Celebrity

ဘဏ္ေတြေရွ႕မွာ ေန႕စဥ္ရက္ဆက္ ေငြထုတ္ဖို႕အခ်ိန္အၾကာႀကီးေစာင့္ေနရတဲ့ ျပည္သူေတြအား သတိေပးစကားတစ္ခြန္း ေျပာလာတဲ့ ေမဦး

Written by Ms Cele

ဘဏ္ေတြေရွ႕မွာ ေန႕စဥ္ရက္ဆက္ ေငြထုတ္ဖို႕အခ်ိန္အၾကာႀကီးေစာင့္ေနရတဲ့ ျပည္သူေတြအား သတိေပးစကားတစ္ခြန္း ေျပာလာတဲ့ ေမဦး

ျပည္သူမ်ားက သူတို႔ စုေဆာင္း ထားတဲ့ ပိုက္ဆံေတြကို လုံျခဳံစိတ္ခ်ရတဲ့ ဘဏ္မ်ားတြင္သာ အပ္ႏွံေလ့ရွိၾက တာျဖစ္ပါတယ္။ သို႔ေသာ္လည္း ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ ျပည္သူမ်ားကေရွ႕ဆက္ျဖစ္လာမယ့္ အနာဂတ္ေတြကို ႀကိဳတင္မမွန္းဆနိုင္ေတာ့႐ုံသာမကဘဲ ဘဏ္မ်ားကိုလည္း ယုံၾကည္မႈနည္းပါးလာၿပီး သူတို႔ရဲ့ ပိုက္ဆံမ်ားကို လက္ဝယ္သိမ္းဆည္း ထားခ်င္တာေၾကာင့္အခုလို မနက္အေစာႀကီးထကာ ဘဏ္ေရွ႕မ်ားတြင္ ပင္ပင္ပန္းပန္း ေစာင့္ဆိုင္းထုတ္ယူေနၾကရတာ ျဖစ္ပါတယ္။

တစ္ခ်ိဳ႕ျပည္သူမ်ားမွCurfew အခ်ိန္ထက္ေစာကာ တန္းစီၾကတာေၾကာင့္ ဖမ္းဆီးခံရတာမ်ိဳးလည္း ရွိခဲ့ၾကတာ ျဖစ္ပါတယ္။ အခုေနာက္ပိုင္း ကုမၸဏီေတာ္ေတာ္ မ်ားမ်ားကလည္း လစာမ်ားကို ေငြသားျဖင့္ တိုက္ရိုက္မေပးေတာ့ဘဲ Mobile Banking မ်ားျဖင့္သာ လႊဲေပးၾကေတာ့တာ ျဖစ္တာေၾကာင့္ အခုလိုဘဏ္ေတြေရွ႕မွာ အခ်ိန္အၾကာႀကီး ေစာင့္ဆိုင္းၿပီး ေငြထုတ္ရတာ အေတာ္ေလးကို စိတ္ပင္ပန္း လူပင္ပန္း ျဖစ္ေနၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာေငြ အခ်င္းခ်င္း လဲလွယ္ေပးတဲ့ အျပင္ေဈးကြက္ကလည္းမ်ားစြာ ျမင့္တက္ေနတာေၾကာင့္ ျမန္မာေငြေဈးဟာ သိသိသာသာ က်ဆင္းေနတာ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ ကုမၸဏီမ်ားက ဘဏ္မ်ားတြင္ Token ေစာင့္ဆိုင္းဖို႔အတြက္ လစာသတ္မွတ္ၿပီး ဝန္ထမ္းမ်ား ေခၚယူေနၾကတာကိုလည္းလူမႈကြန္ယက္မ်ားတြင္ ျမင္ေတြ႕ ၾကရမွာပါ။ဒီအေျခအေန ကေတာ့ လက္ရွိျပည္သူေတြ ေန႔စဥ္ရက္ဆက္ ၾကဳံေတြ႕ေနရတဲ့ ျပသနာျဖစ္ၿပီး အခုခ်ိန္ထိေတာ့ထိန္းခ်ဳပ္နိုင္မယ့္ နည္းလမ္း မရွိေသးပါဘူး။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္းMake-up artist ေမဦးရဲ့Facebook အေကာင့္တြင္ ေန႔စဥ္ရက္ဆက္ ဘဏ္ေတြေရွ႕မွာ ေငြထုတ္ဖို ႔အခ်ိန္အၾကာႀကီး တန္းစီေစာင့္ဆိုင္းေနရတဲ့ျပည္သူေတြအား သတိေပးစကားတစ္ခြန္း ေျပာျပလာတာ ျဖစ္ပါတယ္။

” အႏွစ္ႏွစ္အလလပင္္ပင္ပန္ပန္းရွာေဖြထားတဲ့ ကိုယ္ပိုင္တဲ့ ေငြေတြကို ကိုယ့္သေဘာနဲ႔လုံျခဳံမယ္လို႔ ထင္တဲ့ bank ဆိုတဲ့ေနရာမွာစိတ္ခ်စြာ ယုံၾကည္စြာအပ္ႏွံခဲ့ၾကတယ္။ အခုေတာ့ မယုံၾကည္ရတဲ့အေျခအေနမို႔ ကိုယ္သေဘာနဲ႔ပဲကိုယ္ပိုင္ေငြကို ျပန္ထုတ္ဖို႔လုပ္ေတာ့ရခ်င္သေလာက္ လိုသေလာက္ထုတ္ခြင့္မရေတာ့ဘူး။ကိုယ့္ေငြကိုယ္ျပန္ထုတ္တာေတာင္ ဒီေလာက္ပင္ပန္းဆင္းရဲၿပီးဒုကၡေရာက္ေနရရင္ ဒီအာဏာ႐ူးေတြေအာက္မွာ တျခားလူ႔အခြင့္ေရးေတြ အလုပ္အကိုင္ေတြ ဘာတစ္ခုမွရဖို႔ မရွိဘူးဆိုတာ ျပည္သူေတြပိုသေဘာေပါက္ၾကပါ။

ဒါ့ေၾကာင့္ ဒီအာဏာ႐ူးေတြကို အျမစ္ျပဳတ္ေအာင္ ရတဲ့နည္းနဲ႔ဝိုင္းၿပီးေတာ္လွန္ၾကပါ 💪🏻” လို႔ ေရးသားေဝမၽွလာတာ ျဖစ္ပါတယ္။ ျပည္သူေတြတစ္ခ်ိဳ႕ကလည္း ေမဦးရဲ့ ပို႔စ္ေအာက္တြင္ ဘဏ္ေတြမွာ ေစာင့္ဆိုင္းရင္း ၾကဳံေတြ႕ေနၾကတဲ့သူတို႔ရဲ့ အခက္အခဲေတြကို ေျပာျပထားၾကပါေသးတယ္။ ဒီလိုအခက္အခဲေတြကို ေနာင္လာေနာင္သားေတြ မၾကဳံေတြ႕ရေစရန္ အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ အားလုံးပူးေပါင္း ပါဝင္ေပးၾကပါလို႔ တိုက္တြန္းလိုက္ပါရေစေနာ္။

Source and Photo Crd-May Oo’s Facebook Account and Original Uploader
Credit:celethatin

ဘဏ်တွေရှေ့မှာ နေ့စဉ်ရက်ဆက် ငွေထုတ်ဖို့အချိန်အကြာကြီးစောင့်နေရတဲ့ ပြည်သူတွေအား သတိပေးစကားတစ်ခွန်း ပြောလာတဲ့ မေဦး

ပြည်သူများက သူတို့ စုဆောင်း ထားတဲ့ ပိုက်ဆံတွေကို လုံခြုံစိတ်ချရတဲ့ ဘဏ်များတွင်သာ အပ်နှံလေ့ရှိကြ တာဖြစ်ပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပြည်သူများကရှေ့ဆက်ဖြစ်လာမယ့် အနာဂတ်တွေကို ကြိုတင်မမှန်းဆနိုင်တော့ရုံသာမကဘဲ ဘဏ်များကိုလည်း ယုံကြည်မှုနည်းပါးလာပြီး သူတို့ရဲ့ ပိုက်ဆံများကို လက်ဝယ်သိမ်းဆည်း ထားချင်တာကြောင့်အခုလို မနက်အစောကြီးထကာ ဘဏ်ရှေ့များတွင် ပင်ပင်ပန်းပန်း စောင့်ဆိုင်းထုတ်ယူနေကြရတာ ဖြစ်ပါတယ်။

တစ်ချို့ပြည်သူများမှCurfew အချိန်ထက်စောကာ တန်းစီကြတာကြောင့် ဖမ်းဆီးခံရတာမျိုးလည်း ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ကုမ္ပဏီတော်တော် များများကလည်း လစာများကို ငွေသားဖြင့် တိုက်ရိုက်မပေးတော့ဘဲ Mobile Banking များဖြင့်သာ လွှဲပေးကြတော့တာ ဖြစ်တာကြောင့် အခုလိုဘဏ်တွေရှေ့မှာ အချိန်အကြာကြီး စောင့်ဆိုင်းပြီး ငွေထုတ်ရတာ အတော်လေးကို စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာငွေ အချင်းချင်း လဲလှယ်ပေးတဲ့ အပြင်ဈေးကွက်ကလည်းများစွာ မြင့်တက်နေတာကြောင့် မြန်မာငွေဈေးဟာ သိသိသာသာ ကျဆင်းနေတာ ဖြစ်ပါတယ်။ တစ်ချို့ ကုမ္ပဏီများက ဘဏ်များတွင် Token စောင့်ဆိုင်းဖို့အတွက် လစာသတ်မှတ်ပြီး ဝန်ထမ်းများ ခေါ်ယူနေကြတာကိုလည်းလူမှုကွန်ယက်များတွင် မြင်တွေ့ ကြရမှာပါ။ဒီအခြေအနေ ကတော့ လက်ရှိပြည်သူတွေ နေ့စဉ်ရက်ဆက် ကြုံတွေ့နေရတဲ့ ပြသနာဖြစ်ပြီး အခုချိန်ထိတော့ထိန်းချုပ်နိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ မကြာသေးခင် နာရီပိုင်းလောက်ကလည်းMake-up artist မေဦးရဲ့Facebook အကောင့်တွင် နေ့စဉ်ရက်ဆက် ဘဏ်တွေရှေ့မှာ ငွေထုတ်ဖို ့အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းနေရတဲ့ပြည်သူတွေအား သတိပေးစကားတစ်ခွန်း ပြောပြလာတာ ဖြစ်ပါတယ်။

” အနှစ်နှစ်အလလပင််ပင်ပန်ပန်းရှာဖွေထားတဲ့ ကိုယ်ပိုင်တဲ့ ငွေတွေကို ကိုယ့်သဘောနဲ့လုံခြုံမယ်လို့ ထင်တဲ့ bank ဆိုတဲ့နေရာမှာစိတ်ချစွာ ယုံကြည်စွာအပ်နှံခဲ့ကြတယ်။ အခုတော့ မယုံကြည်ရတဲ့အခြေအနေမို့ ကိုယ်သဘောနဲ့ပဲကိုယ်ပိုင်ငွေကို ပြန်ထုတ်ဖို့လုပ်တော့ရချင်သလောက် လိုသလောက်ထုတ်ခွင့်မရတော့ဘူး။ကိုယ့်ငွေကိုယ်ပြန်ထုတ်တာတောင် ဒီလောက်ပင်ပန်းဆင်းရဲပြီးဒုက္ခရောက်နေရရင် ဒီအာဏာရူးတွေအောက်မှာ တခြားလူ့အခွင့်ရေးတွေ အလုပ်အကိုင်တွေ ဘာတစ်ခုမှရဖို့ မရှိဘူးဆိုတာ ပြည်သူတွေပိုသဘောပေါက်ကြပါ။

ဒါ့ကြောင့် ဒီအာဏာရူးတွေကို အမြစ်ပြုတ်အောင် ရတဲ့နည်းနဲ့ဝိုင်းပြီးတော်လှန်ကြပါ 💪🏻” လို့ ရေးသားဝေမျှလာတာ ဖြစ်ပါတယ်။ ပြည်သူတွေတစ်ချို့ကလည်း မေဦးရဲ့ ပို့စ်အောက်တွင် ဘဏ်တွေမှာ စောင့်ဆိုင်းရင်း ကြုံတွေ့နေကြတဲ့သူတို့ရဲ့ အခက်အခဲတွေကို ပြောပြထားကြပါသေးတယ်။ ဒီလိုအခက်အခဲတွေကို နောင်လာနောင်သားတွေ မကြုံတွေ့ရစေရန် အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် အားလုံးပူးပေါင်း ပါဝင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-May Oo’s Facebook Account and Original Uploader
Credit:celethatin

About the author

Ms Cele

Leave a Comment