Celebrity


Written by Ms Cele





Credit:Cele Zone

မင်္ဂလာသက်တမ်း ၁ဝနှစ်ပြည့် နေ့လေးမှာ အမှတ်တရ ချစ်စကားလေး ဆိုလိုက်တဲ့ အိန္ဒြာကျော်ဇင်

မင်းသမီးချောလေး အိန္ဒြာကျော်ဇင် ကတော့ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ လည်းဖြစ်ပါတယ် ။ သားသားမီးမီးလေးတွေ ကလည်း တဖြည်းဖြည်းအရွယ်ရောက်လာကာ ပိုမိုချစ်စရာကောင်းလွန်း နေတာဖြစ်ပါတယ်။ အူဝဲက ချစ်ရတဲ့ခင်ပွန်း၊သားနဲ့ သမီးလေးတို့နဲ့ အတူ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေတာပါ ။

ဒါ့အပြင် ခင်ပွန်းဖြစ်သူပြေတီဦး ကလည်း မိသားစုကိုအမြဲအရိပ် တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်တဲ့သူဖြစ်ပြီး ပရိသတ်တွေ အစ အားကျချစ်ခင်နေရတဲ့ ဆယ်လီ မိသားစုလေးလည်းဖြစ်ပါတယ် ။ လက်ရှိမှာလည်း သူတို့နှစ်ယောက်လုံးက အနုပညာ အလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင် နေတာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

ခုဆိုရင် သာယာတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ခဲ့တာ အချိန်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မင်္ဂလာသက်တမ်း ၁၀ နှစ်ပြည့်ပြီဖြစ်ကြောင်း အူဝဲက တစ်ချိန် လက်မှတ်ရေးထိုးခဲ့စဉ်က အမှတ်တရပုံလေးတွေ နဲ့အတူ “HAPPY 10TH ANNIVERSARY 87600 HOURS TOGETHER I LOVE YOU SO MUCH ” ဆိုတဲ့ ချစ်စကားလေးကို ဖော်ပြထားရာ အရမ်းချစ်စရာကောင်းလွန်း တာကြောင့် ပရိသတ်ကြီး အတွက် မျှဝေပေး လိုက်ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment