Celebrity


Written by Ms Cele





Credit:YaungChi

ဘီးလင်းက သားလေးအတွက် လိုအပ်နေတဲ့ခြေတုလေးကို လှူဒါန်းခဲ့ရလို့ ဝမ်းသာပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

တစ်ချိန်က ရုပ်ရှင်နဲ ့ဗွီဒီယို လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားမှူတွေ ရရှိခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေ ကတော့ အနုပညာ အလုပ်တွေထက် ပရဟိတ အလုပ်တွေကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်လျက် ရှိပါတယ်။ယခုအချိန်ကာလမှာ စီးပွားရေးကြပ်တည်းပြီး အဆင်မပြေသူတွေကို မမိကိုယ်တိုင်တတ်နိုင်သ၍ လှူဒါန်းသလို အလှူရှင်များနဲ့လည်း ချိတ်ဆက်ကာ ကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

သူမအနေနဲ့ သူမကိုယ်တိုင်ဦးစီး တည်ထောင်ထားတဲ့ မိဘမဲ့ကလေးများ ဂေဟာကို ကြတ်မတ် ဦးစီးနေရပြီး ကျန်တဲ့ပဟရိတ အလုပ်တွေကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါတယ်။ ဒီနေ့မှာတော့ ဘီးလင်းမြို့က သားလေးတစ်ယောက် အတွက် ခြေတုကလေး ပေးလှူဖြစ်ရင်း ခြေတုလေးနဲ ့စမ်းလျှောက်ကြည့်ရင်း ပျော်နေတဲ့ သားလေးအကြောင်းကို အများပြည်သူ ပီတိဖြာ ကုသိုလ်ရစေဖို့ ပုံလေးတွေနဲ့တကွ ပြန်လည်မျှဝေလာခဲ့ပါတယ်။

“ဒီနေ့ သားလေး အတွက် ခြေတု လေး ရလို့ သွားယူဖြစ်ပါတယ်ရှင်.. သားလေးက ဘီးလင်းမြို့ကနေ ဒီထိ အဝေးကြီးလာရလို့ ပင်ပန်းနေပေမဲ့ လမ်းစမ်းလျှောက်ကြည့်ရင်း ပျော်နေပါတယ်..သားလေး အတွက် ခြေတု ကျသင့်ငွေ (350,000 ) ကို လှူပေးဖြစ်ရင်း ယနေ့ ပြုလုပ်တဲ့ ကုသိုလ်တို့အား သာဓု ခေါ်ဆိုကြရင်း ကုသိုလ် ထပ်တူ ရနိုင်ကြပါစေရှင်.🙏🙏🙏…” ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ပရိသတ်တွေ သာဓုခေါ်နိုင်အောင် မျှဝေပေး လာတာ ဖြစ်ပါတယ်။မေတ္တာရှင်မလေးလို့ ချစ်စနိုးခေါ်နေကြတဲ့ သူမရဲ့ ပရိသတ်တွေ ကတော့ ပိုပြီးလေးစား ချစ်ခင်နေကြတာ ပဲဖြစ်ပါတယ်။ ရောင်ခြည်ရဲ့ ချစ်ပရိတ်သတ်ကြီးလဲ သူမရဲ့ ကုသိုလ်တွေကို အများသူငှာ ကုသိုလ်ရစေဖို့ ပြန်လည် မျှဝေသွားကြပါအုံးနော်။

Credit:YaungChi

About the author

Ms Cele

Leave a Comment