Celebrity


Written by Ms Cele





Credit:Swelsone News

ဘယ်သူဆိုပြီးသားမှ ပြန်မဆိုတတ်တဲ့ သူ့ရဲ့အကြောင်းနဲ့ ဦးပေါလျှံရဲ့ မိုးလင်းမှသိမယ် သီချင်းကို ဘယ်တော့မှ မဆိုတော့ကြောင်း ပြောပြလာတဲ့ စွမ်းဇာနည်

ပရိသတ်ကြီးရေ နှုတ်ခမ်းနီ မလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး စွမ်းဇာနည်ပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော် တိုင်အောင် သရုပ်ဆောင်လောကမှာ ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့် နေရာတစ်နေရာ ရပ်တည်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတော့ အနုပညာအလုပ်တွေနဲ့ အတော်လေး အလှမ်းဝေးကွာခဲ့တာပဲ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက် ကလည်း သူ့ရဲ့ ဇာတ်ဖျော်ဖြေပွဲကို ကျင်းပပြုလုပ် ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့ အက အလှတွေကို တစ်ဝကြီး ကြည့်လိုက်ရတဲ့ အတွက် အရမ်းကို ကျေနပ်နှစ်သက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း စွမ်းဇာနည်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သတင်းလေးတစ်ခုကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မူရင်းအဆိုရှင်ပြဿနာအရှုပ်အရှင်းတွေကြောင့် သီချင်းတစ်ပုဒ်အားနောင် ဘယ်တော့မှမဆိုတော့ဘူးလို့ယတိပြတ်ပြောလိုက်တာပဲ ဖြစ်ပါတယ်။

စွမ်းကလည်း ” ဆရာဦးပေါသျှံရေးထားတဲ့ မိုးလင်းမှသိမယ်ဆိုတဲ့ သီချင်း အခုရိုက်ကူးရေးမှာတော့ တစ်ရက်စာသုံး ထားပါတယ်။ သို့သော် နောက်ဘယ်တော့မှ မဆိုတော့ပါဘူး မကတော့ပါဘူးမသုံးတော့ပါဘူး ဦးပေါသျှံကျေးဇူးပါ ” ဆိုပြီးရေးသား ထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့စာအောက်တွင်လည်း ပရိသတ်တစ်ချို့က မှတ်ချက်ပေးရေးသား ထားတာလည်း ဖြစ်ပါတယ်။ အားလုံးလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment