Celebrity

ဗုဒၶ ရုပ္ပြားေတာ္ျမတ္ကို သြားေရာက္ ဖူးေမွ်ာ္ရင္း သဒၵါေပၚလာလို့ ဝတ္ထားတဲ့ ေရႊလက္စြက္ ကို ခ်က္ခ်င္း ခြ်တ္ျပီး လွဴဒါန္းခဲ့တဲ့ ေခးဆက္သြင္

Written by Ms Cele

ဗုဒၶ ရုပ္ပြားေတာ္ျမတ္ကို သြားေရာက္ ဖူးေမွ်ာ္ရင္း သဒၵါေပၚလာလို့ ဝတ္ထားတဲ့ ေရႊလက္စြက္ ကို ခ်က္ခ်င္း ခြ်တ္ျပီး လွဴဒါန္းခဲ့တဲ့ ေခးဆက္သြင္

“အရိပ္”၊ “ေလးစံုတြဲ”၊ “ဥယ်ဥ္မွဴးျဖစ္ ဖူးခ်င္သည္” “Flowers & Butterflies”၊ “နွင္းဆီ” စတဲ့ ဇာတ္လမ္းတြဲ ေတြမွာ က်ရာဇာတ္ရုပ္မွာ ပီပီျပင္ျပင္ သရုပ္ေဆာင္နိုင္ ခဲ့တဲ့ မင္းသမီးေလး ေခးဆက္သြင္က ရုပ္သံဇာတ္လမ္းတြဲေတြမွာ မတူညီတဲ့ ကာရိုက္တာ ေတြကို သရုပ္ေဆာင္ရင္း ပရိသတ္ေတြ အားေပးျခင္းကို ခံရတဲ့ မင္းသမီး တစ္လက္ပါပဲ။ တစ္ေန့ထက္ တစ္ေန့ ေအာင္ျမင္မႈေတြ တိုးပြားရရိွလာခဲ့တဲ့ ေခးဆက္သြင္က အခုဆိုရင္ အနုပညာအလုပ္ေတြကို လက္မလည္ ေအာင္ လုပ္ကိုင္ေနရျပီး ေၾကာ္ျငာေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သရုပ္ေဆာင္ ေနတာကို ေတြ့ရပါတယ္။ ပရိသတ္ေတြကလည္း သူတို့ခ်စ္ခင္ ရတဲ့ မင္းသမီးေလး ေခးဆက္သြင္ရဲ့ အနုပညာလႈပ္ရွားမႈတိုင္းကို စိတ္ဝင္တစား နဲ့ ေစာင့္ေမွ်ာ္အားေပးၾကတာပဲ ျဖစ္ပါတယ္။

လူေလးလွသလို စိတ္ထား ေကာင္းျပီး ျဖဴစင္တဲ့ နွလံုးသားေလး ကို ပိုင္ဆိုင္ထားတဲ့ ေခးဆက္သြင္က လူငယ္ပီပီ ေပ်ာ္ေပ်ာ္ေန တတ္သလို အလွဴအတန္း၊ ကုသိုလ္ေရးမွာလည္း လက္မေနွးတတ္သူေလး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့ မွာလည္း ေခးဆက္သြင္က မိတ္ေဆြ တစ္ေယာက္ရဲ့ ေနအိမ္မွာ ပင့္ေဆာင္ပူေဇာ္ထားတဲ့ ဗုဒၶရုပ္ပြားေတာ္ျမတ္ကို သြားေရာက္ ဖူးေမွ်ာ္ရင္း သဒၵါေပၚလာလို့ ဝတ္ထားတဲ့ ေရႊလက္စြက္ကို ခ်က္ခ်င္းခြ်တ္ျပီး လွဴဒါန္းခဲ့ေၾကာင္း သူမရဲ့ ေဖ့စ္ဘုတ္ My Day ကေနတဆင့္ ေျပာျပလာပါတယ္။

ေခးဆက္သြင္ ကေတာ့ စြဲလန္း မက္ေမာတဲ့ စိတ္ေတြ လံုးဝမရိွပဲ သူမမွာ ေလာေလာလတ္လတ္ ပါလာတဲ့ တန္ဖိုးရိွလက္စြပ္ကို လွဴဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေခးဆက္သြင္ ရဲ့ အလွဴေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကို သွားရောက် ဖူးမျှော်ရင်း သဒ္ဒါပေါ်လာလို့ ဝတ်ထားတဲ့ ရွှေလက်စွက် ကို ချက်ချင်း ချွတ်ပြီး လှူဒါန်းခဲ့တဲ့ ခေးဆက်သွင်

“အရိပ်”၊ “လေးစုံတွဲ”၊ “ဥယျဉ်မှူးဖြစ် ဖူးချင်သည်” “Flowers & Butterflies”၊ “နှင်းဆီ” စတဲ့ ဇာတ်လမ်းတွဲ တွေမှာ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင် ခဲ့တဲ့ မင်းသမီးလေး ခေးဆက်သွင်က ရုပ်သံဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ ကာရိုက်တာ တွေကို သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးခြင်းကို ခံရတဲ့ မင်းသမီး တစ်လက်ပါပဲ။ တစ်နေ့ထက် တစ်နေ့ အောင်မြင်မှုတွေ တိုးပွားရရှိလာခဲ့တဲ့ ခေးဆက်သွင်က အခုဆိုရင် အနုပညာအလုပ်တွေကို လက်မလည် အောင် လုပ်ကိုင်နေရပြီး ကြော်ငြာတော်တော်များများမှာ ပါဝင်သရုပ်ဆောင် နေတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း သူတို့ချစ်ခင် ရတဲ့ မင်းသမီးလေး ခေးဆက်သွင်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား နဲ့ စောင့်မျှော်အားပေးကြတာပဲ ဖြစ်ပါတယ်။

လူလေးလှသလို စိတ်ထား ကောင်းပြီး ဖြူစင်တဲ့ နှလုံးသားလေး ကို ပိုင်ဆိုင်ထားတဲ့ ခေးဆက်သွင်က လူငယ်ပီပီ ပျော်ပျော်နေ တတ်သလို အလှူအတန်း၊ ကုသိုလ်ရေးမှာလည်း လက်မနှေးတတ်သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာလည်း ခေးဆက်သွင်က မိတ်ဆွေ တစ်ယောက်ရဲ့ နေအိမ်မှာ ပင့်ဆောင်ပူဇော်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို သွားရောက် ဖူးမျှော်ရင်း သဒ္ဒါပေါ်လာလို့ ဝတ်ထားတဲ့ ရွှေလက်စွက်ကို ချက်ချင်းချွတ်ပြီး လှူဒါန်းခဲ့ကြောင်း သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေတဆင့် ပြောပြလာပါတယ်။

ခေးဆက်သွင် ကတော့ စွဲလန်း မက်မောတဲ့ စိတ်တွေ လုံးဝမရှိပဲ သူမမှာ လောလောလတ်လတ် ပါလာတဲ့ တန်ဖိုးရှိလက်စွပ်ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင် ရဲ့ အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment