Celebrity


Written by Ms Cele





Credit:Cele Zone

ဘုရားရှိခိုးရင်း မျက်နှာပြောင်နေတဲ့ သမီးလေးရဲ့ ချစ်စရာဗီဒီယိုလေးကို တင်ပြလိုက်တဲ့ စန္ဒီမြင့်လွင်

အနုပညာ လောကမှာ အချိန်အတော်ကြာ ရပ်တည်ထားနိုင်တဲ့ စန္ဒီမြင့်လွင်ကတော့ ယနေ့တိုင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ခပ်မိုက်မိုက်သီချင်းလေးတွေများစွာနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ပျော်ရွှင်အေးချမ်းတဲ့ မိသားစု ဘဝလေးကို ဖန်တီးထားနိုင်ခဲ့ပြီးချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ကာ သူမရဲ့ သမီးလေး ကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေး ပဲဖြစ်ပါတယ် ။ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ သူမကိုတော့ ကြည်နူးအားကျနေကြတာလည်းဖြစ်ပါတယ် ။

စန္ဒီမြင့်လွင်ကတော့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေပါမက သမီးလေးရဲ့ ချစ်စရာပုံရိပ်လေး တွေကိုလည်း အမြဲဆိုသလိုဖော်ပြလေ့ရှိ သူလေးလည်းဖြစ်ပါတယ် ။အခုလည်း သင်ပေးစရာမလိုအောင် လူကြီးတစ်ယောက်လို ဘုရားရှိခိုးနေတဲ့ သမီးလေးကိုကြည့်ပြီး သဘောတွေကျကာ ဗီဒီယိုလေးရိုက်ကာ အမှတ်တရဖော်ပြထား တာဖြစ်ပါတယ် ။တစ်နေ့တစ်မျိုးမရိုးရတဲ့ ထရက်ရှာလေးရဲ့ ပုံရိပ်လေးတွေ ဗီဒီယိုလေး တွေကို ပရိသတ်တွေက အချစ်ပိုနေရတာ လည်းဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း ထရက်ရှာလေးရဲ့ ဗီဒီယိုလေးကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit:Cele Zone
Source:Sandy Myint Lwin

About the author

Ms Cele

Leave a Comment