Celebrity

ဗိုလ္တေထာင္ ေစတီေတာ္ အတြင္း သာသနာေတာ္ ထြန္းကား ျပန႔္ပြားေစဖို႔ အလႉေငြ သိန္း (၂၀) လႉဒါန္းခဲ့တဲ့ ခန္႕စည္သူ

Written by Ms Cele

ဗိုလ္တေထာင္ ေစတီေတာ္ အတြင္း သာသနာေတာ္ ထြန္းကား ျပန႔္ပြားေစဖို႔ အလႉေငြ သိန္း (၂၀) လႉဒါန္းခဲ့တဲ့ ခန္႕စည္သူ

ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ အစိုးရရဲ႕ ဂုဏ္ျပဳခ်ီးျမႇင့္ ဘြဲ႕ရထားတဲ့ သီဟသုဓမၼမဏိေဇာတဓရ ခန႔္စည္သူ ကေတာ့ တစ္ကိုယ္တည္း လူပ်ိဳႀကီး ပီပီ မိဘႏွစ္ပါးကို လုပ္ေကြၽးျပဳစုရင္း အလႉအတန္း ေတြကို အၿမဲတမ္းျပဳလုပ္ေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခန႔္စည္သူကေတာ့ ေမတၱာသဂၤဟပရဟိတအဖြဲ့ ကိုလည္း ဦးေဆာင္ေနသူ တစ္ေယာက္ျဖစ္ျပီး ကိုဗစ္ကာလ မွာလည္း လိုအပ္ေနတဲ့ ေနရာေတြ မွန္သမွ်ကို ေထာက္ပံ့ကူညီလွဴဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။

မေန့က နိုဝင္ဘာလ (၂၈) ရက္ေန့ မွာလည္း ခန့္စည္သူက သိန္း (၂၀) လွဴဒါန္းခဲ့တဲ့ အလွဴေလးကို “ဗိုလ္တေထာင္က်ိဳက္ေဒးအပ္ဆံေတာ္ဦးေစတီေတာ္ျမတ္ႀကီးအတြင္းရွိ မဂၢင္ဓါတုေစတီေတာ္ႀကီး၏ ထီးေတာ္(၁)ဆူႏွင့္ အရံေစတီေတာ္ (၈)ဆူ အတြက္ ထီးေတာ္မ်ားတင္လႉ ပူေဇာ္လႉဒါန္းခဲ့ျခင္းႏွင့္ သာသနာေတာ္ ထြန္းကားျပန႔္ပြားေရးဦးစီးဌာန၊ အေဆာက္အဦးမ်ား တည္ေဆာက္ေရးအတြက္ အလႉေငြ က်ပ္သိန္း(၂၀) လႉဒါန္းခဲ့ပါတယ္။ လႉဒါန္းမႈ အစုစုတို ႔အတြက္ နတ္၊လူ သာဓုေခၚပါေစေသာ္… 🙏🙏🙏” ဆိုျပီး သူ့ရဲ့ ကုသိုလ္ေလး ကို မွ်ေဝေပး လာပါတယ္။

ခန့္စည္သူ ကေတာ့ အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းရင္း တစ္ကိုယ္ တည္း လူပ်ိဳၾကီးအျဖစ္ အပူအပင္ကင္းကင္း ရိွေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ ၾကီးလည္း ခန့္စည္သူရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္ စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဗိုလ်တထောင် စေတီတော် အတွင်း သာသနာတော် ထွန်းကား ပြန့်ပွားစေဖို့ အလှူငွေ သိန်း (၂၀) လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရရဲ့ ဂုဏ်ပြုချီးမြှင့် ဘွဲ့ရထားတဲ့ သီဟသုဓမ္မမဏိဇောတဓရ ခန့်စည်သူ ကတော့ တစ်ကိုယ်တည်း လူပျိုကြီး ပီပီ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုရင်း အလှူအတန်း တွေကို အမြဲတမ်းပြုလုပ်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခန့်စည်သူကတော့ မေတ္တာသင်္ဂဟပရဟိတအဖွဲ့ ကိုလည်း ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပြီး ကိုဗစ်ကာလ မှာလည်း လိုအပ်နေတဲ့ နေရာတွေ မှန်သမျှကို ထောက်ပံ့ကူညီလှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၂၈) ရက်နေ့ မှာလည်း ခန့်စည်သူက သိန်း (၂၀) လှူဒါန်းခဲ့တဲ့ အလှူလေးကို “ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးအတွင်းရှိ မဂ္ဂင်ဓါတုစေတီတော်ကြီး၏ ထီးတော်(၁)ဆူနှင့် အရံစေတီတော် (၈)ဆူ အတွက် ထီးတော်များတင်လှူ ပူဇော်လှူဒါန်းခဲ့ခြင်းနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ အဆောက်အဦးများ တည်ဆောက်ရေးအတွက် အလှူငွေ ကျပ်သိန်း(၂၀) လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းမှု အစုစုတို ့အတွက် နတ်၊လူ သာဓုခေါ်ပါစေသော်… 🙏🙏🙏” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေး ကို မျှဝေပေး လာပါတယ်။

ခန့်စည်သူ ကတော့ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းရင်း တစ်ကိုယ် တည်း လူပျိုကြီးအဖြစ် အပူအပင်ကင်းကင်း ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း ခန့်စည်သူရဲ့ ကုသိုလ်လေးကို ဝမ်းမြောက် စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment