Celebrity


Written by Ms Cele





Credit:Cele Zone
Source:Moe Sithu Kyaw

မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချစ်ဇနီးလေးကို တန်ဖိုးကြီးတဲ့ ပစ္စည်းလေးတစ်ခု လက်ဆောင် ပေးလိုက်တဲ့ မိုးမိုး

ပရိသတ်ကြီးရေ ချစ်စရာသားလေးနဲ့ သမီးလေးကို လူ့လောကထဲ ခေါ်ဆောင် ပေးခဲ့တဲ့ တန်ဖိုးအထားရဆုံး ချစ်ဇနီးလေးနဲ့ လက်တွဲလာခဲ့တာ (၆) နှစ်ပြည့်ခဲ့တဲ့ နေ့မှာပဲ မိုးမိုးက ချစ်ဇနီးလေးအတွက် တန်ဖိုးကြီးစိန်လက်စွပ် တစ်ကွင်း လက်ဆောင်ပေးခဲ့ပါတယ်။ အရင်လို အလုပ်တွေ အရမ်းမကောင်းတဲ့ ကာလမှာတောင် ချစ်ဇနီးလေးကိုပေးချင်တဲ့စိတ်ကြောင့် စုဆောင်းပြီးဝယ်ပေးခဲ့တာပါ။

ဇနီးနဲ့မိသားစုကို တန်ဖိုးထားတဲ့ မိုးမိုးဟာ ဝါသနာပါတဲ့ဂီတအလုပ်ကိုလည်းလုပ်သလို ချစ်ဇနီးလေးရဲ့ လက်ရာမွန်တစ်ခုဖြစ်တဲ့ ” ဒီမှာဟော့ပေါ့ ” ကိုလည်း တတ်နိုင်သလောက် ကူညီပေးခဲ့ပါသေးတယ်။ အနုပညာအလုပ်တွေ အများကြီးမလုပ်ရပေမယ့် ရသလောက်လုပ်ရတဲ့ ဝင်ငွေလေးတွေကိုမှ ချစ်ဇနီးအတွက် လက်ဆောင်ပေးခဲ့တာပါ။

ချစ်သက်လက်ဆောင်ပေးခဲ့ပုံလေးကို ” Happy 6th Anniversary ပါ မိန်းမရေ အလုပ်အကိုင်ရှားပါးတဲ့ကြားက အနုပညာက ရတဲ့ဝင်ငွေနဲ့ လက်ဆောင်ပေး ခွင့်ရလို့ပိုပြီးပျော်ပါတယ် နောင်နှစ်ပေါင်းများစွာ အတူတူ ပျော်ကြစို့ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။ သက်ဆုံးတိုင် ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ။

Credit:Cele Zone
Source:Moe Sithu Kyaw

About the author

Ms Cele

Leave a Comment