International News

မဂၤလာ ေဆာင္ မွာ လူေတြ ကို ဖိတ္ မေကၽြးပဲ ေခြး အေကာင္ (၅၀၀)ကို ဧည့္ခံ ေကၽြးေမြး ခဲ့တဲ့ စုံတြဲ

Written by Ms Cele

မဂၤလာ ေဆာင္ မွာ လူေတြ ကို ဖိတ္ မေကၽြးပဲ ေခြး အေကာင္ (၅၀၀)ကို ဧည့္ခံ ေကၽြးေမြး ခဲ့တဲ့ စုံတြဲ

အိႏၵိယနိုင္ငံ Odisha ျပည္နယ္က Eureka နဲ႔Joanaတို႔ စုံတြဲေလးက လြန္ခဲ့ေသာ ၃ ႏွစ္ကတည္း က ဒိတ္ေနခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔ ဟာမဂၤလာေဆာင္ရင္ တစ္ခုခု အမွတ္တရေလး ျဖစ္ခ်င္ တယ္လို႔ သိရပါတယ္။

Eureka ကေတာ့ ပိုင္းေလာ့ကေန ႐ုပ္ရွင္ ဒါရိုက္တာ ျဖစ္လာသူ တစ္ဦးျဖစ္ၿပီးေတာ့ Joana ကေတာ့ သြားဆရာဝန္ တစ္ဦးပဲ ျဖစ္ပါ တယ္ေနာ္။သူတို႔ စုံတြဲေလးဟာ လမ္းေဘးက ေခြးေတြကို လိုက္ေကၽြးတာ မ်ိဳးမလုပ္ပါဘူး။

လူေတြကိုလည္း အႏၲရာယ္မရွိေစတဲ့ တိရစၧာန္ေတြ ကိုလည္း စနစ္တ က် ကယ္ဆယ္ ထားတဲ့ ေနရာကို ေရြးခ်ယ္ခဲ့ၾကပါတယ္။စည္းကမ္းတက်နဲ႔ဘဲ Animal shelter သြားၿပီးေတာ့ ကယ္ဆယ္ထားတဲ့ ေခြးအေကာင္ ၅၀၀ အတြက္ကို

ေဆးပစၥည္းေတြနဲ႔ ထမင္းနဲ႔ ဟင္းကို ပရိုတိန္းျပည့္ဝၿပီး အရသာရွိေအာင္ ေသခ်ာစီစဥ္ၿပီး လႉဒါန္း ခဲ့ၾကတာျဖစ္ပါတယ္။သူတို႔ ကေတာ့ ေငြစုၿပီး အလႉလုပ္ဖို႔ စီစဥ္ထားေပမယ့္လည္း ကိုဗစ္ ျဖစ္လိုက္တာေၾကာင့္ လက္ထဲမွာ ေငြမက်န္သေလာက္ ျဖစ္သြားတာပါ။

ဒါ ေပမယ့္လည္း ဘဏ္ကေနေခ်းေငြယူၿပီးေတာ့ သူတို႔လႉဖို႔ ဆုံးျဖတ္ထားတဲ့ Animal Shelter ကိုသြားၿပီး လႉခဲ့ၾကတာဘဲ ျဖစ္ပါတယ္ေနာ္။သူတို႔ဟာ မဂၤလာပြဲအတြက္ကို ဘာမွအေထြအထူး မစီစဥ္ခဲ့ပဲ သတို႔ သမီး Joana က

သတို႔သား Eureka ရဲ့ အေမ မဂၤလာေဆာင္တုန္းက ဆာရီကိုပဲ ျပန္ဝတ္ခဲ့ ပါတယ္ေနာ္။ အဲ့ဒီအတြက္ သတို႔သား Eureka ရဲ့ ကင္ဆာနဲ႔ ေသဆုံးသြားတဲ့ အေမ အတြက္ အမွတ္တရ ျဖစ္ေစခဲ့ပါတယ္။မဂၤလာပြဲအတြက္

Animal Shelter ကို ႏွစ္ရက္ေစာၿပီးသြားလႉခဲ့ကာ စက္တင္ဘာ ၂၅ ရက္ေန႔မွာ ဟိႏၵဴ ဘုရားေက်ာင္းေလးမွာပဲ လက္ထပ္ခဲ့ကာ Animal Shelter ကို သြားၿပီး ေကၽြးေမြးခဲ့ၾကတယ္လို႔ သိရပါတယ္ေနာ္။ Source ; Richard Myo Thant

မင်္ဂလာ ဆောင် မှာ လူတွေ ကို ဖိတ် မကျွေးပဲ ခွေး အကောင် (၅၀၀)ကို ဧည့်ခံ ကျွေးမွေး ခဲ့တဲ့ စုံတွဲ

အိန္ဒိယနိုင်ငံ Odisha ပြည်နယ်က Eureka နဲ့Joanaတို့ စုံတွဲလေးက လွန်ခဲ့သော ၃ နှစ်ကတည်း က ဒိတ်နေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ ဟာမင်္ဂလာဆောင်ရင် တစ်ခုခု အမှတ်တရလေး ဖြစ်ချင် တယ်လို့ သိရပါတယ်။

Eureka ကတော့ ပိုင်းလော့ကနေ ရုပ်ရှင် ဒါရိုက်တာ ဖြစ်လာသူ တစ်ဦးဖြစ်ပြီးတော့ Joana ကတော့ သွားဆရာဝန် တစ်ဦးပဲ ဖြစ်ပါ တယ်နော်။သူတို့ စုံတွဲလေးဟာ လမ်းဘေးက ခွေးတွေကို လိုက်ကျွေးတာ မျိုးမလုပ်ပါဘူး။

လူတွေကိုလည်း အန္တရာယ်မရှိစေတဲ့ တိရစ္ဆာန်တွေ ကိုလည်း စနစ်တ ကျ ကယ်ဆယ် ထားတဲ့ နေရာကို ရွေးချယ်ခဲ့ကြပါတယ်။စည်းကမ်းတကျနဲ့ဘဲ Animal shelter သွားပြီးတော့ ကယ်ဆယ်ထားတဲ့ ခွေးအကောင် ၅၀၀ အတွက်ကို

ဆေးပစ္စည်းတွေနဲ့ ထမင်းနဲ့ ဟင်းကို ပရိုတိန်းပြည့်ဝပြီး အရသာရှိအောင် သေချာစီစဉ်ပြီး လှူဒါန်း ခဲ့ကြတာဖြစ်ပါတယ်။သူတို့ ကတော့ ငွေစုပြီး အလှူလုပ်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ် ဖြစ်လိုက်တာကြောင့် လက်ထဲမှာ ငွေမကျန်သလောက် ဖြစ်သွားတာပါ။

ဒါ ပေမယ့်လည်း ဘဏ်ကနေချေးငွေယူပြီးတော့ သူတို့လှူဖို့ ဆုံးဖြတ်ထားတဲ့ Animal Shelter ကိုသွားပြီး လှူခဲ့ကြတာဘဲ ဖြစ်ပါတယ်နော်။သူတို့ဟာ မင်္ဂလာပွဲအတွက်ကို ဘာမှအထွေအထူး မစီစဉ်ခဲ့ပဲ သတို့ သမီး Joana က

သတို့သား Eureka ရဲ့ အမေ မင်္ဂလာဆောင်တုန်းက ဆာရီကိုပဲ ပြန်ဝတ်ခဲ့ ပါတယ်နော်။ အဲ့ဒီအတွက် သတို့သား Eureka ရဲ့ ကင်ဆာနဲ့ သေဆုံးသွားတဲ့ အမေ အတွက် အမှတ်တရ ဖြစ်စေခဲ့ပါတယ်။မင်္ဂလာပွဲအတွက်

Animal Shelter ကို နှစ်ရက်စောပြီးသွားလှူခဲ့ကာ စက်တင်ဘာ ၂၅ ရက်နေ့မှာ ဟိန္ဒူ ဘုရားကျောင်းလေးမှာပဲ လက်ထပ်ခဲ့ကာ Animal Shelter ကို သွားပြီး ကျွေးမွေးခဲ့ကြတယ်လို့ သိရပါတယ်နော်။ Source ; Richard Myo Thant

About the author

Ms Cele

Leave a Comment