Celebrity


Written by Ms Cele






မင်္ဂလာပွဲပြီးတာတောင် အိမ်ကိုမပြန်သေးပဲ အကောင်းစား ဟိုတယ်ကြီး တွေမှာ အေးအေးဆေးဆေး အနားယူနေတဲ့ နိုင်းဝမ်းတို့ ဇနီးမောင်နှံ

လူငယ်ကြိုက် တေးသံရှင်တစ်ယောက်ဖြစ်တဲ့ နိုင်းဝမ်းကတော့ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရှိခဲ့သူ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်ပီပီ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင် တတ်တဲ့ နိုင်းဝမ်းကတော့ သူ့ရဲ့ နေထိုင်မှုပုံစံနဲ့ ပက်သတ်ပြီးလည်း အိမ်ထောင်ရေး ကိစ္စကအစ အကုန်လုံးကို ချပြထားတာ ဖြစ်ပါတယ်။ နိုင်းဝမ်းကတော့ သူ့ရဲ့ချစ်သူမိန်းကလေးရဲ့ နှစ်တွေ အကြာကြီးလက်တွဲခဲ့ပြီး သူ့ရဲ့ ဘဝလက်တွဲ ဖော်အဖြစ်ပါ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၉) ရက်နေ့က နှစ်ဖက်မိဘ လူကြီးတွေရှေ့မှာ မင်္ဂလာ လက်မှတ်ထိုး လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ နိုင်းဝမ်း ကတော့ သူ့ရဲ့ ပူပူနွေးနွေး ဇနီးလေးနဲ့အတူတူ မင်္ဂလာပွဲပြီးကတည်းက အိမ်ကိုမပြန်ဖြစ်သေးပဲ ဟိုတယ်တွေမှာပဲ နေဖြစ်နေတဲ့ အကြောင်းကို “ချစ်မိတ်ဆွေကြီးတွေလက်ဖွဲ့တဲ့ ဟိုတယ်တည်းခိုခွင့်လက်ဆောင်တွေနဲ့ ဟန်းနီးမွန်းပတ်ထွက်နေလို့ မင်္ဂလာပွဲပြီးကတည်းက အိမ်ကိုမပြန်ရသေးဘူး🤣🤣🤣” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။

နိုင်းဝမ်းကတော့ သူ့ရဲ့ ကြင်စဦးဇနီးမောင်နှံ ဘဝမှာ တော်တော်လေး ပျော်ရွှင်ကြည်နူးနေတာပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းတို့ ဇနီးမောင်နှံ နှစ်ယောက် အခုလိုပဲ အမြဲထာဝရ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment