Local News

ဘာဘဲ ျဖစ္ျဖစ္ အေမ့ ကိုပါ ကူးခ်င္ ကူးပါ ေစေတာ့ သမီးေလး နဲ႔အတူ အေမေဘး မွာ ရွိေနေပး မယ္ေနာ္

Written by Ms Cele

ဘာဘဲ ျဖစ္ျဖစ္ အေမ့ ကိုပါ ကူးခ်င္ ကူးပါ ေစေတာ့ သမီးေလး နဲ႔အတူ အေမေဘး မွာ ရွိေနေပး မယ္ေနာ္

ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြလိုက္နာၾကပါ ပတ္ဝန္းက်င္ က ဘဝေတြ ခံစားေၾကကြဲမႈ ေတြကို ကိုယ္ခ်င္းစာၾကပါ..

“အေမ ဘာဘဲျဖစ္ျဖစ္ အေမ့ကိုပါ ေရာဂါကူးခ်င္ ကူးပါေစေတာ့ ဆရာမ ေတြကို ေျပာၿပီးသမီးေလးနဲ႔အတူ အေမေဘးမွာ ရွိေနေပးမယ္ေနာ္” တဲ့..

မွတ္မွတ္ရရ ၂၂.၁၀ .၂၀ရက္ေန႔ ကိုဗစ္ေၾကာင့္ က်ေနာ့ ႏွလုံးသားအရင့္အမာႀကီးကို မ်က္ရည္က်ေအာင္ ဖန္တီး လိုက္တဲ့ ေမ့မရနိုင္ေတာ့မယ့္ ေၾကကြဲ စရာေန႔ တေန႔ဆိုလည္း မမွားပါဘူး။

ယၡင္ အႀကိမ္ေတြလိုဘဲ Q စင္တာ ကေန ပိုးမရွိတဲ့သူဆို ေပ်ာ္ရႊင္စြာ အိမ္ျပန္ၾက ပိုးေတြ႕တဲ့သူေတြဆို ဆက္လက္ ေနၿပီး ေနာက္ရက္မွာ ကုသေရး စင္တာကို သြားၾကရတယ္။

အဲ့ေန႔မွာ ျဖစ္သြားတဲ့ျဖစ္စဥ္ေလးပါ…

“အေမ! အေဖ! သမီး တေယာက္ထဲ ဒီမွာ ေနခဲ့ရမွာလား ဟင္” “ေအးေပါ့ သမီးေလးရယ္ သမီးက ပို႔ေတြ႕လူနာျဖစ္ေနေတာ့ ေဆးကုသခံ ရမယ္ေလ သမီးေလးရဲ့” “ဟုတ္လားဟင္ ေမရီး ေဖရီးေျပာတာ”

“သမီးေလး ေဆးကုသခံ လိုက္ေနာ္သမီး ဘာေၾကာက္စရာ မဟုတ္ပါဘူး က်န္းမာသြားရင္ အေမကိုယ္တိုင္ လာေခၚမယ္ေနာ္ သမီးေလးရယ္ တိတ္ တိတ္”

“ဟင့္အင္း ဟင့္အင္း မလိုက္ ပါရေစနဲ႔ ေမေမနဲ႔ ေဖေဖရယ္ ေနာ္ သမီးေၾကာက္ တယ္ ေနာ္ ေဖရီး”

ေၾကကြဲစရာ ရင္နင့္စရာ ျမင္ကြင္းနဲ႔ အသံေလး ေတြၾကားမွာ က်ေနာ္ စီးေမ်ာရင္း စြံ့အေနတဲ့အခ်ိန္မွာ “ကဲဘာသမီးရယ္… အေမ ရင္ခြင္ထဲမွာဘဲေနေတာ့ေနာ္”

မိခင္ျဖစ္သူမွ ခေလးအနားျပန္သြားရင္း “အေမဘာ ဘဲျဖစ္ျဖစ္ အေမ့ကိုပါ ေရာဂါကူးခ်င္ ကူးပါေစေတာ့ဆရာမ ေတြကို ေျပာၿပီးသမီးေလးနဲ႔အတူ အေမေဘးမွာ ရွိေနေပးမယ္ေနာ္”တဲ့

ဒိထက္ေၾကကြဲ ေသပြဲေတြနဲ႔ခြဲခြာ ခံစားၾကရတဲ့ ပုံရိပ္ေတြဟာ ဘယ္ေလာက္ေတာင္ ျဖစ္ေနၿပီလဲဆိုတာ…

(အုန္းဟန္ အုန္းဟန္)

ဘာဘဲ ဖြစ်ဖြစ် အမေ့ ကိုပါ ကူးချင် ကူးပါ စေတော့ သမီးလေး နဲ့အတူ အမေဘေး မှာ ရှိနေပေး မယ်နော်

ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေလိုက်နာကြပါ ပတ်ဝန်းကျင် က ဘဝတွေ ခံစားကြေကွဲမှု တွေကို ကိုယ်ချင်းစာကြပါ..

“အမေ ဘာဘဲဖြစ်ဖြစ် အမေ့ကိုပါ ရောဂါကူးချင် ကူးပါစေတော့ ဆရာမ တွေကို ပြောပြီးသမီးလေးနဲ့အတူ အမေဘေးမှာ ရှိနေပေးမယ်နော်” တဲ့..

မှတ်မှတ်ရရ ၂၂.၁၀ .၂ဝရက်နေ့ ကိုဗစ်ကြောင့် ကျနော့ နှလုံးသားအရင့်အမာကြီးကို မျက်ရည်ကျအောင် ဖန်တီး လိုက်တဲ့ မေ့မရနိုင်တော့မယ့် ကြေကွဲ စရာနေ့ တနေ့ဆိုလည်း မမှားပါဘူး။

ယ္ခင် အကြိမ်တွေလိုဘဲ Q စင်တာ ကနေ ပိုးမရှိတဲ့သူဆို ပျော်ရွှင်စွာ အိမ်ပြန်ကြ ပိုးတွေ့တဲ့သူတွေဆို ဆက်လက် နေပြီး နောက်ရက်မှာ ကုသရေး စင်တာကို သွားကြရတယ်။

အဲ့နေ့မှာ ဖြစ်သွားတဲ့ဖြစ်စဉ်လေးပါ…

“အမေ! အဖေ! သမီး တယောက်ထဲ ဒီမှာ နေခဲ့ရမှာလား ဟင်” “အေးပေါ့ သမီးလေးရယ် သမီးက ပို့တွေ့လူနာဖြစ်နေတော့ ဆေးကုသခံ ရမယ်လေ သမီးလေးရဲ့” “ဟုတ်လားဟင် မေရီး ဖေရီးပြောတာ”

“သမီးလေး ဆေးကုသခံ လိုက်နော်သမီး ဘာကြောက်စရာ မဟုတ်ပါဘူး ကျန်းမာသွားရင် အမေကိုယ်တိုင် လာခေါ်မယ်နော် သမီးလေးရယ် တိတ် တိတ်”

“ဟင့်အင်း ဟင့်အင်း မလိုက် ပါရစေနဲ့ မေမေနဲ့ ဖေဖေရယ် နော် သမီးကြောက် တယ် နော် ဖေရီး”

ကြေကွဲစရာ ရင်နင့်စရာ မြင်ကွင်းနဲ့ အသံလေး တွေကြားမှာ ကျနော် စီးမျောရင်း စွံ့အနေတဲ့အချိန်မှာ “ကဲဘာသမီးရယ်… အမေ ရင်ခွင်ထဲမှာဘဲနေတော့နော်”

မိခင်ဖြစ်သူမှ ခလေးအနားပြန်သွားရင်း “အမေဘာ ဘဲဖြစ်ဖြစ် အမေ့ကိုပါ ရောဂါကူးချင် ကူးပါစေတော့ဆရာမ တွေကို ပြောပြီးသမီးလေးနဲ့အတူ အမေဘေးမှာ ရှိနေပေးမယ်နော်”တဲ့

ဒိထက်ကြေကွဲ သေပွဲတွေနဲ့ခွဲခွာ ခံစားကြရတဲ့ ပုံရိပ်တွေဟာ ဘယ်လောက်တောင် ဖြစ်နေပြီလဲဆိုတာ…

(အုန်းဟန် အုန်းဟန်)

About the author

Ms Cele

Leave a Comment