Celebrity

ဘုရားရိပ္တရားရိပ္မွာ ေအးခ်မ္းစြာနဲ႕ သာသနာ့ေဘာင္သို႕၀င္ကာ ကုုသိုလ္ယူေနတဲ့ လူရႊင္ေတာ္ၾကာစိ

Written by Ms Cele

ဘုရားရိပ္တရားရိပ္မွာ ေအးခ်မ္းစြာနဲ႕ သာသနာ့ေဘာင္သို႕၀င္ကာ ကုုသိုလ္ယူေနတဲ့ လူရႊင္ေတာ္ၾကာစိ

ပရိသတ္ႀကီးေရ 5 Starအဖြဲ႕က လူရႊင္ေတာ္ၾကာစိဟာဆိုရင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈတစ္ခုကို ရရွိပိုင္ဆိုင္ထားတဲ့ လူရႊင္ေတာ္ တစ္ေယာက္ပဲျဖစ္ပါတယ္ေနာ္။ ဟာသဉာဏ္နဲ႕ ရယ္စရာျပက္လံုးေတြကို တည္ထြင္ဖန္တီးကာ ပရိသတ္ေတြရဲ႕ရင္ကို အေမာ္ေျပေစခဲ့သူေတြျဖစ္ပါတယ္။

ၾကာစိဟာ အႏုပညာဇာတ္ခံုေပၚတြင္သာမက ႐ုပ္ရွင္နဲ႕ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာကို လည္း႐ိုက္ကူးထားကာေအာင္ျမင္ေန တာလည္းျဖစ္ပါတယ္ေနာ္။ ပရိသတ္ေတြကလည္း ၾကာစိကိုခ်စ္ခင္အားေပးၾကပါတယ္။ အႏုပညာလႈပ္ရွားမႈေတြကို အျမဲမၽွေဝေလ့ရွိတဲ့ လူရႊင္ေတာ္ၾကာစိကေတာ့ လတ္တေလာမွာလည္း သာသနာ့ေဘာင္ဝင္ေရာက္ကာ ကုသိုလ္ယူေနတာ ျဖစ္ပါတယ္။

ရဟန္းခံကာ ဆြမ္းခံႂကြေနတဲ့ ၾကစိရဲ႕ ၾကည္ႏူးဖြယ္ပံုရိပ္ေတြကို သူ႕ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာတင္ျပထားတာကို ေတြ႕ရပါတယ္ေနာ္။”ေဝဒနာ လူ အေတြး.ေလမွာႏွင္မေသခင္တုန္း..ေအးခ်မ္း သြားပါရေစ.အေဆြးသမားရယ္.ေဝဒနာ ကမၻာႀကီးရယ္ေအးခ်မ္း တဲ့ ေနရာ…မေမာတမ္းသြားမယ္..”ဆိုၿပီး ေရးသားထားပါတယ္။ဒကာ ဒကာမေတြကလည္း ဦးဇင္းၾကာစိကို ဆြမ္းေလာင္းကာကုသိုလ္ယူေနတာကိုလည္းေတြ႕ရပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source:Kyar Si’s Fb
Credit:Pay Phu Hlwar

ဘုရားရိပ်တရားရိပ်မှာ အေးချမ်းစွာနဲ့ သာသနာ့ဘောင်သို့ဝင်ကာ ကုုသိုလ်ယူနေတဲ့ လူရွှင်တော်ကြာစိ

ပရိသတ်ကြီးရေ 5 Starအဖွဲ့က လူရွှင်တော်ကြာစိဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကို ရရှိပိုင်ဆိုင်ထားတဲ့ လူရွှင်တော် တစ်ယောက်ပဲဖြစ်ပါတယ်နော်။ ဟာသဉာဏ်နဲ့ ရယ်စရာပြက်လုံးတွေကို တည်ထွင်ဖန်တီးကာ ပရိသတ်တွေရဲ့ရင်ကို အမော်ပြေစေခဲ့သူတွေဖြစ်ပါတယ်။

ကြာစိဟာ အနုပညာဇာတ်ခုံပေါ်တွင်သာမက ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို လည်းရိုက်ကူးထားကာအောင်မြင်နေ တာလည်းဖြစ်ပါတယ်နော်။ ပရိသတ်တွေကလည်း ကြာစိကိုချစ်ခင်အားပေးကြပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို အမြဲမျှဝေလေ့ရှိတဲ့ လူရွှင်တော်ကြာစိကတော့ လတ်တလောမှာလည်း သာသနာ့ဘောင်ဝင်ရောက်ကာ ကုသိုလ်ယူနေတာ ဖြစ်ပါတယ်။

ရဟန်းခံကာ ဆွမ်းခံကြွနေတဲ့ ကြစိရဲ့ ကြည်နူးဖွယ်ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ပြထားတာကို တွေ့ရပါတယ်နော်။”ဝေဒနာ လူ အတွေး.လေမှာနှင်မသေခင်တုန်း..အေးချမ်း သွားပါရစေ.အဆွေးသမားရယ်.ဝေဒနာ ကမ္ဘာကြီးရယ်အေးချမ်း တဲ့ နေရာ…မမောတမ်းသွားမယ်..”ဆိုပြီး ရေးသားထားပါတယ်။ဒကာ ဒကာမတွေကလည်း ဦးဇင်းကြာစိကို ဆွမ်းလောင်းကာကုသိုလ်ယူနေတာကိုလည်းတွေ့ရပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Kyar Si’s Fb
Credit:Pay Phu Hlwar

About the author

Ms Cele

Leave a Comment