Celebrity


Written by Ms Cele





Source: Nat Khat’s fb

ဘယ်တော့မှ မပြောင်းလဲပဲ သူ့အနားမှာ ရှိနေပေးတဲ့ ချစ်သူလေးအကြောင်းကို ပြောပြလာတဲ့ နက္ခတ်

သရုပ်ဆောင် နက္ခတ်ကတော့ ဇာတ်လမ်းတွဲတွေ ကနေ အောင်မြင်လာတဲ့ မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။ နက္ခတ်ကတော့ အနေအထိုင် အေးဆေးပြီး တည်ငြိမ်သူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုမိုရရှိပိုင်ဆိုင် ထားသူဆိုရင် မမှားပါဘူး။ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံရတဲ့ နက္ခတ် ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြ ထားသလို ပရိသတ်တွေကလည်း နက္ခတ်ရဲ့အချစ်ရေးကို သဘောတူနားလည်စွာနဲ့ လက်ခံပေးထားကြတာ ဖြစ်ပါတယ်။

ချစ်သူနဲ့ ပက်သတ်ပြီး လူမှုကွန်ယက် စာမျက်နှာမှာ မကြာခဏ ရင်ဖွင့်ပြောဆိုလေ့ရှိတဲ့ နက္ခတ်က ဒီတစ်ခေါက်မှာလည်း နှစ်တွေဘယ်လောက် ပြောင်းပြောင်း ဘယ်တော့မှ မပြောင်းလဲမယ့် အရာတစ်ခုကို ပြောပြလာခဲ့ပါတယ်။ နက္ခတ်က “💕💕💕 နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း အဟောင်းတိုင်း ကိုယ့်ဘေးနားမှာအမြဲရှိနေရမယ့် ကျွန်တော့ ရဲ့တစ်ဦးတည်း သူသော သူမ ” ဆိုပြီး နှစ်သစ်တွေ ဘယ်လောက် ပြောင်းပြောင်း ချစ်သူမိန်းကလေးကို ချစ်တဲ့ အချစ်တွေကတော့ အဟောင်းအတိုင်း လတ်ဆတ်နေဆဲ ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

နက္ခတ် ကတော့ သူ့ရဲ့ ချစ်သူမိန်းကလေးနဲ့ ပက်သတ်ပြီး သူ့ရဲ့ ရင်ထဲမှာ အမြဲတမ်း မပြောင်းလဲတဲ့ အချစ်နဲ့ ချစ်နေမယ့် အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်နဲ့ ပက်သတ်လာရင် အရမ်းကို Romantic ဆန်လွန်းတဲ့ နက္ခတ်ကိုကြည့်ပြီး အရမ်းသဘောကျ နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Nat Khat’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment