Celebrity
Written by Ms Cele
Source: Aung Lay’s fb
ဘုရားတရား လုပ်နည်းတွေပြောပြပြီး စိတ်ဓာတ်ကျနေတယ်ဆိုတဲ့ သူ့ကို စိတ်ဓာတ် ခွန်အားတွေပေးတဲ့ ပိုင်တံခွန် အကြောင်းပြောပြ လာတဲ့ အောင်လေး
ပရိသတ်ကြီးရေ အနုပညာလောကမှာ မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် အားပေး ချစ်ခင်ကြတဲ့ သရုပ်ဆောင် ပိုင်တံခွန်နဲ့ အောင်လေးတို့ ကတော့ အောင်မြင်မှုတွေ အသီးသီးရရှိ ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ အောင်လေးတို့ကတော့ မော်ဒယ်လ်စလုပ်စဉ်ကတည်းက ခင်မင်ခဲ့ကြတာမို့ တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုအတိုင်းအတာက အရမ်းကို နက်ရှိုှု်င်းပြီး ညီအစ်ကိုသဖွယ်ရှိကြတာပဲ ဖြစ်ပါတယ်။ တစ်ယောက်လိုအပ်ချိန်တိုင်းမှာတစ်ယောက် အမြဲအသင့်ရှိနေကြတဲ့ သူငယ်ချင်းကောင်းတွေပီပီ ဒီကနေ့မှာတော့ အောင်လေးက စိတ်ဓာတ်တွေကျနေတယ်ဆိုတဲ့ သူ့ကို ဘုရားတရားလုပ်နည်းတွေပြောပြပြီး စိတ်ဓာတ်ခွန်အားတွေပေးတဲ့ ပိုင်တံခွန်အကြောင်းပြောပြလာခဲ့ပါတယ်။
“Depression တွေဝင်နေတယ်လို ့ပြောလိုက်တာ စိတ်ကိုဘယ်လိုထားပြီး ဘယ်လိုပြုမယ်နေထိုင်ရမယ် ဆိုတာရယ် အလုပ်ဘယ်လိုကြိုးစားရမယ်ဆိုတာရယ် ဘုရားတရား ဘယ်လို လုပ်ရမလဲ ဆိုတာ ရယ် အများကြီးပြောပြသွားတယ် စိတ်သက်သာပါတယ် ညီလေးရေ ကျေးဇူးအများကြီးတင်ပါတယ် တကယ်လည်းအများကြီး သင်ယူရပါတယ် တကယ်စိတ်ခွန်အားရပါတယ် မနက်ဖြန်ကစပြီး ကျမ်းမာရေးကောင်းအောင်နေပြီး အသောက်စားရှောင်ပြီး ဘုရားတရားတွေနဲအကောင်းဆုံးနေထိုင် ပါတော့မယ်.🙏” ဆိုပြီး ပိုင်တံခွန်ရဲ့ လေးစားစရာ စိတ်ထားလေး အကြောင်းကို ပြောပြလာပါတယ်။
ပိုင်တံခွန် ကတော့ စိတ်ဓာတ်ကျနေတယ်ဆိုတဲ့ သူငယ်ချင်းအောင်လေးကို ဘုရားတရား လုပ်နည်းတွေနဲ့တကွ အလုပ်မှာ ဘယ်လိုတွေကြိုးစားရမလဲ ဆိုတာကို ချွင်းချန်ထားခြင်းမရှိပဲ စေတနာထားပြောပြပေး ခဲ့တာပဲ ဖြစ်ပါတယ်။ အောင်လေးကလည်း သူငယ်ချင်းရဲ့ စေတနာစကားကို နားထောင်ပြီး အကောင်းဆုံး နေထိုင်မယ်ဆိုတော့ တကယ့်ကိုကြည်နူးစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: Aung Lay’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment