ထိုင္းနိုင္ငံရဲ့ ကမၻာေက်ာ္ ေမြ႕ထိုင္းဖိုက္တာေတြကို ထိုးသတ္ဖို႔ စိန္ေခၚထားၿပီး ျမန္မာ့လက္ေဝွ႕ဟာ ေမြ႕ထိုင္းထက္ သာတယ္ဆိုတာကို ျပသခ်င္တယ္လို႔ ေႂကြးေၾကာ္ထားသူ ျဖစ္ပါတယ္

crd ဧရာဝတီ၊ ဆလိုင္းသန႔္စင္၊ နိုဝင္ဘာ ၉၊ ၂၀၂၀

ဗိုလ်ချုပ်အောင်ဆန်း ဆီက စိတ်ခွန်အား ယူပြီး ပြိုင်ဘက် ကို အနိုင်ယူ ခဲ့တာလို့ ပြောလိုက်တဲ့ ဒေဝ Dave Luduc

မြန်မာပရိတ်သတ်များရဲ့ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ဒေဝ ခေါ် Dave Luduc ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ အမေရိကန် နိုင်ငံသား ဆိုင်းရပ် ဝါရှင်တန် နဲ့ ထိုးသတ်ပြီး အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ် ဒီလိုအနိုင်ရရှိခဲ့ ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓာတ် ခွန်အားကို ရယူခဲ့တာဖြစ်တယ်လို့ WLC ရဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဒေဝက ပြောပါတယ်

ဒီပြိုင်ပွဲနဲ့ အောင်ပွဲကို ကျွန်တော့် ကို ကြင်နာစွာ မွေးစားပေးထားတဲ့ မြန်မာနိုင်ငံအတွက် မြှုပ်နှံထားခဲ့တာပါ။ ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော့်ရဲ့ ဈာန်ဝင်စားမှုအတွက် စိတ်ခွန်အားယူရတဲ့သူကတော့ ဗိုလ်ချုပ်အောင်ဆန်းပါ လို့ လက်ဝှေ့ချန်ပီယံဒေဝက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်

အမေရိကန် လက်ဝှေ့သမား ဆိုင်းရပ်စ်ဟာ မြန်မာနိုင်ငံကို မကြာခဏ လာရောက်ပြီး မြန်မာ့ ထိပ်တန်း လက်ဝှေ့သမား များကို စိန်ခေါ် ထိုးသတ်ကာ အခက်တွေ့စေခဲ့သူ ဖြစ်ပါတယ် ခန္ဓာကိုယ် တောင့်တင်းကျစ်လစ်ပြီး မွေ့ထိုင်းနဲ့ ကစ်ဘောက်ဆင်ပညာကို ကျွမ်းကျင်တဲ့ ဆိုင်းရပ်စ်ကို လက်ဝှေ့ကျော် ဒေဝက ကြိုးဝိုင်းအတွင်းမှာ လက်ရည်အသာစီးနဲ့ ထိုးသတ်ပြီး အနိုင်ယူခဲ့တ ဖြစ်ပါတယ်

ဒီလက်စားချေ ပွဲမှာ ဆိုင်းရပ်စ်က ၂၀၁၇ ကျွန်တော်တို့ ပထမဆုံးတွေ့ခဲ့တုန်းကထက် ပိုကြံ့ခိုင်လာခဲ့တယ်။

ဒါပေမယ့် ပြိုင်ပွဲစည်းကမ်းတွေက အကောင်းဆုံး လိုက်နာပြီး ကျွန်တော် အနိုင်ယူခဲ့နိုင်ပါတယ် မြန်မာ့ ဂုဏ်သိက္ခာအတွက် ကျွန်တော် ယှဉ်ပြိုင်ထိုးသတ်ခဲ့တာပါ။

လုံးရဲ့ ဝန်းရံအားပေးမှုတွေ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ လို့ ကနေဒါနိုင်ငံသားဖြစ်ပေမယ့် မြန်မာ့ လက်ဝှေ့ကို ချစ်မြတ်နိုးသူ ဒေဝက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်

နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေမှာ မြန်မာပြည်ကိုယ်စားပြု ထိုးသတ်နေတဲ့ ဒေဝဟာ ထိုင်းနိုင်ငံရဲ့ ကမ္ဘာကျော် မွေ့ထိုင်းဖိုက်တာတွေကို ထိုးသတ်ဖို့ စိန်ခေါ်ထားပြီး မြန်မာ့လက်ဝှေ့ဟာ မွေ့ထိုင်းထက် သာတယ်ဆိုတာကို ပြသချင်တယ်လို့ ကြွေးကြော်ထားသူ ဖြစ်ပါတယ်

crd ဧရာဝတီ၊ ဆလိုင်းသန့်စင်၊ နိုဝင်ဘာ ၉၊ ၂၀၂၀

About the author

Ms Cele

Leave a Comment