Celebrity
Written by Ms Cele
Source: May Oo’s Fb Acc
Credit
ဘယ်တော့မှ သွေးအေးမသွားဘဲ ခိုင်မာပြတ်သားတဲ့ သူရဲ့ခံယူချက်ကို ရဲရဲဝင့်ဝင့် ပြောပြလာတဲ့ မိတ်ကပ် မေဦး
ပရိတ်သတ်ကြီးရေ… ပြည်သူချစ်မိတကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးဟာဆိုရင် ထိပ်တန်းကနေ အောင်မြင်နေပြီးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက် အခိုင်အမာရရှိထား တာပဲဖြစ်ပါတယ်။ အခုလက်ရှ်ဖြစ်ပေါ်နေတဲ့အခြေအနေမှာ ဆိုရင်လည်း မေဦးကပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်ပြီး နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ အစွမ်းကုန်ပါဝင် နေတာပဲဖြစ်ပါတယ်နော်..။
မေဦးက ဖေဖော်ဝါရီလ အစပိုင်း ကတည်းကနေ စတင်ခဲ့တဲ့ အခြေအနေတွေမှာ ပြည်သူလူထု နဲ့အတူ လူထုလှုပ်ရှားကို အင်တိုက်အားတိုက် အစွမ်းကုန် ပြုလုပ်နေတဲ့မေဦးက ၅၀၅-က ဖြင့် အရေးယူခြင်းခံရတဲ့ အနုပညာရှင်များထဲမှာ မေဦး လည်း ပါဝင်လာပါတယ်..။မေဦး ကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထား ရပေမယ့်လည်း လက်ရှိအချိန်တွေမှာ လုပ်ဆောင်နေတဲ့ အရာတွေနဲ့ပတ်သက်ပြီး သွေးမအေးသွားဘဲခိုင်မာပြတ်သားတဲ့ သူ့ရဲ့ခံယူချက်နဲ့ ယုံကြည်မှုတွေကို ရဲရဲဝင့်ဝင့်ပြောပြလာပါတယ်..။
တစ်သက်လုံး မှန်တာပဲပြောပြီး မဟုတ်တာ မလုပ်ခဲ့တဲ့ အပြင် အမှန်တရားကို မြတ်နိုးသူဖြစ်သလို အကြောက်တရားကို ဖယ်ရှားပြီး ဓမ္မအတွက် ရှေ့ဆက်ရင်ဆိုင် သွားကြဖို့ကိုလည်း မေဦးကတိုက်တွန်း ပြောပြထားတာ ဖြစ်ပါတယ်..။“ကျွန်တော့်တစ်သက်လုံး မှန်တာပဲပြောတယ် မဟုတ်တာလည်း ဘယ်တော့မှမလုပ်ခဲ့တဲ့ အတွက်ဘယ် အရာကိုမှ မကြောက်ဘူး။ဒါကြောင့် အမှန်တရားကို မြတ်နိုးသူများ အကြောက်တရားကို ဖယ်ရှားပြီးဓမ္မအတွက်ဆက်ပြီး တော်လှန်ကြပါအာဏာရှင်စနစ်ကို အမြစ်ပြုတ်ဖို့ အားလုံးဝိုင်းဝန်းပြီးပါဝင်ကူညီပေးကြပါ..” ဆိုပြီး မေဦးက ရေးသားပြောပြထားတာပါ..။အမှန်တရားနဲ့ ယုံကြည်ချက်တွေအတွက် ရဲရဲဝင့်ဝင့်ရပ်တည်ရင်ဆိုင်နေတဲ့ မေဦးရဲ့ပြတ်သားတဲ့စိတ်သဘောထားတွေကို ပရိသတ်တွေကလည်း လေးစားချီးကျူးရင်းအားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။ဖတ်ရှုပေးးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်..။
Source: May Oo’s Fb Acc
Credit
About the author
Ms Cele
Leave a Comment