Celebrity

ဗုဒၶဘာသာ၀င္တိုင္း သိထားသင့္တဲ့ ဘာသာေရးနဲ့ ပတ္သက္တဲ့ နည္းလမ္း ေကာင္းေလးကို ေျပာျပလာတဲ့ ေနျခည္ဦး

Written by Ms Cele

ဗုဒၶဘာသာ၀င္တိုင္း သိထားသင့္တဲ့ ဘာသာေရးနဲ့ ပတ္သက္တဲ့ နည္းလမ္း ေကာင္းေလးကို ေျပာျပလာတဲ့ ေနျခည္ဦး

ကိုယ္ပိုင္ အရည္အခ်င္း အျပည့္နဲ႔ အားထုတ္ႀကိဳးပမ္းမႈ တို႔ေၾကာင့္ အခ်ိန္တိုအတြင္း ပရိသတ္ ရင္ထဲမွာ ေနရာတစ္ခုရလာ သူကေတာ့ ခ်ီခ်ီပါ။ ခ်ီခ်ီကေတာ့ အခုလိုေအာင္ျမင္သူ တစ္ေယာက္ျဖစ္လာဖို ႔အတြက္ ရသမၽွအခ်ိန္တိုေလး အတြင္းမွာ လုံးဝမနားဘဲ ႐ုပ္ပိုင္းဆိုင္ရာ စိတ္ဓာတ္ပိုင္း ဆိုင္ရာ ၿပီးျပည့္စုံေအာင္ ႀကိဳးစားျပင္ဆင္ခဲ့ သလို ပရိသတ္နဲ႔လည္း အျမဲတစ္သားတည္းရွိခဲ့ သူတစ္ေယာက္ပါ။

ေအာင္ျမင္လာၿပီး ေနာက္ပိုင္း ကိုယ္ပိုင္ ဝင္ေငြနဲ႔ အလႉႀကီးအတန္းႀကီးေတြ ဆက္တိုက္ျပဳလုပ္လာ ခဲ့သလို လတ္တေလာ မွာလည္း She Shines နဲ႔အတူ အြန္လိုင္း Live Sale ေရာင္းရေငြမွ အလႉေငြ သိန္းတစ္ေထာင္ကိုလည္း လိုအပ္ေနတဲ့ ေနရာေတြကိုဆက္တိုက္ လႉဒါန္းေနၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ပရိသတ္ အတြက္ သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာမွာ တစ္ခု မဟုတ္တစ္ခု ေန႔စဥ္နီးပါးမၽွေဝေပးေနသူ ခ်ီခ်ီ ကေတာ့ ဒီေန႔မွာ ဗုဒၶဘာသာဝင္တိုင္း ျပဳလုပ္ေလ့ ရွိတဲ့ ေမတၱာပို႔ အမၽွေဝနည္းေလးကို ျပည့္ျပည့္ စုံစုံေလး ေမတၱာပို႔ၿပီး အမၽွေဝနိုင္ေအာင္ သူရြတ္ ဆိုေနက် အရာေလးကို မၽွေဝ လာပါတယ္။

ေနျခည္ ညတိုင္းရြတ္ဆို ေနတဲ့ ေမတၱာပို႔ အမၽွေဝ စာပိုဒ္ေလးပါ။ အရင္က state ေက်ာင္းတုန္းက အလြတ္ရတဲ့ အမၽွေဝနည္းေလးပဲ ရြတ္ျဖစ္ ေနေတာ့ အခုဒါေလးက ပိုမိုျပည့္စုံနက္နဲ တာေၾကာင့္ လိုခ်င္တဲ့ သူမ်ားရွိရင္ save ထားလို႔ ရေအာင္ပါ ဆိုၿပီး မၽွေဝေပး လာပါတယ္။ ကိုယ္သိထားတဲ့ေကာင္းတဲ့ အရာေလးကို ခ်စ္ရသူေတြကို မၽွေဝေပးျခင္း ကလည္း ဂ႐ုစိုက္ျခင္းတစ္မ်ိဳး ပဲမို႔ ခ်ီခ်ီကေတာ့ ခ်စ္ရတဲ့ ပရိသတ္ေတြ အတြက္ ျပန္လည္မၽွေဝ ေပးခဲ့တာပဲ ျဖစ္ပါတယ္။

Credit:Cele Gabar

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ နည်းလမ်း ကောင်းလေးကို ပြောပြလာတဲ့ နေခြည်ဦး

ကိုယ်ပိုင် အရည်အချင်း အပြည့်နဲ့ အားထုတ်ကြိုးပမ်းမှု တို့ကြောင့် အချိန်တိုအတွင်း ပရိသတ် ရင်ထဲမှာ နေရာတစ်ခုရလာ သူကတော့ ချီချီပါ။ ချီချီကတော့ အခုလိုအောင်မြင်သူ တစ်ယောက်ဖြစ်လာဖို ့အတွက် ရသမျှအချိန်တိုလေး အတွင်းမှာ လုံးဝမနားဘဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြီးပြည့်စုံအောင် ကြိုးစားပြင်ဆင်ခဲ့ သလို ပရိသတ်နဲ့လည်း အမြဲတစ်သားတည်းရှိခဲ့ သူတစ်ယောက်ပါ။

အောင်မြင်လာပြီး နောက်ပိုင်း ကိုယ်ပိုင် ဝင်ငွေနဲ့ အလှူကြီးအတန်းကြီးတွေ ဆက်တိုက်ပြုလုပ်လာ ခဲ့သလို လတ်တလော မှာလည်း She Shines နဲ့အတူ အွန်လိုင်း Live Sale ရောင်းရငွေမှ အလှူငွေ သိန်းတစ်ထောင်ကိုလည်း လိုအပ်နေတဲ့ နေရာတွေကိုဆက်တိုက် လှူဒါန်းနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ် အတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တစ်ခု မဟုတ်တစ်ခု နေ့စဉ်နီးပါးမျှဝေပေးနေသူ ချီချီ ကတော့ ဒီနေ့မှာ ဗုဒ္ဓဘာသာဝင်တိုင်း ပြုလုပ်လေ့ ရှိတဲ့ မေတ္တာပို့ အမျှဝေနည်းလေးကို ပြည့်ပြည့် စုံစုံလေး မေတ္တာပို့ပြီး အမျှဝေနိုင်အောင် သူရွတ် ဆိုနေကျ အရာလေးကို မျှဝေ လာပါတယ်။

နေခြည် ညတိုင်းရွတ်ဆို နေတဲ့ မေတ္တာပို့ အမျှဝေ စာပိုဒ်လေးပါ။ အရင်က state ကျောင်းတုန်းက အလွတ်ရတဲ့ အမျှဝေနည်းလေးပဲ ရွတ်ဖြစ် နေတော့ အခုဒါလေးက ပိုမိုပြည့်စုံနက်နဲ တာကြောင့် လိုချင်တဲ့ သူများရှိရင် save ထားလို့ ရအောင်ပါ ဆိုပြီး မျှဝေပေး လာပါတယ်။ ကိုယ်သိထားတဲ့ကောင်းတဲ့ အရာလေးကို ချစ်ရသူတွေကို မျှဝေပေးခြင်း ကလည်း ဂရုစိုက်ခြင်းတစ်မျိုး ပဲမို့ ချီချီကတော့ ချစ်ရတဲ့ ပရိသတ်တွေ အတွက် ပြန်လည်မျှဝေ ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment