Celebrity

မဂၤလာသက္တမ္း (၇) ႏွစ္ျပည့္ေန႕ေလးမွာ အမွတ္တရစကားေလး ေျပာျပလာတဲ့ Nကိုင္ရာ

Written by Ms Cele

မဂၤလာသက္တမ္း (၇) ႏွစ္ျပည့္ေန႕ေလးမွာ အမွတ္တရစကားေလး ေျပာျပလာတဲ့ Nကိုင္ရာ

ပရိသတ္ႀကီးေရ အဆို ေတာ္ Nကိုင္ရာ ကေတာ့ ခင္ပြန္း ျဖစ္သူ ကိုဘုန္းေအာင္ နဲ႔ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ (၁၄) ရက္ေန႔မွာ မဂၤလာသက္တမ္း (၇) ႏွစ္ျပည့္ ခဲ့ၿပီလို႔ သိရပါတယ္။ မဂၤလာသက္တမ္း အမွတ္တရေန႔ေလး အတြက္ Nကိုင္ရာက အခုလို ေျပာခဲ့ပါတယ္။

” ဒီဘီးၾကဲနဲ႔ ဆုံခဲ့တာ ၉ႏွစ္၊ ဒီဘီးၾကဲနဲ႔ ဘဝတစ္ခု စခဲ့တာ ၇ႏွစ္၊ အခ်ိန္ေတြက ျမန္လိုက္တာဆိုၿပီး ၾကည့္လိုက္ရင္ အသဲပုတူး ႏွစ္ေယာက္ေတာင္ ရွိေနၿပီ။ ေရွ႕ဆက္ဖို႔အတြက္…. fighting ပါ ေယာင္ပူး. Happy Anni” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၄ ရက္ေန႔ ည ၇နာရီက သူ႔ရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

N ကိုင္ရာဟာ ” မေဝးတဲ့ ခ်စ္ျခင္း” ၊ ” သိမ္းထားခြင့္” ၊ ” ကိုယ္မညာေတာ့ဘူး” ဆိုတဲ့ သီခ်င္းေလးေတြနဲ႔ ဂီတ ေလာကမွာ ေအာင္ျမင္မႈ ရရွိခဲ့တဲ့ အဆိုေတာ္ တစ္ဦးျဖစ္ ပါတယ္။ အခ်စ္သီခ်င္းေအး ေအးေလးေတြ ကိုသာ အျမဲတမ္း သီဆိုတတ္တဲ့သူ ျဖစ္တာေၾကာင့္ မိန္းကေလး ပရိသတ္အမ်ားဆုံး ရရွိထားတဲ့ အမ်ိဳးသမီး အဆိုေတာ္ေတြထဲက တစ္ဦး အပါအဝင္ဆိုလည္း မမွားပါဘူး။ အခုဆိုရင္ေတာ့ သူမဟာ ဂီတသက္တမ္း (၁၀) ႏွစ္ရွိၿပီျဖစ္ပါတယ္။

N ကိုင္ရာဟာ ခင္ပြန္းျဖစ္သူ ကိုဘုန္းေအာင္နဲ႔ ခ်စ္သူ သက္တမ္း (၂) ႏွစ္အၾကာမွာ လက္ထပ္ခဲ့ တာျဖစ္ပါတယ္။၂၀၁၄ ခုႏွစ္ မွာေတာ့ သူတို႔ ႏွစ္ဦးဟာ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္ဘုရားေက်ာင္းမွာပဲ ကခ်င္ရိုးရာ အတိုင္း မဂၤလာေဆာင္ ခဲ့ၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ အသက္ (၄) ႏွစ္ေက်ာ္အရြယ္ သားေလးနဲ႔ ၂ ႏွစ္ေက်ာ္ အရြယ္ သမီးေလး တစ္ဦးကို ပိုင္ဆိုင္ထားရင္း ေပ်ာ္စရာေကာင္းတဲ့ မိသားစု ဘဝေလးကို ျဖတ္သန္းေနတာ ေတြ႕ရပါတယ္။ ဂီတအလုပ္ေတြနဲ႔ အနည္းငယ္ ေဝးကြာေနၿပီျဖစ္တဲ့ N ကိုင္ရာ ကိုေတာ့ အခုခ်ိန္ထိ အားေပးတဲ့ ပရိသတ္ေတြ ကလည္း အမ်ားႀကီး ရွိလို႔ေနပါတယ္။

ခရက္ဒစ္:ဆယ္လီရပ္ကြက္

မင်္ဂလာသက်တမ်း (၇) နှစ်ပြည့်နေ့လေးမှာ အမှတ်တရစကားလေး ပြောပြလာတဲ့ Nကိုင်ရာ

ပရိသတ်ကြီးရေ အဆို တော် Nကိုင်ရာ ကတော့ ခင်ပွန်း ဖြစ်သူ ကိုဘုန်းအောင် နဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှာ မင်္ဂလာသက်တမ်း (၇) နှစ်ပြည့် ခဲ့ပြီလို့ သိရပါတယ်။ မင်္ဂလာသက်တမ်း အမှတ်တရနေ့လေး အတွက် Nကိုင်ရာက အခုလို ပြောခဲ့ပါတယ်။

” ဒီဘီးကြဲနဲ့ ဆုံခဲ့တာ ၉နှစ်၊ ဒီဘီးကြဲနဲ့ ဘဝတစ်ခု စခဲ့တာ ရနှစ်၊ အချိန်တွေက မြန်လိုက်တာဆိုပြီး ကြည့်လိုက်ရင် အသဲပုတူး နှစ်ယောက်တောင် ရှိနေပြီ။ ရှေ့ဆက်ဖို့အတွက်…. fighting ပါ ယောင်ပူး. Happy Anni” ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ရနာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

N ကိုင်ရာဟာ ” မဝေးတဲ့ ချစ်ခြင်း” ၊ ” သိမ်းထားခွင့်” ၊ ” ကိုယ်မညာတော့ဘူး” ဆိုတဲ့ သီချင်းလေးတွေနဲ့ ဂီတ လောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ် ပါတယ်။ အချစ်သီချင်းအေး အေးလေးတွေ ကိုသာ အမြဲတမ်း သီဆိုတတ်တဲ့သူ ဖြစ်တာကြောင့် မိန်းကလေး ပရိသတ်အများဆုံး ရရှိထားတဲ့ အမျိုးသမီး အဆိုတော်တွေထဲက တစ်ဦး အပါအဝင်ဆိုလည်း မမှားပါဘူး။ အခုဆိုရင်တော့ သူမဟာ ဂီတသက်တမ်း (၁၀) နှစ်ရှိပြီဖြစ်ပါတယ်။

N ကိုင်ရာဟာ ခင်ပွန်းဖြစ်သူ ကိုဘုန်းအောင်နဲ့ ချစ်သူ သက်တမ်း (၂) နှစ်အကြာမှာ လက်ထပ်ခဲ့ တာဖြစ်ပါတယ်။၂၀၁၄ ခုနှစ် မှာတော့ သူတို့ နှစ်ဦးဟာ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှာပဲ ကချင်ရိုးရာ အတိုင်း မင်္ဂလာဆောင် ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အသက် (၄) နှစ်ကျော်အရွယ် သားလေးနဲ့ ၂ နှစ်ကျော် အရွယ် သမီးလေး တစ်ဦးကို ပိုင်ဆိုင်ထားရင်း ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ဖြတ်သန်းနေတာ တွေ့ရပါတယ်။ ဂီတအလုပ်တွေနဲ့ အနည်းငယ် ဝေးကွာနေပြီဖြစ်တဲ့ N ကိုင်ရာ ကိုတော့ အခုချိန်ထိ အားပေးတဲ့ ပရိသတ်တွေ ကလည်း အများကြီး ရှိလို့နေပါတယ်။

ခရက်ဒစ်:ဆယ်လီရပ်ကွက်

About the author

Ms Cele

Leave a Comment