Celebrity


Written by Ms Cele






မင်္ဂလာဦး အလှူကြီး ပေးချင်လို့ ကျောက်အောင်ပါစေ လို့ ဆုတောင်း နေတဲ့ နိုင်းဝမ်း

ပရိသတ်ကြီးရေ အဆိုတော် နိုင်းဝမ်းကတော့ အနုပညာ လောကမှာ အောင်မြင် ကျော်ကြားမှုကိုရရှိနေပြီဖြစ်တဲ့ အဆိုတော် တစ်ယောက်ပဲဖြစ် ပါတယ်။ဆွဲဆောင်မှုရှိတဲ့အသံနဲ့ သီချင်းတွေကို သီဆိုနိုင်ခဲ့တဲ့ နိုင်းဝမ်းက ယခုဆိုရင်တော့ အရမ်းချစ်စရာ ကောင်းတဲ့ ချစ်သူလေးနဲ့ ဒီဇင်ဘာလမှာ လက်ထပ်တော့ မှာ ဖြစ်ပါတယ်။နိုင်းဝမ်းတို့ချစ်သူစုံတွဲလေးဟာ အရမ်းကို လိုက်ဖက်ပြီး ချစ်သူသက်တမ်း ဆယ်စုနှစ် တိုင်အောင် ရွှေလက်တွဲခဲ့ကြတာ ပဲဖြစ်ပါတယ်နော်။

နိုင်းဝမ်းက အရမ်းချစ်စရာ ကောင်းပြီး သိမ်မွေ့တဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထား ရတာကြောင့် ကျေနပ်ပီတိဖြစ်ပြီး အရမ်းကို ချစ်မဝဖြစ်နေပါတယ်။သူ့ရဲ့ချစ်သူလေးကို အမြတ်တနိုးနဲ့ တန်ဖိုးထားကာ စိန်တစ်ဆင်ဆာနဲ့ သွားရောက် တောင်းရမ်းခဲ့တာကိုလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မကြာသေးခင်လ အပိုင်းအခြားကတင်ပြခဲ့ပါသေးတယ်။

ယခုလည်း ဒီဇင်ဘာလ (၉)ရက်နေ့မှာ လက်ထပ် တော့မယ့် နိုင်းဝမ်းက”မင်္ဂလာဦး အလှူကြီးပေးချင်လို့ အားလုံးပို့သသော ဆုတောင်း မေတ္တာကြောင့် “အောင်ပါစေသား အောင်စေသားဟေ့”🙏🏻🙏🏻🙏🏻”ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားတာကိုတွေ့ရပါတယ်။နိုင်းဝမ်းဖြစ်စေချင်တဲ့ အတိုင်း ကျောက်အောင်ပြီး ကြီးကျယ်ခမ်းနားတဲ့ အလှူကြီးကို ပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါ တယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး ကိုလည်းအထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Credit:Yin Khat Pan ( Writer – TWWH )

About the author

Ms Cele

Leave a Comment