Celebrity

ဘယ္ဘက္ နံရိုးေပၚမွာေရး ထိုးထားတဲ့ ခ်စ္ဇနီး ျမတ္ရတနာေက်ာ္ ပံုတူ Tattoo ကို Live လႊင့္ေနတုန္း မွာပဲ ထုတ္ျပ ခဲ့တဲ့ Ah Boy

Written by Ms Cele

ဘယ္ဘက္ နံရိုးေပၚမွာေရး ထိုးထားတဲ့ ခ်စ္ဇနီး ျမတ္ရတနာေက်ာ္ ပံုတူ Tattoo ကို Live လႊင့္ေနတုန္း မွာပဲ ထုတ္ျပ ခဲ့တဲ့ Ah Boy

အခ်စ္စစ္မွာ ကန့္သတ္ခ်က္ေတြ မရိွဘူးဆိုတဲ့ စကားအတိုင္း အဆိုေတာ္ Ah Boy နဲ့ သရုပ္ေဆာင္ ျမတ္ရတနာေက်ာ္ တို့ကေတာ့ စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာေတြနဲ့ တစ္ေယာက္ကို တစ္ေယာက္ ေရြးခ်ယ္စံုဖက္ခဲ့ၾကတာ ျဖစ္ပါတယ္။ Ah Boy နဲ့ ျမတ္ရတနာေက်ာ္ က (၂၀၁၇) ခုနွစ္မွာ လက္ထပ္ ခဲ့ျပီး သမီေလး Scarlett ျဖိဳးထြန္းကို ေမြးဖြားပိုင္ဆိုင္ ထားျပီပဲ ျဖစ္ပါတယ္။ ျမတ္ရတနာေက်ာ္ ကေတာ့ Ah Boy ရဲ့ ပထမအိမ္ေထာင္နဲ့ရတဲ့ သမီးေလးေတြ ျဖစ္တဲ့ ဂ်ဴဂ်ဴး၊ ေဖာင္းေဖာင္းတို့ အေပၚမွာလည္း အေမလို အစ္မလို ဂရုစိုက္ျပီး Ah Boy ကလည္း သမီးေလးသံုးေယာက္ စလံုးကို မွ်မွ်တတခ်စ္ရွာသူ တစ္ေယာက္ ျဖစ္ပါတယ္။

တစ္ေယာက္ကို တစ္ေယာက္ အရမ္းခ်စ္ျပီး အျမဲစစေနာက္ေနာက္ရိွတဲ့ Ah Boy နဲ့ ျမတ္ရတနာေက်ာ္ က မေန့က ဒီဇင္ဘာလ (၈) ရက္ေန့မွာေတာ့ ပရိသတ္ေတြနဲ့ စကားစျမည္ေျပာဖို့ Live လႊင့္လာ ခဲ့တာပဲ ျဖစ္ပါတယ္။ Ah Boy ကေတာ့ Live ဗီဒီယိုမွာ သူ့ရဲ့ ဇနီး ျမတ္ရတနာေက်ာ္ရဲ့ ပံုတူေရးထိုး ထားတဲ့ တက္တူးကို ျပသခဲ့ျပီး ခ်စ္ဇနီးရဲ့ပံုတူကို ဘယ္ဘက္ နံရိုးမွာ အဓိပၸာယ္ရိွရိွ ေရးထိုးထား ခဲ့တာ ျဖစ္ပါတယ္။

Ah Boy ကေတာ့ သူ့ရဲ့ ဇနီးျမတ္ရတနာေက်ာ္ က သူ့ဘဝရဲ့ နံရိုးေလး တစ္ေခ်ာင္းအျဖစ္ တင္စားျပီး ပံုတူတက္တူးေလး ထိုးေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ ၾကီးလည္း အရမ္းကို ရိုမန့္တစ္ဆန္ လြန္းတဲ့ Ah Boy ကိုၾကည့္ျပီး ျမတ္ရတနာေက်ာ္ တစ္ေယာက္ အိမ္ေထာင္က်ကံေကာင္းတယ္လုိ့ ထင္မွတ္ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

ဘယ်ဘက် နံရိုးပေါ်မှာရေး ထိုးထားတဲ့ ချစ်ဇနီး မြတ်ရတနာကျော် ပုံတူ Tattoo ကို Live လွှင့်နေတုန်း မှာပဲ ထုတ်ပြ ခဲ့တဲ့ Ah Boy

အချစ်စစ်မှာ ကန့်သတ်ချက်တွေ မရှိဘူးဆိုတဲ့ စကားအတိုင်း အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော် တို့ကတော့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ရွေးချယ်စုံဖက်ခဲ့ကြတာ ဖြစ်ပါတယ်။ Ah Boy နဲ့ မြတ်ရတနာကျော် က (၂၀၁၇) ခုနှစ်မှာ လက်ထပ် ခဲ့ပြီး သမီလေး Scarlett ဖြိုးထွန်းကို မွေးဖွားပိုင်ဆိုင် ထားပြီပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော် ကတော့ Ah Boy ရဲ့ ပထမအိမ်ထောင်နဲ့ရတဲ့ သမီးလေးတွေ ဖြစ်တဲ့ ဂျူဂျူး၊ ဖောင်းဖောင်းတို့ အပေါ်မှာလည်း အမေလို အစ်မလို ဂရုစိုက်ပြီး Ah Boy ကလည်း သမီးလေးသုံးယောက် စလုံးကို မျှမျှတတချစ်ရှာသူ တစ်ယောက် ဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ပြီး အမြဲစစနောက်နောက်ရှိတဲ့ Ah Boy နဲ့ မြတ်ရတနာကျော် က မနေ့က ဒီဇင်ဘာလ (၈) ရက်နေ့မှာတော့ ပရိသတ်တွေနဲ့ စကားစမြည်ပြောဖို့ Live လွှင့်လာ ခဲ့တာပဲ ဖြစ်ပါတယ်။ Ah Boy ကတော့ Live ဗီဒီယိုမှာ သူ့ရဲ့ ဇနီး မြတ်ရတနာကျော်ရဲ့ ပုံတူရေးထိုး ထားတဲ့ တက်တူးကို ပြသခဲ့ပြီး ချစ်ဇနီးရဲ့ပုံတူကို ဘယ်ဘက် နံရိုးမှာ အဓိပ္ပာယ်ရှိရှိ ရေးထိုးထား ခဲ့တာ ဖြစ်ပါတယ်။

Ah Boy ကတော့ သူ့ရဲ့ ဇနီးမြတ်ရတနာကျော် က သူ့ဘဝရဲ့ နံရိုးလေး တစ်ချောင်းအဖြစ် တင်စားပြီး ပုံတူတက်တူးလေး ထိုးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း အရမ်းကို ရိုမန့်တစ်ဆန် လွန်းတဲ့ Ah Boy ကိုကြည့်ပြီး မြတ်ရတနာကျော် တစ်ယောက် အိမ်ထောင်ကျကံကောင်းတယ်လို့ ထင်မှတ်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment