Celebrity


Written by Ms Cele





Credit:CELELUCKY

ဘာရည်ရွယ်ချက်မှမရှိဘဲ ကိုယ့်ကိုကိုယ် အန္တရာယ်ကင်းအောင် သွားခဲ့တာလို့ ဝန်ခံလိုက်တဲ့ ညီညီမောင်

ပရိသတ်ကြီးရေ ညီညီမောင်(စမ်းချောင်း) ကိုတော့ အားလုံးလည်း သိကြမယ် ထင်ပါတယ်နော်။ သူ့ကို သင်္ကြန်အတက်နေ့က စစ်ကောင်စီက သင်္ကြန်ပွဲတက်ရောက်ခဲ့တဲ့ ဓာတ်ပုံတွေကြောင့် ဒလန်လို့ သတ်မှတ်ခဲ့ကြ တာပါနော်။ ဒီပွဲကို သွားရခြင်းမှာ ဘာရည်ရွယ်ချက်မှ မရှိဘဲ ကိုယ့်ကိုကိုယ် အန္တရာယ်ကင်းအောင် သွားခဲ့တာလို့ ဝန်ခံလိုက် တာပါနော်။ ဒီပုံတွေ တက်လာတုန်း ကလည်း လွန်ခဲ့တဲ့ နှစ်နှစ်သင်္ကြန်ကပုံတွေဆိုပြီး ပြောခဲ့ပါသေးတယ်။

” ဒလံ ဒလံ လိုပြောနေရအောင် လျှာပေါ်မြက်ပေါက် သွားပါစေ ဘယ်တော့မှ ဒလံမလုပ်ဘူးဆိုတာ ပြောပြပါရစေ 😔ကိုယ်ကြောင့် မည်သူတစ်ဦး တစ်ယောက်မှ အန္တာရာယ် မကျဘူး သလို တိုင်းပြည်နဲ့ လူမျိုး ပျက်စီးအောင်လည်းတစ်ခါမှ မလုပ်ဖူးပါဘူး ပြည်သူ တစ်ဦးတစ်ယောက်ကို မှလည်း ဒုက္ခမပေးဘူးပါ ယနေ့ထက်တိုင် ဖေဖော်ဝါရီ တစ်ရက်နေ့ထည်း ကလည်းပြည်သူ နဲ့ အတူပါဝင်လှုပ်ရှား ခဲ့တာပါပဲ ဒီအချိန်မှာ ဖိတ်ရင် မသွားပဲ ဘယ်သူနေရဲမလဲ လူဆိုတာ ကိုယ်တိုင်နဖူးတွေ့ ဒူးတွေ့ တွေ မှသိကြမှာပါအခုရေးနေပြောနေသူတွေကိုလဲ မမုန်းပါဘူးချစ်ကြလို့ သူတို့ဖြစ်စေချင်သလို မတွေ့ရလို့ စိတ်ဆိုးပြီးရေးနေပြော နေကြတာပါ သု နေရာ ဝင်ကြည့်ရင်သူတို့သဘောပေါက်သွားမှာပါ ကိုယ့်အိမ်မှာ အနုပညာရှင်တွေ ကလေးတွေ ဝင်ပုန်းရင်တောင် စေတနာထား ခဲ့တာ နေဖူးသူ တွေသိပါတယ် မယုတ်မာဘူးပါဘူး။

အခုချိန်အခုအခြေနေ မှာတော့ ဘယ်သူမှ လည်းမထိခိုက်ဘူး ကိုယ်အတွက်လည်း အန္တာရာယ် မဖြစ်အောင်သွား ခဲ့တာပဲရှိပါတယ် ဘာရည်ရွယ်ချက်မှ မပါပါဘူးသု နိုင်ငံရေးလုပ် တာလည်း အမေစု ကိုချစ်လိုပါ ဘယ်ပါတီ အရောင်မှမပါပါဘူး အရာရာ စွန့်လွှတ်နိုင်တဲ့ သူမို့လေးစားတယ် ချစ်တယ် တန်ဖိုးထားတယ် 🙏🏻🙏🏻🙏🏻လူဆိုတာ ကိုယ်ကြုံဘူးမှ ကိုယ်သိကြတာပါ ကိုယ်ဝမ်းနာ ကိုယ်သာသိတာပါ နားလည်ပေးရမဲ့အစား ပုံကြီးချဲ့ပြီးလူမှုရေး တိုက်ခိုက်တာတွေတော့ စိတ်မကောင်း ဖြစ်ရပါတယ် 😔နိုင်ငံရေး နဲ့ လူမှုရေးတိုက်ခိုက်မှုခွဲခြားနိုင်ပါစေ 🙏🏻နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုအင်ဆန္ဒပြည့်ဝကြပါစေ 🙏🏻#MyanmarMakeupArtist #myanmarlgbt👸#QueenThuThu” လို့ရှင်းပြထားပါသေးတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment