Local News

မငို ပါနဲ႔ အဖိုး နဲ႔ အဖြား ရယ္ ဆိုေတာ့ ဝမ္းသာ လို႔ က် တဲ့ မ်က္ ရည္ ပါ တဲ့

Written by Ms Cele

မငို ပါနဲ႔ အဖိုး နဲ႔ အဖြား ရယ္ ဆိုေတာ့ ဝမ္းသာ လို႔ က် တဲ့ မ်က္ ရည္ ပါ တဲ့

က်ေနာ္တို႔ေၾကာင့္ ႏွမ္းတေစ့ ေလာက္ အေထာက္ အကူဖစ္သြားရင္ အဆင္ေျပသြားတယ္ ဆိုရင္ ေပ်ာ္ရြင္သြား ဆိုရင္ ဒါဟာ က်ေနာ္တို႔ လိုခ်င္တဲ့ မက္ေမာတဲ့ ပီတိပါ ။ ေပ်ာ္လို႔ မ်က္ရည္က်တယ္ ဆိုေပမဲ့ ဝမ္းနည္းျခင္းနဲ႔ ဝမ္းသာျခင္းကေရာ ယွက္ေနပါတယ္။ အဆင္မေျပတဲ့ဘဝ ေတြကို ၾကည့္ရင္းလဲ က်ေနာ္တို႔ေတြအျမဲစိတ္မေကာင္း ျဖစ္ရပါတယ္။

ပထမနဲ႔ဒုတိယပုံ ထဲက အဖိုးနဲ႔အဖြားက ဒဂုံဆိပ္ကမ္း ၆၁ရပ္ကြက္မွာေနပါတယ္ မေန႔က က်ေနာ့္ရဲ့ မက္ဆင္ဂ်ာ က ေန အကူညီေတာင္းလာတာပါ။ ရပ္ကြက္ ထဲကေန အဖိုးနဲ႔အဖြားအတြက္ အကူညီလွမ္းေတာင္းတာပါဆိုေတာ့ က်ေနာ္ ဒီေန႔သြားၾကည့္ ဖစ္ခဲ့တယ္။ အဖိုးနဲ႔အဖြားက အသက္၈၀ေက်ာ္ပါၿပီ။ အဖိုး ကလဲ က်န္းမာေရး သိပ္မေကာင္းသလို အဖြားကလဲ ေလျဖတ္ေနတာ ၾကာပါၿပီ။အဖြား က်ေနာ္ အဖြားအတြက္ ဆန္ နဲ႔ အျခားစားစရာေတြလာလႉပါတယ္၊ အဖြားသုံးဖို႔ဆိုၿပီး ေငြနဲနဲကန္ေတာ့ေတာ့ အဖြားက မပီမသနဲ႔ ဆုေတြေပးရင္း မ်က္ရည္ေတြက်လာတယ္။

မငိုပါနဲ႔အဖြားရယ္ ဆိုေတာ့ ဝမ္းသာ လို႔ပါ သားရယ္ဆိုၿပီး တုန္တုန္ရီရီနဲ႔ ျပန္ေျပာရင္း အဖိုးဘက္ကို လွည့္ၾကည္ ေတာ့ အဖိုးကလဲ မ်က္ရည္ေတြနဲ႔ က်ေနာ္ထပ္ လာၾကည့္ပါဦးမယ္လို႔ အဖိုးနဲ႔ အဖြားကို ေျပာရင္း အျခားအိမ္ေတြဆီ ဆက္လာခဲ့ေပမဲ့ အဖိုးနဲ႔ အဖြား အဆင္ေျပပါေစလို႔ ရင္ထဲတဖြဖြ ဆုေတာင္း ေနမိတယ္။ တတိယပုံထဲက အဘက ေတာင္ဒဂုံ ၁၀၅ရပ္ကြက္မွာေနပါတယ္။ မိန္းမက ပလုံ(ပုလင္း/ဗူး)ေကာက္ရင္း ေယာက္်ားျဖစ္သူကေတာ့ ေလျဖတ္ေနတာပါ။ ထိုကဲ့သို အခက္အခဲ ျဖစ္ေနတဲ့ ေဝဒနာရွင္ေတြ၊ ကင္ဆာေဝဒနာ သည္ေတြ၊ နလုံးအစို႔ရွင္က်ယ္လို႔ ေသြးအန္ေနသူေတြ ၊သက္ႀကီးဘိုးဘြားေတြအ မ်ားႀကီးရွီပါတယ္။

က်ေနာ္တို႔ရဲ့ အလႉဒါနေတြ တကယ္လိုအပ္တဲ့သူေတြ ရရွီသြားတာ ဝမ္းသာရပါတယ္။ မိမိထက္ ခက္ခဲေနတဲ့ဘဝေတြကို သတိရေပး ပါ။ ကူညီေပးၾကပါ။ က်ေနာ္တို႔ အတူတူ ေဖးမရင္း ကူညီရင္း ဒီေရာဂါႀကီးကို ေက်ာ္လႊားနိုင္မွာပါ ။ ယေန႔ထက္မနက္ျဖန္ပို အက်ိဳးျပဳနိုင္ေအာင္ ႀကိဳးစားပါဦးမယ္။ (ပုံမ်ားနဲ႔မ်က္နာေဖာ္ျပခြင့္ကို ေတာင္းခံၿပီးမွတင္ျခင္းဖစ္သည္။)

ေလးစားစြာျဖင့္
ျပည္သူသို႔မၽွေဝျခင္းအဖြဲ႕သားမ်ား

မငို ပါနဲ့ အဖိုး နဲ့ အဖွား ရယ် ဆိုတော့ ဝမ်းသာ လို့ ကျ တဲ့ မျက် ရည် ပါ တဲ့

ကျနော်တို့ကြောင့် နှမ်းတစေ့ လောက် အထောက် အကူဖစ်သွားရင် အဆင်ပြေသွားတယ် ဆိုရင် ပျော်ရွင်သွား ဆိုရင် ဒါဟာ ကျနော်တို့ လိုချင်တဲ့ မက်မောတဲ့ ပီတိပါ ။ ပျော်လို့ မျက်ရည်ကျတယ် ဆိုပေမဲ့ ဝမ်းနည်းခြင်းနဲ့ ဝမ်းသာခြင်းကရော ယှက်နေပါတယ်။ အဆင်မပြေတဲ့ဘဝ တွေကို ကြည့်ရင်းလဲ ကျနော်တို့တွေအမြဲစိတ်မကောင်း ဖြစ်ရပါတယ်။

ပထမနဲ့ဒုတိယပုံ ထဲက အဖိုးနဲ့အဖွားက ဒဂုံဆိပ်ကမ်း ၆၁ရပ်ကွက်မှာနေပါတယ် မနေ့က ကျနော့်ရဲ့ မက်ဆင်ဂျာ က နေ အကူညီတောင်းလာတာပါ။ ရပ်ကွက် ထဲကနေ အဖိုးနဲ့အဖွားအတွက် အကူညီလှမ်းတောင်းတာပါဆိုတော့ ကျနော် ဒီနေ့သွားကြည့် ဖစ်ခဲ့တယ်။ အဖိုးနဲ့အဖွားက အသက်၈ဝကျော်ပါပြီ။ အဖိုး ကလဲ ကျန်းမာရေး သိပ်မကောင်းသလို အဖွားကလဲ လေဖြတ်နေတာ ကြာပါပြီ။အဖွား ကျနော် အဖွားအတွက် ဆန် နဲ့ အခြားစားစရာတွေလာလှူပါတယ်၊ အဖွားသုံးဖို့ဆိုပြီး ငွေနဲနဲကန်တော့တော့ အဖွားက မပီမသနဲ့ ဆုတွေပေးရင်း မျက်ရည်တွေကျလာတယ်။

မငိုပါနဲ့အဖွားရယ် ဆိုတော့ ဝမ်းသာ လို့ပါ သားရယ်ဆိုပြီး တုန်တုန်ရီရီနဲ့ ပြန်ပြောရင်း အဖိုးဘက်ကို လှည့်ကြည် တော့ အဖိုးကလဲ မျက်ရည်တွေနဲ့ ကျနော်ထပ် လာကြည့်ပါဦးမယ်လို့ အဖိုးနဲ့ အဖွားကို ပြောရင်း အခြားအိမ်တွေဆီ ဆက်လာခဲ့ပေမဲ့ အဖိုးနဲ့ အဖွား အဆင်ပြေပါစေလို့ ရင်ထဲတဖွဖွ ဆုတောင်း နေမိတယ်။ တတိယပုံထဲက အဘက တောင်ဒဂုံ ၁၀၅ရပ်ကွက်မှာနေပါတယ်။ မိန်းမက ပလုံ(ပုလင်း/ဗူး)ကောက်ရင်း ယောက်ျားဖြစ်သူကတော့ လေဖြတ်နေတာပါ။ ထိုကဲ့သို အခက်အခဲ ဖြစ်နေတဲ့ ဝေဒနာရှင်တွေ၊ ကင်ဆာဝေဒနာ သည်တွေ၊ နလုံးအစို့ရှင်ကျယ်လို့ သွေးအန်နေသူတွေ ၊သက်ကြီးဘိုးဘွားတွေအ များကြီးရှီပါတယ်။

ကျနော်တို့ရဲ့ အလှူဒါနတွေ တကယ်လိုအပ်တဲ့သူတွေ ရရှီသွားတာ ဝမ်းသာရပါတယ်။ မိမိထက် ခက်ခဲနေတဲ့ဘဝတွေကို သတိရပေး ပါ။ ကူညီပေးကြပါ။ ကျနော်တို့ အတူတူ ဖေးမရင်း ကူညီရင်း ဒီရောဂါကြီးကို ကျော်လွှားနိုင်မှာပါ ။ ယနေ့ထက်မနက်ဖြန်ပို အကျိုးပြုနိုင်အောင် ကြိုးစားပါဦးမယ်။ (ပုံများနဲ့မျက်နာဖော်ပြခွင့်ကို တောင်းခံပြီးမှတင်ခြင်းဖစ်သည်။)

လေးစားစွာဖြင့်
ပြည်သူသို့မျှဝေခြင်းအဖွဲ့သားများ

About the author

Ms Cele

Leave a Comment