Celebrity


Written by Ms Cele





Source: Pyay Ti Oo ‘s fb

ဗုဒ္ဓဘာသာမြန်မာ လူမျိုးပီပီ မေတ္တာပို့၊ ဆုတောင်းရင်း တတ်နိုင်တဲ့ ဘက်ကနေ ကုသိုလ်ပြုပေးနေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

ပြည်သူချစ် အနုပညာရှင် နှစ်ယောက်ဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ကတော့ အကယ်ဒမီဆုကြီးတွေကို အသီးသီ းပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသား၊ မင်းသမီး ဖြစ်ကြပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ပြည်သူချစ် အနုပညာရှင်တွေပီပီ လက်ရှိ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေစဉ်မှာလည်း ပြည်သူလူထုနဲ့ တသားတည်း ဆန္ဒထုတ်ဖော်နေကြတာပဲ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ကတော့ နေ့စဉ်နေ့တိုင်း လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်နေကြသလို အိမ်မှာလည်း ညတိုင်းသံပုံးတီးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတာပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် စနစ်ကို အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ဆန့်ကျင် ဆန္ဒပြနေကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ကတော့ မနေ့က ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာလည်း တစ်အိမ်လုံး ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုက ည (၉) နာရီတိတိမှာ တစ်အိမ်လုံး ပဌာန်းရွတ်ဖတ်ပူဇော်ပြီး ကိုယ်စောင့်နတ်တွေကို မေတ္တာပို့၊ အမျှဝေခဲ့ကြတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ကတော့ ဗုဒ္ဓဘာသာမြန်မာ လူမျိုးပီပီ မေတ္တာပို့၊ ဆုတောင်းရင်း တတ်နိုင်တဲ့ ဘက်ကနေ ကုသိုလ်ပြု ဆုတောင်းနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Pyay Ti Oo ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment