Celebrity

ဘဘ ဗိုလ္ကေလး တင့္ေအာင္ရဲ့ (၉၉) ႏွစ္ျပည့္ေမြးေန႔မွာ ကိုယ္တိုင္သြားေရာက္ကာ လိုအပ္တာမ်ားနဲ႕အလွဴေငြမ်ား လွဴဒါန္းရင္း ကုသိုလ္ယူခဲ့တဲ့ ခန္႕စည္သူ

Written by Ms Cele

ဘဘ ဗိုလ္ကေလး တင့္ေအာင္ရဲ့ (၉၉) ႏွစ္ျပည့္ေမြးေန႔မွာ ကိုယ္တိုင္သြားေရာက္ကာ လိုအပ္တာမ်ားနဲ႕အလွဴေငြမ်ား လွဴဒါန္းရင္း ကုသိုလ္ယူခဲ့တဲ့ ခန္႕စည္သူ

သ႐ုပ္ေဆာင္ ခန႔္စည္သူ ကေတာ့ ဗီဒီယို ဇာတ္ကားေတြမွာ ပါဝင္ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈကို သိမ္းပိုက္ ရရွိထားသူ တစ္ဦးပဲ ျဖစ္ပါတယ္။ အလႉအတန္းနဲ႔ ပတ္သက္လာ ရင္လည္း လက္မေႏွးတတ္တာေၾကာင့္ လိုအပ္တဲ့ ေနရာေတြမွာ အျမဲလႉဒါန္းေနတာကိုလည္း ၾကည္ႏူးဖြယ္ ျမင္ေတြ႕ၾကရမွာပါ။

ဒီလိုကာလ မွာလည္း မိတ္ေဆြေတြနဲ႔ စုေပါင္းၿပီး လိုအပ္ေနတဲ့ ျပည္သူေတြ ဆီကို ကိုယ္တိုင္သြားရာက္ကာ အေျခခံစားေသာက္ကုန္မ်ား အလႉေငြမ်ား မၾကာခဏ လႉဒါန္းလ်က္ရွိတာကို ေတြ႕ရပါတယ္ ။ ဒါ့အျပင္ အႏုပညာေလာကသားထဲက သက္ႀကီးရြယ္အိုမ်ားရဲ့ က်န္းမာေရး အတြက္ အလႉေငြမ်ားလည္း လႉဒါန္းကာ ေကာင္းမႈကုသိုလ္ ျပဳလ်က္ရွိပါတယ္။

ဒီေန ႔မွာေတာ့ ဘဘ ဗိုလ္ကေလး တင့္ေအာင္ရဲ့ (၉၉) ႏွစ္ျပည့္ေမြးေန႔မွာ ဘဘဆီကို ကိုယ္တိုင္သြား ေရာက္ကာ လိုအပ္တာမ်ား လႉဒါန္း ကုသိုလ္ျပဳရင္း ဂါရဝျပဳ ဆုေတာင္းကန္ေတာ့ခဲ့ျပန္ပါတယ္ ။ အလႉပုံေလးေတြနဲ႔အတူ ” (၃-၆-၂၀၂၁) ယေန႔မွာက်ေရာက္တဲ့ ဘဘဗိုလ္ကေလးတင့္ေအာင္ရဲ့ (၉၉) ႏွစ္ျပည့္ေမြးေန႔မွာ ကုသိုလ္ယူ၊လႉဒါန္းခြင့္ရခဲ့ပါတယ္။ ဘဘ စိတ္ခ်မ္းသာ၊ကိုယ္က်န္းမာစြာျဖင့္အသက္ရာေက်ာ္ ရွည္ပါေစလို႔ ဂါရဝျပဳဆုေတာင္း ကန္ေတာ့လိုက္ပါတယ္ခင္ဗ်ာ။” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ေဖာ္ျပေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Kyaw Soe Win

ဘဘ ဗိုလ်ကလေး တင့်အောင်ရဲ့ (၉၉) နှစ်ပြည့်မွေးနေ့မှာ ကိုယ်တိုင်သွားရောက်ကာ လိုအပ်တာများနဲ့အလှူငွေများ လှူဒါန်းရင်း ကုသိုလ်ယူခဲ့တဲ့ ခန့်စည်သူ

သရုပ်ဆောင် ခန့်စည်သူ ကတော့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက် ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာ ရင်လည်း လက်မနှေးတတ်တာကြောင့် လိုအပ်တဲ့ နေရာတွေမှာ အမြဲလှူဒါန်းနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။

ဒီလိုကာလ မှာလည်း မိတ်ဆွေတွေနဲ့ စုပေါင်းပြီး လိုအပ်နေတဲ့ ပြည်သူတွေ ဆီကို ကိုယ်တိုင်သွားရာက်ကာ အခြေခံစားသောက်ကုန်များ အလှူငွေများ မကြာခဏ လှူဒါန်းလျက်ရှိတာကို တွေ့ရပါတယ် ။ ဒါ့အပြင် အနုပညာလောကသားထဲက သက်ကြီးရွယ်အိုများရဲ့ ကျန်းမာရေး အတွက် အလှူငွေများလည်း လှူဒါန်းကာ ကောင်းမှုကုသိုလ် ပြုလျက်ရှိပါတယ်။

ဒီနေ ့မှာတော့ ဘဘ ဗိုလ်ကလေး တင့်အောင်ရဲ့ (၉၉) နှစ်ပြည့်မွေးနေ့မှာ ဘဘဆီကို ကိုယ်တိုင်သွား ရောက်ကာ လိုအပ်တာများ လှူဒါန်း ကုသိုလ်ပြုရင်း ဂါရဝပြု ဆုတောင်းကန်တော့ခဲ့ပြန်ပါတယ် ။ အလှူပုံလေးတွေနဲ့အတူ ” (၃-၆-၂၀၂၁) ယနေ့မှာကျရောက်တဲ့ ဘဘဗိုလ်ကလေးတင့်အောင်ရဲ့ (၉၉) နှစ်ပြည့်မွေးနေ့မှာ ကုသိုလ်ယူ၊လှူဒါန်းခွင့်ရခဲ့ပါတယ်။ ဘဘ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့်အသက်ရာကျော် ရှည်ပါစေလို့ ဂါရဝပြုဆုတောင်း ကန်တော့လိုက်ပါတယ်ခင်ဗျာ။” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Kyaw Soe Win

About the author

Ms Cele

Leave a Comment