Celebrity


Written by Ms Cele





Credit:Cele Channel
Photo – Kyaw Kyaw Nanda

ဘဝကို ရိုးသားကြိုးစားစွာ ဖြတ်သန်းနေတဲ့ပုံရိပ်တွေကို ပရိသတ်ကြီးသိအောင် ပြသလာတဲ့ ကျော်ကျော်နန္ဒ

ကျော်ကျော်နန္ဒ ကိုတော့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ ပါဘူးနော် ။ သူမတူတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို အံ့သြသွားအောင် အမြဲဖန်တီး နိုင်လွန်းတဲ့ ကျော်ကျော်နန္ဒကတော့ သီချင်းတွေလည်း ထွက်ရှိခဲ့ပြီး ပရိသတ်တွေကတော့ ဝေဖန်သူ တစ်ဝက် အားပေးသူတစ်ဝက်ပါပဲ။

ကျော်ကျော်နန္ဒ ကတော့ ဒီကာလတွေမှာ အလုပ်အကိုင်တွေ ရပ်နားထားရပေမယ့် လည်း သူရှာဖွေစုဆောင်းထား တာလေးတွေနဲ့ တတ်နိုင် သလောက်တော့ အချို့နေရာတွေမှာ အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ် ။ ဒါကြောင့်လည်း သူ့ကို လေးစားချီးကျူးခဲ့ကြတာလည်းဖြစ်ပါတယ် ။

အခုလည်း အလုပ်မှန် သမျှ ဂုဏ်ရှိစွာဆိုတဲ့ စကား အတိုင်း ရိုးသားစွာရှာဖွေ လုပ်ကိုင်ရင်း ဘဝကို အကောင်းဆုံး ကျော်ဖြတ် နေကြောင်း ဖော်ပြလာတာတွေ့ရပါတယ် ။ ဘယ်လိုအလုပ်ပဲ ဖြစ်နေပါစေ ရိုးသားစွာရှာဖွေ လုပ်ကိုင်ရင်ကိုပဲ ဘယ်လောက် တန်ဖိုးပဲ ရရ ကိုယ့်ချွေးနှဲ စာလေးကို တန်ဖိုးထား ကျေနပ်ပီတိဖြစ်ကြတာပါပဲ ။ ပရိသတ်ကြီး အတွက် ဘဝကို ရိုးသားကြိုးစားစွာ ဖြတ်သန်းနေတဲ့ ကျော်ကျော်နန္ဒရဲ့ ပုံရိပ်တွေကို ဝေမျှပေး လိုက်ပါတယ် ။

Credit:Cele Channel
Photo – Kyaw Kyaw Nanda

About the author

Ms Cele

Leave a Comment