Local News

ဘယ္သူ ပဲ နိုင္နိုင္ တိုင္းျပည္ ေကာင္း ရင္ ေက်နပ္ ၿပီ ဆိုတဲ့ သမၼတေဟာင္း ဦးသိန္းစိန္

Written by Ms Cele

ဘယ္သူ ပဲ နိုင္နိုင္ တိုင္းျပည္ ေကာင္း ရင္ ေက်နပ္ ၿပီ ဆိုတဲ့ သမၼတေဟာင္း ဦးသိန္းစိန္

ေရြးေကာက္ပြဲက အေတာ္ပင္ နီးကပ္ေနၿပီျဖစ္ၿပီး သန႔္သန႔္ ရွင္းရွင္းနဲ႔ ယွဥ္ၿပိဳင္ၾကဖို ႔လိုအပ္သလို နိုင္ရင္လည္း ဝမ္းမသာ နဲ႔၊ ရႈံးရင္လည္း စိတ္မပ်က္နဲ႔လို႔ သမၼတေဟာင္း ဦးသိန္းစိန္ က ေျပာၾကား လိုက္ပါတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ့ၿဖိဳးေရးပါတီ ပါတီဝင္ေတြနဲ႔ ပါတီဝန္းရံ သူေတြက ပါတီဥကၠ႒ေဟာင္း ဦးသိန္းစိန္ထံ တင္ျပေတာင္း ဆိုခ်က္အရ ဦးသိန္းစိန္က ေပးပို႔တဲ့ သတင္း စကားဆိုၿပီး ႀကံ့ခိုင္ေရးပါတီရဲ့ ေဖ့စ္ဘြတ္ စာမ်က္ႏွာက ေအာက္တိုဘာ ၂၂ ရက္ ညေနပိုင္းမွာ ထုတ္ျပန္လာတာျဖစ္ပါတယ္။

ကိုဗစ္ကပ္ေရာဂါနဲ႔ ၾကဳံေနရခ်ိန္မွာ ေရြးေကာက္ပြဲ နဲ႔ တိုက္ဆိုင္ေနတာကေတာ့ ကံဆိုး တာလို႔ ေျပာရမွာျဖစ္ၿပီး ျပည္သူေတြမဲသြား ေပးခ်င္ေပမယ့္ ေရာဂါကူးစက္မွာကို ေၾကာက္ေနၾကေၾကာင္း လည္း ဦးသိန္းစိန္က ေျပာၾကား တယ္လို႔ ေဖာ္ျပထားပါတယ္။

ျပည္သူေတြရဲ့ဆႏၵအတိုင္း သာျဖစ္ၿပီး မဲသြားေပးမယ္ ဆိုရင္ေတာ့ ေရာဂါမကူးစက္ နိုင္ေအာင္ ထုတ္ျပန္ထားတဲ့ ညႊန္ၾကားခ်က္ေတြနဲ႔ အညီ စနစ္တက် ကာကြယ္ၾကဖို႔ အထူးလိုအပ္တယ္ လို႔လည္း သမၼတ ေဟာင္းက တိုက္တြန္းထားပါတယ္။

သမၼတေဟာင္း ဦးသိန္းစိန္ဟာ ႀကံ့ခိုင္ေရးပါတီ ေရြးေကာက္ပြဲ ေအာင္နိုင္ေရး ပါဝင္ေဆာင္ရြက္ေပး မယ္လို႔ မူလက သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ဘယ္လိုပုံစံနဲ႔ စည္း႐ုံးမဲဆြယ္ေပးမယ္ ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မေျပာၾကားခဲ့သလို မဲဆြယ္စည္း႐ုံးေရး ေတြလုပ္ကိုင္ေဆာင္ရြက္ မႈလည္း မေတြ႕ခဲ့ရပါဘူး။

ဒါေပမဲ့ ခု ေရြးေကာက္ပြဲ က်င္းပဖို႔ ႏွစ္ပတ္သာလိုေတာ့ခ်ိန္မွာေတာ့ ဦးသိန္းစိန္ ရဲ့ သတင္းစကား ဆိုၿပီး ႀကံ့ခိုင္ေရးပါတီရဲ့ တရားဝင္ေဖ့စ္ဘြတ္ စာမ်က္ႏွာက ခုလိုေဖာ္ျပလာတာျဖစ္ပါတယ္။

ဘယ်သူ ပဲ နိုင်နိုင် တိုင်းပြည် ကောင်း ရင် ကျေနပ် ပြီ ဆိုတဲ့ သမ္မတဟောင်း ဦးသိန်းစိန်

ရွေးကောက်ပွဲက အတော်ပင် နီးကပ်နေပြီဖြစ်ပြီး သန့်သန့် ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ကြဖို ့လိုအပ်သလို နိုင်ရင်လည်း ဝမ်းမသာ နဲ့၊ ရှုံးရင်လည်း စိတ်မပျက်နဲ့လို့ သမ္မတဟောင်း ဦးသိန်းစိန် က ပြောကြား လိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပါတီဝင်တွေနဲ့ ပါတီဝန်းရံ သူတွေက ပါတီဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်ထံ တင်ပြတောင်း ဆိုချက်အရ ဦးသိန်းစိန်က ပေးပို့တဲ့ သတင်း စကားဆိုပြီး ကြံ့ခိုင်ရေးပါတီရဲ့ ဖေ့စ်ဘွတ် စာမျက်နှာက အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ ရွေးကောက်ပွဲ နဲ့ တိုက်ဆိုင်နေတာကတော့ ကံဆိုး တာလို့ ပြောရမှာဖြစ်ပြီး ပြည်သူတွေမဲသွား ပေးချင်ပေမယ့် ရောဂါကူးစက်မှာကို ကြောက်နေကြကြောင်း လည်း ဦးသိန်းစိန်က ပြောကြား တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ဆန္ဒအတိုင်း သာဖြစ်ပြီး မဲသွားပေးမယ် ဆိုရင်တော့ ရောဂါမကူးစက် နိုင်အောင် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ အညီ စနစ်တကျ ကာကွယ်ကြဖို့ အထူးလိုအပ်တယ် လို့လည်း သမ္မတ ဟောင်းက တိုက်တွန်းထားပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ပါဝင်ဆောင်ရွက်ပေး မယ်လို့ မူလက သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘယ်လိုပုံစံနဲ့ စည်းရုံးမဲဆွယ်ပေးမယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မပြောကြားခဲ့သလို မဲဆွယ်စည်းရုံးရေး တွေလုပ်ကိုင်ဆောင်ရွက် မှုလည်း မတွေ့ခဲ့ရပါဘူး။

ဒါပေမဲ့ ခု ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်ပတ်သာလိုတော့ချိန်မှာတော့ ဦးသိန်းစိန် ရဲ့ သတင်းစကား ဆိုပြီး ကြံ့ခိုင်ရေးပါတီရဲ့ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာက ခုလိုဖော်ပြလာတာဖြစ်ပါတယ်။

About the author

Ms Cele

Leave a Comment