Celebrity
Written by Ms Cele
Credit:CELELUCKY
မင်းသမီးတစ်ဦးအား အဘတွေကို တောင်းပန်ရင် အပြစ်က လွတ်လောက်တယ်ဆိုပြီး ပြောခဲ့တဲ့အကြောင်းကို ပြန်လည်ဖြေရှင်းလိုက်တဲ့ မိုးယံဇွန်
ပရိသတ်ကြီးရေ မိုးယံဇွန်ကတော့ PPP အမတ် ကျော်ဇေယျရဲ့ သားဖြစ်တာကြောင့် ဖခင်နဲ့နည်းတူ တော်လှန်ရေးပါဝင်သူများကို လိုက်ပြီး တိုက်ခိုက် နေတာပါနော်။ အနုပညာအသိုင်းဝိုင်းက တစ်ယောက်ကတော့ မိုးယံဇွန်ဟာ မင်းသမီးတစ်ဦးအား အဘတွေကို တောင်းပန်ရင် အပြစ်က လွတ်လောက်တယ်ဆိုပြီး ပြောခဲ့တဲ့အကြောင်း သူ့ရဲ့အကောင့်မှာ တင်ခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးယံဇွန်ရဲ့ ဖြေရှင်းချက်ကတော့ ” ပုဂ္ဂိုလ်ရေးအရ ခင်ဗျားနဲ့ကျွန်တော် တစ်ခါမှ စော်ကားမှုတွေ ရန်ငြိုးတွေလည်း မရှိပါဘူး ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ အခုလိုနာမည် တပ်ပီးရေးရတာလဲ???ခင်ဗျား ကိုအတိအကျပြောတယ်ဆိုတဲ့ သူကဘယ်သူလဲ???ဘယ်ကကောင်/မလဲ???ကျွန်တော်က ပြောတယ်ဆိုတဲ့ မင်းသမီး???ဘယ်မင်းသမီးလဲ? ဘယ်ကမင်းသမီးလဲ?အဘတွေ ဆိုတာကရောဘယ်ကလဲ???ဘယ်နားက အဘတွေလဲ???သိချင်လွန်းလို့ အတိအကျမြန်မြန်လေးရှင်းပေးပါ !!!!!ခင်ဗျားsmsမှာပြန်ပြော ထားတဲ့အတိုင်း အမြန်ဆုံးရှင်းပေးပါ !!!!!(ခင်ဗျားနဲ့ အနုပညာအလုပ်တစ်ခုကိုအတူလုပ်ခဲ့ဖူးလို့ စေတနာနဲ့ အကြံပေးလိုက်မယ်အခုလိုမျိုး ကျွန်တော်မှ မဟုတ်ဘူးသူတစ်ဖက်သားကို အခြေအမြစ်မရှိ သက်သေအတိအကျမရှိပဲ social media မှာပုဂ္ဂိုလ်ရေးတိုက်ခိုက်ပီး အပင်ပန်းခံ​$ဖောင်းထု အာချောင်နေမယ့် အစားအခု ခင်ဗျားကိုယ်တိုင်ကြုံတွေ့ခံစားနေရတဲ့သောကဒုက္ခ အန္တရယ်ဘေးကနေကင်းလွတ် အောင် အတွက်ပဲအပင်ပန်းခံတာ ပိုပီးအကျိုးရှိမယ်ထင်တယ်)” လို့ ရေးသားပြီး ရှင်းထားတာပါ။
တစ်ဖက်ကလည်း ” မိုးယံဇွန် မ​နေ့ညက ဖုန်းဆက်တယ်။ ဒလန်ဖြစ်​နေမှာစိုးလို့ ကျွန်​တော် မကိုင်​တော့ SMS ပို့ပြီးကျွန်​တော် မ​နေ့​နေ့လည်က​ status တင်ထားသလို သူဘယ်မင်းသမီး ကိုမှ “​အဘ​တွေကိုတောင်းပန်လိုက်ပါ။ သူတို့က​ခေတ် အဆက်ဆက်နိုင်​နေကျပါ” ဆိုတဲ့စကားမ​ပြောဖူးပါဘူးလို့​ပြောတယ်။ ဒီကိစ္စကို​ဖြေရှင်း​ပေးပါ။ သူ့ဘက်ကလုံးဝ မ​​ပြောခဲ့ဘူးချည်းပဲ​ပြောတယ်။ မ​ဖြေရှင်း​ပေးရင် အသ​ရေဖျက်မှုနဲ့ တရားစွဲမယ်။
က​လေး​တွေ ​သေဒါဏ်ကျခံ​နေရတဲ့ အချိန်မှာ အသ​ရေဖျက်မှု ​လောက်ကို ကျွန်​တော်မ​​ကြောက်​ပါဘူး။ ဒါ​ပေမယ့် ကျွန်​တော်ကြားလာတာကို source ​ဖော်ပြီး မ​ဖြေရှင်းချင်ဘူး။ ​ဟိုမှာက သူ့အပူနဲ့သူ။ ကျွန်​တော်လျှာရှည်လို့ ဒုက္ခပိုမ​ရောက်​စေချင်ပါ။ အဲဒီ​တော့ ကျွန်​တော်​ပြောခဲ့တဲ့ စကားအတွက် ကျွန်​တော် တာဝန်ယူပါတယ်။ အဲဒီ status ဟာဘယ်သူနဲ့မှ မဆိုင်ပဲကျွန်​တော် တစ်​ယောက်တည်းနဲ့ပဲ ဆိုင်ပါတယ်။ ​source မ​ဖော်ပြနိုင်တဲ့ အထက်ပါစွပ်စွဲချက်အတွက် ကျွန်​တော် တစ်​ယောက်တည်းက ကာယကံရှင်အားတောင်းပန်ပါတယ်။
ဒါ​ပေမယ့် boycott လုပ်မယ်ဆိုတဲ့ စကားအတွက်​တော့ မ​တောင်းပန်နိုင်ပါ။ တစ်သက်လုံး boycott ပါ။ ကိုယ့်မင်းသား မင်းသမီး​တွေထွက်​ပြေး​နေရချိန်မှာ ​MWD မှာ​ဖျော်​ဖြေ​ရေးလုပ်​နေတဲ့ မင်းသားနဲ့ ​နောက်​နောင်ဘယ်​တော့မှအလုပ်တွဲ မလုပ်နိုင်ပါ။” တိတိကျကျပြန်ပြောထားတာပါနော်။
Credit:CELELUCKY
About the author
Ms Cele
Leave a Comment