Celebrity


Written by Ms Cele





Credit:Cele Zone

ဘဝမှာ တစ်ခါ တစ်ခါ အရမ်း ခံစားရခက်တဲ့ စိတ်ဒဏ်ရာတွေ အများကြီး ရှိကြောင်း ပြောပြလာတဲ့ ချမ်းမီမီကို

ခက်ခဲတဲ့ နေ့ရက်တွေကို တရားဓမ္မနဲ ့ရင်ဆိုင်ခဲ့ပြီးနောက်မှာတော့ ဘယ်လို အခက်အခဲမဆို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်သွားခဲ့ပြီ ဖြစ်တဲ့ ချမ်းမီမီကို တစ်ယောက် သူမခံယူခဲ့တဲ့ ဆရာတော်ကြီးရဲ့ ဆုံးမစကားတွေကို ပရိသတ်ကြီး အကျိုးရှိအောင် ပြန်လည်ဝေမျှခဲ့ပါ တယ်။ လူတိုင်းမှာ ခက်ခဲတဲ့ အကြောင်းတရားတွေ ကြုံလာဦးမှာမို့ ကြုံလာတဲ့ အချိန်မှာလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့လိုပါ တယ်။

အေးချမ်းတဲ့ဗုဒ္ဓရဲ့ အဆုံးအမတွေကို ရင်ထဲမှာမှတ်သားပြီး အရာရာကို ရင်ဆိုင်မယ်ဆိုရင် တုန်လှုပ်စရာမလိုဘဲ အေးအေးချမ်းချမ်းနဲ့ အခက်အခဲတွေကို ဖြတ်ကျော် သွားနိုင်မှာပါ။ ဒီအကြောင်းလေးကို ချမ်းက ” ဘဝမှာ တစ်ခါတစ်ခါ အရမ်းခံစား ရခက်တဲ့ စိတ်ဒဏ်ရာတွေ အများကြီး ရှိပါတယ် တစ်ခါတစ်ခါ ကိုယ်တန်ဖိုးထားတဲ့ ချစ်ခြင်းတွေ ဆုံးရှုံးတဲ့အခါ မင်းမှတ်ထားပါ ”

” ဆရာတော်မှာကြားထားတဲ့အတိုင်း သူဟာသူ ကိုယ်မဖြစ်စေနဲ့တဲ့ သူအကုသိုလ် သူသွားလိမ့် မယ် ကိုယ်လည်း မခံစားရတော့ဘူးပေါ့ သမင်ဟာ မိမိအစာဖြစ်တဲ့ မြက်ကိုသာမြင်တယ် ပတ္တမြားတွေ့ရင်တောင် တန်ဖိုးထား ရကောင်းမှန်း နားမလည်တတ်ဘူး ခြေဖြင့်နင်းပြီး မြက်ကိုသာ ရှာဖွေစားနေအုံး မှာပဲလေ အဲ့လိုတရား ဓမ္မတွေရှိလျက်နဲ့ သမင်လို တန်ဖိုးထားရကောင်းမှန်း မသိလို့မဖြစ်ဘူး လူတိုင်းလူတိုင်း အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ဖို့ မိမိ စိတ်သာပဓာဏဖြစ်တယ် ဆိုတာ လုံးဝ100% ပါ စိတ်ဖြေသာ‌ ပျော်ရွှင်နိုင်ကြပါ စေ ” ဆိုပြီး တန်ဖိုးရှိတဲ့ စကားတွေနဲ့ ပြောပြလာ ခဲ့ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment